မိဿရာသီဖွား (မတ်လ ၂၁ရက်မှ – ဧပြီ ၁၉ ရက်အထိ)

မိဿရာသီဖွားတွေရဲ့ ဒီနေ့စွမ်းအင်တွေက လူအများရဲ့ စိတ်ခံစားချက်တွေကို နှိုးဆွနိုင်မှာပါ။ စကားများမှုတွေ၊ အငြင်းပွားမှုတွေထဲ ၀င်မပါမိအောင် အထူးကြိုးစားပါ။ အကယ်၍ တစ်ဦးတစ်ယောက်ရဲ့ အကူအညီကိုတောင်းခံတော့မယ်ဆိုရင် နားအပြည့်ကိုကြားရမှာပါ။ ဒီနေ့အချိန်မှာ အရေးကြီးတာကတော့ စာအုပ်တစ်အုပ်နဲ့ ကိုယ်တစ်ဦးတည်းအချိန်ကုန်ဆုံးတာပါပဲ။ မနက်ဖြန်ရောက်ရင်တော့ အရာရာပြန်လည်အဆင်ပြေသွားမှာပါ။

ပြိဿရာသီဖွား (ဧပြီ ၂၀ မှ – မေ ၂၀ အထိ)

ကိုယ်ဘာလုပ်နေလဲဆိုတာကို ကိုယ်သေချာသိတယ်ဆိုတာ ဂုဏ်ယူလိုက်ပါ။ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေက သင့်ရဲ့အကူအညီ၊ အကြံဥာဏ်ကို တောင်းခံလိုလို့ လိုလိုလားလားကို ရောက်ရှိလာမှာပါ။ ဒါကိုပဲ ကိုယ့်ဖာသာအားရမကျေနပ်နေဘဲ ရှေ့လျှောက်ပညာရေးလမ်းခရးအတွက် အရှိန်ဟုန်နဲ့ ဆက်တိုးနေရမှာဖြစ်ပါတယ်။

မေထုန်ရာသီဖွား (မေ ၂၁ ရက်မှ – ဇွန် ၂၀ အထိ)

မေထုန်ရာသီဖွားအတွက် ဒီနေ့မှာတော့ ကိုယ်အချစ်ရဆုံးသူများနဲ့ အချိန်အတူကုန်ဆုံးလို့ အလွန်ကောင်းတဲ့ နေ့တစ်နေ့လေးဖြစ်ပါတယ်။ မိသားစု၊ သူငယ်ချင်းတွေနဲ့ ထမင်းလက်ဆုံစားကြပြီး စကားစမြည်ပြောဆိုပါ။ ဒါပေမယ့်လည်း ကိုယ်နဲ့ရှိသင့်တဲ့လူရှိမနေလို့ ၀မ်းနည်းနေရပြီး သူအခုဘာတွေလုပ်နေမလဲဆိုတာကို တွေးပြီး ၀မ်းနည်းတဲ့ခံစားချက်လေး ဖြစ်ပေါ်နေနိုင်ပါတယ်။ သို့သော် ကိုယ့်အနီးအနားမှာ ရှိတဲ့လူတွေအပေါ် အာရုံစိုက်ပေးပါ။ ချစ်ခြင်းမေတ္တာတွေနဲ့ ၀န်းရံခံထားရလို့ အချိန်ကြာကြီးလည်း ဒီအတိုင်းလေးရှိနေမှာပါ။

ကရကဋ်ရာသီဖွား (ဇွန် ၂၁ ရက်မှ – ဇူလိုင် ၂၂ ရက်အထိ)

အပေါင်းအသင်ခုံမင်ပြီး ပေါင်းသင်းဆက်ဆံရေးပြေပြစ်တဲ့ သူတစ်ယောက်အတွက် ဒီလိုနေ့မျိုးက သင့်ရဲ့စွမ်းအင်အတွက် အံ့အားသင့်ဖွယ်ကောင်းတဲ့ ထွက်ပေါက်တစ်ခုအနေနဲ့ ဖြည့်ဆည်းပေးမှာပါ။ ဒီနေ့မှာ မိသားစုနဲ့ အချိန်အများကြီးကုန်ဆုံးနိုင်သော်ငြားလည်း အခြားသူများနှင့်လည်း အဆက်အသွယ်ရှိနိုင်ပါတယ်။ အချို့အချိန်တွေမှာ ပတ်ဝန်းကျင်ကလူတွေ အလွန်အရေးထားရတဲ့ သူတစ်ယောက်အဖြစ် ခံစားရနိုင်လို့ ကိုယ့်ရဲ့ကံကြမ္မာကို နားလည်သဘောပေါက်ပြီး အသိအမှတ်ပြုပါ။

