ရင်ခုန်နေကြပြီလားဟင်။ အစားမလျှော့ဘဲ ဝိတ်ချမယ်ဆိုတော့ အရင်လိုပဲငါတို့ကို ဂျင်းထည့်နေတာများလာပေါ့။ မဟုတ်ပါဘူး။ လုံးဝမဟုတ်ပါဘူး။ တကယ်တော့ ပျိုမေတို့အားလုံးလိုအပ်နေတာက ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေဖယ်ရှားဖို့ပါပဲ။ သွေးတွင်းအဆီဓာတ်မရှိလေ၊ အဆိပ်အတောက်ကင်းစင်လေ ကျန်းမာကျစ်လစ်တဲ့ခန္ဓာကိုယ်မျိုးကို ပိုင်ဆိုင်နိုင်ဖို့ ရာခိုင်နှုန်းများလေပါ။

ဆိုတော့ (၁၄) ရက်ထဲနဲ့ ဘယ်လိုစားသောက်နေထိုင်ကြရမယ်ဆိုတဲ့ အသေးစိတ် Plan လေးကိုတော့ အောက်မှာပဲ ဆက်ကြည့်လိုက်ကြရအောင်ပါ။ စကားမစပ် အစားမလျှော့ရဘူးဆိုတိုင်း အရမ်းကြီးတော့ စွတ်မစားကြနဲ့ပေါ့နော်။

Source: The Cut

၁။ Day 1

ရေနွေးထဲသံပရာသီးတစ်လုံးညစ်ပြီး ပူတုန်းလေး အိပ်ယာနိုးနိုးချင်း တစ်ခွက်လောက်သောက်လိုက်ပါ။

၂။ Day 2

သံပရာသီးနှစ်လုံးညစ်ထားတဲ့ ရေနွေးပူနှစ်ခွက်ကို မနက်စာမစားခင်သောက်ပေးပါ။ အရသာကောင်းတာလေးမှသောက်ချင်တယ်ဆိုရင်တော့ ပျားရည်နည်းနည်းရောပေးလို့ရပါတယ်။

၃။ Day 3

ရေနွေးပူ (၃) ခွက်ထဲ သံပရာသီး တစ်ခွက် (၁) လုံးစိမ်ထားပြီး တစ်နေ့လုံးသောက်ပေးနေပါ။

၎။ Day 4

သံပရာသီးလေးလုံးကို ပျားရည်နည်းနည်းရောပြီး ရေနွေးထဲရောမွှေလိုက်ပါ။ ပြီးရင်တော့ (၄) ခွက်ခွဲပြီး (၂) ခွက်ကို မနက်ပိုင်းသောက်ပါ။ ကျန် (၂) ခွက်ကိုတော့ ညအိပ်ယာမဝင်ခင်သောက်ပေးပါ။

၅။ Day 5

သံပရာသီး (၅) လုံးနဲ့ ရေ (၅) ခွက်ကို ဆတူရောပြီး တစ်နေ့ (၂) ကြိမ် ခွဲသောက်ပေးပါ။

Source: koshionline.com

၆။ Day 6

သံပရာသီး (၆) လုံးနဲ့ ရေ (၆) ခွက်ကို ဆတူရောပြီး တစ်နေ့ (၃) ကြိမ် ခွဲသောက်ပါ။

၇။ Day 7

သံပရာသီး (၃) လုံးကို ရေ (၁၀) ခွက်နဲ့ရောပြီး အဲဒီအရောအနှောကို မနက်စာမစားခင်၊ နေ့လည်စာ မစားခင်နဲ့ ညစာမစားခင်တွေမှာ (၃) ကြိမ် ခွဲသောက်ပေးပါ။

၈။ Day 8

သံပရာသီး (၆) လုံးနဲ့ ရေ (၆) ခွက်ရောပြီး တစ်နေ့လုံးသောက်ပေးပါ။

၉။ Day 9

သံပုရာသီး (၅) လုံးကို ရေ (၅) ခွက်ထဲ ပျားရည်နည်းနည်းရောထည့်ပြီး သောက်ပေးပါ။

၁၀။ Day 10

သံပုရာသီး (၄) လုံးနဲ့ ရေ (၄) ခွက်ထဲ ပျားရည်နည်းနည်းရောထည့်ပြီး သောက်ပေးပါ။

Source: onlinetvnepal.com

၁၁။ Day 11

သံပရာသီး (၃) လုံးကို ရေ (၃) ခွက်နဲ့ ပျားရည်တစ်ဇွန်းရောပြီး တစ်နေ့ (၂) ကြိမ် ခွဲသောက်ပေးပါ။

၁၂။ Day 12

သံပရာသီး (၂) လုံးကို ရေ (၂) ဖန်ခွက်ရောပြီး မနက်စာမစားခင်သောက်ပေးပါ။

၁၃။ Day 13

သံပရာသီး (၁) လုံးကို ရေတစ်ဖန်ခွက်ရောပြီး မနက်စာမစားခင် သောက်ပေးပါ။

၁၄။ Day 14

သံပရာသီး (၃) လုံးကို ရေ (၁၀) ဖန်ခွက်နဲ့ ပျားရည်နည်းနည်းရောပြီး တစ်နေ့လုံးသောက်ပေးပါ။

သံပရာသီတွေနေ့တိုင်းစားနေလို့ ဝမ်းပျော့မှာ၊ အစာအိမ်မကောင်းဖြစ်မှာတွေ မစိုးရိမ်ပါနဲ့။ ဒီလောက်ပမာဏက လူ့ခန္တာကိုယ်အတွက် လိုအပ်တဲ့အချဉ်ဓာတ်နဲ့ယှဉ်ရင် ဘာမှမပြောပလောက်ပါဘူး။