မင်္ဂလာပါနော်။ ညိုချော ငိုပြောတောင်မရဘူးလို့ အသားညိုတဲ့ သူငယ်ချင်းတွေကို တင်စားလေ့ရှိကြပါတယ်။ အသားညိုတဲ့သူတွေဟာ သိပ်ကိုချောပြီး ဆွဲဆောင်မှုရှိတာပါ။

နိုင်ငံတကာမှာဆို အသားညိုညိုလေးရဖို့ တမင် နေပူဆာလုံတာမျိုးတွေ တောင်လုပ်နေကြတာပါနော်။

အသားညိုညိုလေးနဲ့ ချစ်စရာကောင်းတဲ့ ပျိုမေတို့အတွက် ဘယ်လိုအင်္ကျီအရောင်တွေကို ဝတ်ဆင်ရမလဲဆိုတာ မျှဝေပေးမယ်နော်။

ရွေးချယ် ဝတ်ဆင်သင့်တဲ့အရောင်များ

၁။ အနက်ရောင်

၂။ အရောင်ဖျော့ဖျော့ လေးတွေ

၃။ အပြာရောင်

၎။ အစိမ်းရောင်

၅။ လိမ္မော်ရောင်

၆။ အဝါရောင်

၇။ အရောင်စပ်လေးတွေ

၈။ အဖြူရောင်

၉။ ပန်းရောင်

ရှောင်သင့်တဲ့အရောင်

အညိုရောင် နဲ့ အညိုရင့်ရင့်အရောင်တွေကိုတော့ ရှောင်ကြဉ်သင့်ပါတယ်။