သိဟ်ရာသီဖွား (ဇူလိုင် ၂၃ ရက်မှ – သြဂုတ် ၂၂ ရက်အထိ)

သိဟ်ရာသီဖွားတွေရဲ့ အာရုံစူးစိုက်နိုင်မှုနဲ့ စိတ်ကူးယဉ်တွေးတောမှုတွေဟာ အမြင့်ဆုံးကို ရောက်ရှိနေမှာဖြစ်ပြီး အဆုံးမသတ်သေးသရွေး အလုပ်ဆက်လက်လုပ်ဆောင်နေမှာပါ။ ပရောဂျက်တစ်ခုကို စတင်နေပြီဆိုရင်လည်း အလုပ်လုပ်တာအလွန်အဆင်ပြေမှာဖြစ်သလို ငွေကြေးနဲ့စီးပွားရေးပါဝင်ပတ်သက်လာပြီဆိုရင် အောင်မြင်မှာအသေအချာပါ။ လမ်းခရီးကြားက ယာယီခလုတ်ကန်သင်းတွေကို အာရုံမထားဘဲ ပန်းတိုင်ကို ရောက်အောင်သွားပါ။

ကန်ရာသီဖွား (သြဂုတ် ၂၃ ရက်မှ – စက်တင်ဘာ ၂၂ ရက်အထိ)

သူငယ်ချင်း၊ မိတ်ဆွေတွေနဲ့ အတင်းအဖျင်းပြောတာကို အထူးဆင်ခြင်ပါ။ အကြောင်းအရာတစ်ခုခုကို အပြန်အလှန်ပြောပြီး ရယ်မောရတာ ပျော်စရာကောင်းပေမယ့်လည်း အကြောင်းအရာထဲက အမှန်ကပျောက်နေတယ်ဆိုတာကို ကိုယ့်ကိုယ်ကို အမြဲသတိပေးပါ။ အတင်းအဖျင်းအလွန်ပြောမိတဲ့အခါ သူငယ်ချင်းတွေက သူတို့မရှိတဲ့အချိန် သူတို့အကြောင်းဘာပြောမလဲဆိုတာကို အမြဲစဉ်းစားနေမှာပါ။ သူငယ်ချင်းပေါင်းသင်းဆက်ဆံရေးအတွက် အလွန်မကောင်းမွန်တဲ့ အကျင့်စရိုက်ဖြစ်လို့ အထူးရှောင်ကြဉ်ပါ။

တူရာသီဖွား (စက်တင်ဘာ ၂၃ ရက်မှ – အောက်တိုဘာ ၂၂ ရက်အထိ)

ဒီနေ့တစ်နေကုန် အိမ်ချည်းမကပ်လို့ အံ့အားမသင့်ပါနဲ့။ လက္ခဏာတွေရဲ့ဖော်ပြချက်အရတော့ ဈေးဝယ်ခြင်း၊ အလည်အပတ်သွားခြင်း၊ အရေးကြီးတဲ့ ညစာစားပွဲ သို့မဟုတ် ဖျော်ဖြေပွဲတွေကို တက်ရောက်နေနိုင်လို့ အပြင်သွားရမှာဖြစ်ပါတယ်။ မိသားစုအချိန်လေးကလည်း အလွန်တန်ဖိုးရှိလို့ သူငယ်ချင်းတွေခေါ်တိုင်း ရှော့ပင်ထွက်ခြင်း၊ တီဗွီကြည့်နေခြင်းတို့က အာရုံမဖျက်ပါစေနဲ့။

ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ ရက်မှ – နိုဝင်ဘာ ၂၁ ရက်အထိ)

ဗြိစ္ဆာရာသီဖွားတွေမှာ အကျိုးဖြစ်ထွန်းနိုင်တဲ့ စိတ်ကူးယဉ်ဥာဏ်စွမ်းရှိတယ်ဆိုတာကို သဘောပေါက်မှာဖြစ်ပြီး ဒီနေ့အချိန်က ထိုထူးခြားတဲ့ စွမ်းရည်ကို မီးမောင်းထိုးပြနေပါတယ်။ ကိုယ့်ရဲ့အတွေးစိတ်ကူးတွေကို ကဗျာဆန်ဆန် စာရေးခြင်း သို့မဟုတ် ပန်းချီဆွဲခြင်းလိုမျိုး ပြုလုပ်ဖို့ ဆန္ဒရှိနေမှာပါ။ အခြားသူများကို အကဲဖြတ်တဲ့အခါမှာ ကိုယ့်ရဲ့စိတ်ကူးဥာဏ်လေး ပျောက်ပျက်မသွားစေဖို့ အထူးဂရုစိုက်ပါ။

ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ ရက်မှ – ဒီဇင်ဘာ ၂၁ ရက်အထိ)

