မိဿရာသီဖွား (မတ်လ ၂၁ရက်မှ – ဧပြီ ၁၉ ရက်အထိ)

ဘယ်ကိုသွားသွား ထင်ပေါ်နေမယ့်အချိန်ဖြစ်လို့  ဒီအခွင့်အရေးကိုအသုံးချပြီး ကိုယ့်ရဲ့စိတ်ကူးဥာဏ်၊ ရဲတင်းတဲ့စွန့်စားမှုတွေမှာ အတူပါဝင်အောင် အခြားသူများကို ဆော်အောပါ။ ဒါပေမယ့်လည်း မာနအရမ်းထောင်လွှားမနေဖို့တော့ သတိထားရမှာဖြစ်ပါတယ်။ မဟုတ်ရင် စတောင်မစလိုက်ရသေးဘဲ နောက်လိုက်တွေကို လက်လွှတ်လိုက်ရမှာပါ။

ပြိဿရာသီဖွား (ဧပြီ ၂၀ မှ – မေ ၂၀ အထိ)

ပုံမှန်ဆိုရင် အေးဆေးတည်ငြိမ်ပြီး ဖြည်းဖြည်းမှန်မှန်လုပ်တတ်ကြတယ်ဆိုပေမယ့်လည်း ဒီနေ့အတွက်ကတော့ သွက်လက်မှုကိုလှုံဆော်နေပါတယ်။ ကိုယ့်ရဲ့ဦးဆောင်နိုင်စွမ်းရည်ကို ထုတ်ချပြပြီး အရေးကြီးကိစ္စတွေမှာ အခြားသူများနဲ့ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ဖို့ ခေါင်းလိုက်ညိတ်မယ့်အစား ကိုယ်ကနေစပြီး ဦးဆောင်လိုက်ပါ။

မေထုန်ရာသီဖွား (မေ ၂၁ ရက်မှ – ဇွန် ၂၀ အထိ)

မေထုန်ရာသီဖွားတွေအတွက်ကတော့ ဒီနေ့တစ်နေ့လုံး ဆန့်ကျင်ဖက်တွေချည်းဖြစ်နေမှာပါ။ ဥပမာအနေနဲ့ ဗီနီလာရေခဲမုန့်စားချင်လို့ ၀င်သွားပေမယ့် ချောကလက်သာရှိတာမျိုးပါ။ ဒါပေမယ့်လည်း ဒီလိုမျိုး ကိုယ်ဘာမှမတတ်နိုင်တဲ့ အခြေအနေတွေမျိုးကြုံလာတဲ့အခါ စိတ်ပျက်မသွားမိဖို့ အမြဲသတိရနေပါ။

ကရကဋ်ရာသီဖွား (ဇွန် ၂၁ ရက်မှ – ဇူလိုင် ၂၂ ရက်အထိ)

ဒီနေ့မှာတော့ ကိုယ်အပါအ၀င် ပတ်ဝန်းကျင်က လူတွေအတွက် ထိန်းချုပ်မှုက နေရာယူထားပါတယ်။ အခြေအနေတစ်ခုခု သူ့လက်ထဲကျရောက်လာတဲ့အခါမှာ အစွမ်းကုန်လုပ်ဆောင်နိုင်မယ်ဟုဆိုကာ ယုံကြည်ချက်ပြင်းထန်နေသူ တစုံတယောက်နဲ့ အပြင်းအထန်ငြင်းခုံမှုဖြစ်ပွားနိုင်ပါတယ်။ လျစ်လျူရှုမထားနိုင်တဲ့ အခြေအနေတွေ ကြုံတွေ့လာနိုင်လို့ ဒီလိုနေ့မျိုးမှာ ဘေးဘီဝဲယာကို သေချာမျက်စိဒေါက်ထောက်ကြည့်နေပါ။

