Eyeliner ဆိုးတယ်ဆိုတာ မိန်ကလေးတွေကြားမှာ Trend တစ်ခုလို ဖြစ်ခဲ့ဖူးပါတယ်။ ဘာမှအလှသိပ်မပြင်ထားရင်တောင် Liner လေးဆိုးလိုက်ရင် ပြည့်စုံသွားသလို ခံစားရတဲ့ အခိုက်အတန့်လေး ရှိခဲ့ဖူးပါတယ်။ Liner ဆိုးတဲ့အခါ သင်ပြုလုပ်တတ်လေ့ရှိတဲ့အမှားလေးတွေကို မျှဝေပေးသွားပါမယ်။

မှန်ကို တည့်တည့်ကြည့်ခြင်း

Liner ဆိုးတဲ့အခါ မျက်လုံးကို စင်းထားဖို့လိုပါတယ်။ မဟုတ်ဘဲ မျက်လုံးကိုဖွင့်ပြီး မှန်ကိုပဲကြည့်နေမယ်ဆိုရင်ောတာ့ သေချာမြင်ရမှာမဟုတ်သလို ဆွဲရတာလည်း ချောချောမွေ့မွေ့ရှိမှာမဟုတ်ပါဘူး။

Liner ဆိုးနေချိန်မှာ အရေပြားကို ဆွဲလိုက်ခြင်း တို့ထိလိုက်ခြင်း

Liner ဆိုးနေတဲ့အချိန်မှာ မျက်နှာက အသားအရေကို ဖြတ်ခနဲ့ ထိလိုက်တာ ၊ တစ်ဖက်ကို ဆွဲလိုက်တာမျိုးလုပ်မယ်ဆိုရင် ဘယ်လိမှ ဆိုးလို့အဆင်ပြေမှာမဟုတ်ပါဘူး။ အဲဒီအစား ခေါင်းကိုနည်းနည်းလေးမော့ထားပြီး မျက်လုံးကိုစင်းကာ ဆိုးပေးပါ။

သင့်ရဲ့ Liner ခဲတံ ချွန်မနေခြင်း

Liner ခဲတံကိုသုံးတယ်ဆိုရင် ခဲတံချွန်နေဖို့လိုပါတယ်။ မဟုတ်ရင်တော့ သင်လိုချင်တဲ့ ပုံစံမျိုးရမှာမဟုတ်ပါဘူး။

မျက်ခမ်းနားမှာ Liner အများကြီးသုံးခြင်း

လိုင်နာကို မျက်ခမ်းမှာ အများကြီးမဆိုးသင့်ပါဘူး။ သင့်မျက်လုံးကိုကျဉ်းစေပြီး သင့်ကိုလည်း ပိုမာထန်တဲ့ရုပ်အသွင်ဖြစ်စေပါတယ်။

မျက်ခမ်းနားမှာ Liner အဖြူမသုံး ခြင်း

မျက်ခမ်းနားမှာ Liner အဖြူ (သို့) အရောင်နုတာလေး သုံးပေးပါ။

အမည်းရောင်အသုံးပါနဲ့။

Liner အမျိုးအစား မှားသုံးခြင်း

Liner ဆွဲတဲ့ ခဲတံက ချွန်ချွန်လေးဖြစ်နေတာဝယ်ပါ။ အရမ်းကြီးနေတာမျိုးဝယ်ရင် အဆင်ပြေမှာမဟုတ်ပါဘူး။ ရေစိုမယ့်နေရာသွားရင် (သို့) သင့်အသားအရေက အဆီပြန်တတ်ရင် ရေစိုခံတဲ့ လိုင်နာသုံးပေးပါ။

Liner အရောင်ရွေးချယ်မှုမှားခြင်း

မိန်းကလေးအများအားဖြင့် Linerကို အမည်းရောင်သုံးကြပါတယ်။ ဒါကတော့ အသင့်တော်ဆုံးပါပဲ။ ဒါပေမယ့် ကိုယ်သွားမယ့်နေရာအလိုက် Liner အရောင်လေးတွေကို ပြောင်းပြီးသုံးပေးနိုင်ပါတယ်။