ဓနုရာသီဖွားတွေအတွက်ကတော့ ဒီနေ့ဟာ အလွန်စိတ်လှုပ်ရှားထိခိုက်ရမယ့် နေ့တစ်နေ့ဖြစ်နေပါတယ်။ ပြဿနာတွေ၊ အရှုပ်ထုပ်တွေ၊ အငြင်းပွားမှုတွထဲ ရောပါမသွားအောင် အထူးရှောင်ကြဉ်ပါ။ ဒီနေ့ကို ကိုယ့်ဖာသာတစ်ယောက်တည်း အိမ်တွင်းပုန်းနေတာဖြစ်ဖြစ်၊ ရုပ်ရှင်သွားကြည့်တာဖြစ်ဖြစ် လုပ်ချင်မိမှာပါ။ စိတ်မပူပါနဲ့၊ မနက်ဖြန်ရောက်တဲ့အခါမှာတော့ လူတိုင်းက ပြန်လည်အဆင်ပြေသွားမှာပါ။

မကရရာသီဖွား (ဒီဇင်ဘာ ၂၂ ရက်မှ – ဇန်န၀ါရီ ၁၉ ရက်အထိ)

မကရရာသီဖွားတွေကတော့ ဒီနေ့မှာ စိတ်ခံစားချက်တွေပြင်းထန်နေမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရှောင်ပြေးဖို့၊ ပြေးပုန်းရမယ်လို့ မဆိုလိုပါဘူး။ လူတွေဟာ ပုံမှန်ထက် ပွင့်လင်းလွန်းမှာဖြစ်လို့ ထိုမှတဆင့် တန်ဖိုးရှိတဲ့ သတင်းအချက်အလက်တွေကို သင်ယူလိုက်ပါ။ ပတ်ဝန်းကျင်ကအတင်းအဖျင်းတွေကို နားထောင်ရလို့ စိတ်ပျက်မသွားပါနဲ့။ ကိုယ့်ရဲ့ ချင့်ချိန်နိုင်စွမ်းရှိတဲ့ အသိစိတ်၊ ခွဲခြမ်းဝေဖြာတတ်တဲ့ စိတ်တို့နဲ့ ဘယ်ဟာကမှန်ပြီး ဘယ်ဟာကမှားသလဲဆိုတာကို ဆုံးဖြတ်ပါ။

ကုံရာသီဖွား (ဇန်န၀ါရီ ၂၀ ရက်မှ – ဖေဖော်ဝါရီ ၁၈ ရက်အထိ)

ကုံရာသီဖွားများမှာ နေ့လည်ခင်းလောက်တွင် ကြိုးတန်းအဆုံးကို ရောက်ရှိသွားတဲ့ သူတစ်ယောက်လို ခံစားရနိုင်မယ့် နေ့တစ်နေ့ပါ။ စိတ်ကိုတည်ငြိမ်အေးချမ်းမှုရစေဖို့ လမ်းအကြာကြီးလျှောက်ခြင်း၊ စက်ဘီးစီးခြင်းတို့ကို ပြုလုပ်ပေးပါ။ တစ်ယောက်တည်းအပြင်ထွက်ပြီးတော့လည်း အသက်ကို ၀၀ရှူလိုက်ပါ။ အခြားသူများရဲ့ အရှုပ်အထုပ်တွေထဲ ရောယောင်ပါသွားဖို့ မစဉ်းစားပါနဲ့။ သူတို့ဖာသာပြေလည်သွားလိမ့်မှာပါလို့ ကိုယ့်ကိုယ်ကိုဆင်ခြေပေးလိုက်ပါ။

မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ ရက်မှ – မတ် ၂၀ ရက်အထိ)

ဒီလိုနေ့လေးဟာ မိန်ရာသီဖွားတွေအတွက် စိတ်အပန်းဖြေစရာ နေ့လေးဖြစ်လို့ အလုပ် သို့မဟုတ် ပိုက်ဆံနဲ့ပတ်သက်လို့ ခေါင်းရှုပ်ရတဲ့ အတွေးတွေကို ဖယ်ထားပြီး မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ ပျော်စရာကောင်းတဲ့အချိန်လေးတွေ ကုန်ဆုံးလိုက်ပါ။ အေးအေးလူလူအနားယူပြီး သူတို့ပြဿနာကို သူတို့ဖြေရှင်းနိုင်အောင် လွှတ်ထားလိုက်ပါ။ အခြားသူများထက် ကိုယ့်ကိုယ်ကိုလည်း ပျော်စရာအချိန်ကောင်းလေးတွေ လိုအပ်လို့ အလုပ်အရမ်းကြိုးစားပြီး မလုပ်ပါနဲ့။