Myanmar Idol မှာ မြန်မာပြည်သိန်းတန်ကျွေးလိုက်တဲ့ ငှက်ပျောသီးကြောင့် နာမည်ကြီးလာခဲ့ပြီး ကိုယ်ပိုင်သီချင်းတွေပါသီဆိုနေပြီဖြစ်တဲ့ ခြိမ့်ကေကို ဒါမှ မဟုတ် ငှက်ပျောသီးကို ပရိသတ်တစ်ယောက်က သူ သီချင်းဆို ဖျော်ဖြေနေတဲ့အချိန်မှာ ငှက်ပျောသီးတစ်ဖီးပေးခဲ့တာပါ။ သူ့ရဲ့  “မမရေလွမ်းလို့” သီချင်း နောက်ပြီး”ညီမလေး”သီချင်းစတဲ့သီချင်းတွေကို လက်ခံတဲ့ ပရိသတ်ရှိသလို လက်မခံဘဲ commentများမှာ ဆဲဆိုဝေဖန်နေတဲ့ သူတွေလည်း အများကြီးပါ။

ဒီဖြစ်ရပ်ကတော့ ဗဟန်းမြို့နယ်​ နှစ်​ကျိပ်​ရှစ်​ဆူ ဗုဒ္ဓပူစနိယဂီတပွဲ​တော်​တွင်​ သီဆို​ဖျော်​​ဖြေ​နေတုန်းဖြစ်ခဲ့တာပဲ ဖြစ်ပါတယ်။ သူ့ရဲ့ မ သီချင်းကလည်း ဝေဖန်သံတွေကြားထဲကနေ လူသိလာတဲ့ နောက် ဝေဖန်သူတွေ ပြောဆိုနေသူတွေ Troll နေသူတွေကြားမှာ အနုပညာလမ်းကို ဆက်ပြီး လျှောက်လှမ်းနေသူပါ။ အရင်က ဝေဖန်သူတွေကို တုန့်ပြန်တာတွေ ရှိခဲ့ပေမယ့် အခု အချိန်မှာတော့ ဝေဖန်မှုတွေကို သူလက်ခံလာခဲ့ပြီး သီချင်းတွေဆို၊ ပွဲတွေတက်ရုံသာမက အခုဆိုရင် ရုပ်ရှင်တွေပါရိုက်ကူးထားခဲ့ပြီလို့လည်း သိရပါတယ်။

လက်ရှိမှာတော့ သူသီဆိုတဲ့ ပွဲမှာ ပရိသတ်လက်ဆောင်ပေးတဲ့ ငှက်ပျောသီးကို ပြုံးပြုံးရွှင်ရွှင်လက်ခံတဲ့ အထိ ခြိမ့်ကေကိုတစ်ယောက်တည်ငြိမ်လာခဲ့ပုံပါပဲ။ သူ့ကို ငှက်ပျောသီးလို့ ခေါ်ကြတဲ့ အပေါ်ကို သူက “အဲ့လိုခေါ်လို့လည်း ဘယ်လိုမှ မခံစားရပါဘူး။ ငှက်ပျောသီးဆိုပြီး ချစ်စနိုးနဲ့ ခေါ်တဲ့အတွက်လည်း ဘယ်လိုမှ မနေပါဘူး။” လို့ အင်တာဗျူးတချို့မှာ ဖြေခဲ့ပါသေးတယ်။

ကဲ….သူ့အပေါ် ဘယ်လိုမြင်လဲ အမြင်လေးတွေ မျှဝေခဲ့ပါဦး။