ကဲ… ပျိုမေလေးတို့ရေ မကြာခင်မှာဆောင်းအကုန်နွေအကူးဆိုတဲ့ ခြောက်သွေ့တဲ့နွေရာသီလေးကိုရောက်လာတော့မှာနော်။ မြန်မာနိုင်ငံကပူပြင်းတဲ့နိုင်ငံထဲပါဝင်တဲ့ နိုင်ငံဖြစ်လို့ နွေရာသီမှာချွေးထွက်ပြီး အလှပျက်မှာစိုးရိမ်နေတဲ့ ချစ်တို့အတွက် အထာကျကျလန်းနိုင်မဲ့ အမိုက်စားဖက်ရှင်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်။

ဒါလေးကတော့ ခပ်ဟော့ဟော့ဒီဇိုင်းလေးတွေကို ဝတ်ဆင်တတ်တဲ့ ပျိုမေလေးတေအတွက် အမိုက်စားလေးပဲနော်

နေပူပူထဲသူငယ်ချင်းတွေနဲ့ Hangout ထွက်တာတို့ Shopping ထွက်တာတို့ မုန့်ထွက်စားတဲ့အခါ စတိုင်ကျချင်ရင် ဒီလိုလေးဝတ်သွားရင် အကုန်လုံးကငေးကြမှာနော်။ အပေါ်ထပ်လေးလည်းပါတော့ နေလောင်ဒဏ်မကြောက်ရတော့ဘူးပေါ့။

အတိုတွေလည်းမဝတ်ရဲဘူးဆိုတော့ လုံလုံခြုံခြုံလေးနဲ့လှနေမယ့် ဒီဇိုင်းလေးပဲနော်

Pant လေးရယ် T Shirt လးရယ်နဲ့ Cute Girl လေးလုပ်ကြမယ်

နွေရာသီဖက်ရှင်ဆို ပန်းပွင့်အဆင်လေးတွေက ဘယ်သောအခါမှ ရိုးမသွားစေတဲ့ အဆင်လေးတွေဆို မမှားဘူးနော်။ အခုခေတ်စားနေတဲ့ Off Shoulder ဒီဇိုင်းလေးဆိုတော့ မလှမှာ လုံးဝပူစရာမလိုပါဘူး။

စကပ်လေးနဲ့ မိန်းကလေးဆန်ဆန်လှချင်တဲ့ မမတို့အတွက်တော့ ဒါလေးက မိမိုက်နေမှာအမှန်ပါပဲ။

ပေါ့ပေါ့ပါးပါးလေးပဲဝတ်ချင်တဲ့ ပျိုမေလေးတို့အတွက်

Cutie ဆန်ဆန်လေးနဲ့ ကောင်လေးနဲ့ Dateရင် ဝတ်သွားရင် သိပ်ချစ်စရာကောင်းမှာနော်

ဖော်ပြပေးခဲ့တဲ့ ဒီဇိုင်းလေးတွေကိုကြည့်ပြီး ပျိုမေလေးတို့လည်း အတိုင်းအထက်အလွန် လှပသွားနိုင်ပါစေလို့ ဆန္ဒပြုပါတယ်ရှင်။