ပျိုမေလေးတို့ရေ မင်္ဂလာပါနော်။ စာဖတ်သူပျိုမေလေးတွေထဲမှာ လက်သည်းလေးတွေကို အရှည်ထားပြီး လက်သည်းနီဒီဇိုင်းအမျိုးမျိုးဖော်ရတာ ကြိုက်နှစ်သက်တဲ့ ပျိုမေလေးတွေ ရှိမှာပဲနော်။ အဲ့ဒီပျိုမေလေးတွေအတွက် ဒီဇိုင်းဆန်းဆန်းလေးတွေလည်းပါသလို၊ ချစ်စရာကောင်းပြီး လှပတဲ့ လက်သည်းနီဒီဇိုင်းလေးတွေကို ဝေမျှပေးလိုက်တယ်နော်။

ဆိုင်မှာ လက်သည်းနီသွားဆိုးတိုင်း ပျိုမေတိုင်းကြုံတွေ့ရတဲ့ ပြဿနာကတော့ ကတ်တလော့ထဲမှာ ကိုယ်ကြိုက်တဲ့ဒီဇိုင်း မတွေ့လို့ ရွေးချယ်ရခက်တတ်တာပါပဲ။ ဒါ့ကြောင့် အိမ်မှာပဲ တစ်ခါတည်းရွေးလို့ရအောင် အတူတူဆက်ကြည့်လိုက်ရအောင်နော်။

အဖြူရောင်ကြိုက်နှစ်သက်တဲ့ ပျိုမေလေးတွေအတွက် လက်သည်းနီအဖြူခံပေါ်မှာ ပုံဖော်လို့ရတဲ့ လက်သည်းနီဒီဇိုင်းများ

ဒါကတော့ ပန်းပွင့်ပုံလက်သည်းဒီဇိုင်းလေးတွေပါ

ချစ်စရာကောင်းတဲ့ ဆင်ရုပ်လေး

ရွှေဖရုံသီးလက်သည်းဒီဇိုင်း

အပြာရောင်ကိုမှ မိုးပြာရောင်နဲ့ နက်ပြာရောင်လက်သည်းဒီဇိုင်းများ

ချစ်စရာကောင်းတဲ့ အစက်အပျောက်လေးတွေကို အရောင်နှစ်မျိုး၊ သုံးမျိုးလောက်ဆိုးကြည့်ပါ။ ရိုးရိုးလေးနဲ့လှနေမှာ အမှန်ပဲပေါ့။

မိန်းကလေးတွေရဲ့စိတ်က သိပ်ကိုအပြောင်းအလဲမြန်တတ်ကြတာပါ။ တစ်ခါတလေကျ လူကြီးဆန်ဆန်လေးနဲ့ အိန္ဒြေကြီးတစ်ခွဲသားနဲ့ နေတတ်သလို၊ တစ်ခါတလေကျ ကလေးဆန်ဆန်လေးနဲ့ နွဲ့ဆိုးဆိုးချင်ကြတာပါ။ တည်တည်ငြိမ်ငြိမ်လေးနဲ့ လှနေစေမယ့် လက်သည်းနီဒီဇိုင်းလေးတွေကို ဖော်ပြပြီးသွားပြီဆိုတော့ ဒီတစ်ခါကျ ကလေးဆန်ဆန်လေးနဲ့ ချစ်ဖို့ကောင်းတဲ့ လက်သည်းနီဒီဇိုင်းလေးတွေကို ဝေမျှပေးဖို့ အလှည့်ရောက်လာပြီနော်။

မစ်ကီးမောက်စ်ကြိုက်တဲ့ မမတွေ၊ ညီမလေးတွေအတွက် လက်သည်းနီဒီဇိုင်းများ

ချစ်စရာကောင်းတဲ့ ကာတွန်းပုံလက်သည်းနီဒီဇိုင်းများ

ကဲ… ဘယ်လိုလဲ ပျိုမေလေးတို့ရေ၊ အခုချက်ချင်းဆိုးထားတဲ့ လက်သည်းနီကို ဖျက်ပြီး အသစ်ပြန်ဆိုးချင်စိတ်တွေ တဖွားဖွားပေါ်လာနေပြီမလား။ ပျိုမေတို့အကြိုက်နဲ့ ထပ်တူကျမယ်လို့ မျှော်လင့်ပါတယ်နော်။

Photo Source: Pinterest.com