သိဟ်ရာသီဖွား (ဇူလိုင် ၂၃ ရက်မှ – သြဂုတ် ၂၂ ရက်အထိ)

ယေဘုယျအားဖြင့် သိဟ်ရာသီဖွားများအတွက် ဒီနေ့မှာ အရာရာအကောင်းတွေချည်းဖြစ်နေမှာပါ။ ဒါကြောင့် ကိုယ့်ရဲ့စိတ်ကူးယဉ်အိမ်မက်တွေကို အကောင်အထည်ဖော်နိုင်မယ့် ဒီလိုအခွင့်အရေးကောင်းကို လက်လွှတ်မခံပါနဲ့။ အရာရာတိုင်းကို ထိန်းချုပ်ထားခြင်းမရှိဘဲ စိတ်အားထက်သန်စွာ ပြုလုပ်ပေးပါ။ ကိုယ်ဘယ်ရောက်ချင်တယ်ဆိုတာကို တားဆီးနေတာက ကိုယ့်ရဲ့စိတ်နဲ့ဆန္ဒဆိုတာကို အမြဲသတိရပါ။

ကန်ရာသီဖွား (သြဂုတ် ၂၃ ရက်မှ – စက်တင်ဘာ ၂၂ ရက်အထိ)

ကန်ရာသီဖွားတွေကတော့ ဒီနေ့မှာပုံမှန်ထက်ပိုပြီး စိုးရိမ်သောကရောက်နေနိုင်ပါတယ်။ ကိုယ်လုပ်နေတဲ့အရာတွေ တိတိကျကျမမှန်လောက်ဘူးဆိုတဲ့ ခံစားချက်ဖြစ်ပေါ်နိုင်ပြီး မျက်ခုံးတွေလည်း လှုပ်နေနိုင်ပါတယ်။ ဒီလိုတွေဖြစ်လာပြီဆိုရင် ကန်ရာသီဖွားတွေလုပ်ရမှာကတော့ စိတ်ငြိမ်ငြိမ်ထားပြီး အနားယူဖို့ပါပဲ။ ဦးနှောက်ကိုအနားပေးပြီး ဘာလုပ်ရမလဲဆိုတာကိုလိုက်ပြောနေတဲ့ အခြားလူတွေရဲ့ နှောင့်ယှက်မှုတွေမပါဘဲ ခေါင်းအေးအေးထားပြီး သေချာစဉ်းစားပါ။

တူရာသီဖွား (စက်တင်ဘာ ၂၃ ရက်မှ – အောက်တိုဘာ ၂၂ ရက်အထိ)

တူရာသီဖွားတွေအတွက် ဒီနေ့မှာ အခြားသူများက အရေးကြီးဆုံး အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ တယောက်တည်းတော့ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဘဲ တချို့အရာတွေက ခက်ခဲတယ်လို့ထင်နိုင်ပေမယ့်လည်း အခြားသူများနဲ့ ပေါင်းစပ်လုပ်ကိုင်ရင်တော့ စိန်ခေါ်မှုပြည့်နေတဲ့ တာဝန်တွေတောင် အခက်အခဲမရှိ လုပ်ဆောင်သွားနိုင်မှာပါ။

ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ ရက်မှ – နိုဝင်ဘာ ၂၁ ရက်အထိ)

ဗြိစ္ဆာရာသီဖွားတွေကို ပြောချင်တာကတော့ ဒီနေ့မှာ ဘေးထွက်နေတဲ့လူမဖြစ်ချင်ပါနဲ့။ ဒီနေ့ဒီအချိန်ဟာ ကိုယ်ဦးဆောင်ရမယ့်အချိန်ဖြစ်ပါတယ်။ အနည်းဆုံးတော့ ကိုယ့်ရဲ့ထင်မြင်ချက်လေးတွေကို ထုတ်ဖော်ပြောပြပြီး အခြားသူများ သိအောင်လုပ်ပါ။

ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ ရက်မှ – ဒီဇင်ဘာ ၂၁ ရက်အထိ)

ဒီနေ့တနေ့တာလုံးမှာ ဓနုရာသီဖွားတွေ ဆန္ဒရှိတဲ့ အရာအားလုံး ဖြစ်မြောက်လာနိုင်တာကို အမြဲသတိရနေပါ။ ဒါကြောင့် အရေးကြီးတဲ့အရာတွေပေါ်မှာ စကားရော၊ အပြုအမူပါ တွန့်ဆုတ်မနေဘဲ အာရုံစူးစိုက်ပြီး ကြိုးစားပြုလုပ်ပါ။ ဒီလိုနေ့မျိုးမှာ ဘာမှကို ကြောက်စရာမလိုပါဘူး။

မကရရာသီဖွား (ဒီဇင်ဘာ ၂၂ ရက်မှ – ဇန်န၀ါရီ ၁၉ ရက်အထိ)

မကရရာသီဖွားတွေကတော့ ဒီနေ့မှာ ရန်ပွဲ၊ ပြဿနာထဲ ပါဝင်နိုင်လို့ အထူးဂရုစိုက်ပါ။ ဒါပေမယ့်လည်း တကျက်ကျက်စကားများတာ သို့မဟုတ် အော်ကြီးဟစ်ကျယ်ငြင်းခုံတာကို မလွဲမရှောင်သာကြုံတွေ့လာရင်တော့ မပုန်းလိုက်ပါနဲ့။ ကိုယ့်ကို ပြဿနာပေးပြီး အနှောင့်အယှက်ဖြစ်လာစေရင်တော့ ကြံ့ကြံ့ခံရင်ဆိုင်လိုက်ပါ။ ဒီလိုအခြေအနေမျိုးကို ကိုယ့်ဟာကိုယ်တောင် အံ့သြသွားမိပါလိမ့်မယ်။

ကုံရာသီဖွား (ဇန်န၀ါရီ ၂၀ ရက်မှ – ဖေဖော်ဝါရီ ၁၈ ရက်အထိ)

ဒီနေ့အချိန်မှာ လွတ်လပ်မှုနဲ့ပတ်သက်ပြီး တစ်ခုထက်ပိုတဲ့ ကိစ္စတွေ ပေါ်ပေါက်လာနိုင်ပါတယ်။ ဒီလိုအခြေအနေတွေက စွန့်စားမှုတွေ၊ ခရီးသွားလာခြင်းတို့အတွက် အခွင့်အလမ်းတွေနဲ့ ဆက်စပ်နေနိုင်ပါတယ်။ တကယ်လို့ ကိုယ်ကဒီဠိုမျိုး လွတ်လပ်မှုကို လက်ပစ်ခုန်ဆင်းလိုက်ချင်ပေမယ့်လည်း ဆုံးဖြတ်ချက်မချင်ခင် လက်ရှိအခြေအနေမှာ ဘာလိုအပ်သလဲဆိုတာကို သေချာပြန်လည်စဉ်းစားသုံးသပ်ပါ။

မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ ရက်မှ – မတ် ၂၀ ရက်အထိ)

ပူခြစ်နေတဲ့ မီးသွေးခဲများပေါ်မှာ လမ်းလျှောက်နေရသလိုခံစားရနိုင်ပြီး ဆိုဖာပေါ်မှာ တီဗွီကြည့်နေရမယ့် အချိန်ကောင်းတော့မဟုတ်ပါဘူး။ မီးသွေးတွေက သင့်ကိုလောင်ကျွမ်းသွားစေနိုင်လို့ လှုပ်ရှားနေဖို့ အရေးကြီးပါတယ်။ စိတ်ရောကိုယ်ပါ လေ့ကျင့်ခန်းလုပ်နိုင်မယ့် ကိုယ်လက်လှုပ်ရှားမှုတွေကမှာ ပါဝင်ပေးပါ။