ဒီစုံတွဲသုံးတွဲမှာ ဘယ်စုံတွဲက အပျော်ဆုံးလို့ သင်ထင်ပါသလဲ။ သင့်မျက်စိထဲမှာ အပျော်ဆုံးလို့ ထင်ရတဲ့ အတွဲကို ရွေးပြီးသွားရင်တော့ သင့်ရဲ့အချစ်ရေးက ဘယ်လိုလဲဆိုတာ သိနိုင်ပါတယ်။

နံပါတ် ၁ စုံတွဲ

ဒီစုံတွဲမှာဆိုရင် ကောင်မလေးက သူ့ချစ်သူအတွက် ဂုဏ်ယူမဆုံးဖြစ်နေပြီး တစ်လောကလုံးကို သူမရဲ့ချစ်သူအကြောင်း ပြောပြချင်နေတာပါ။ သူမက အမှီအခိုကင်းတယ်၊ သူမကိုယ် သူမလည်း ဂရုစိုက်တတ်တဲ့အပြင် ပတ်ဝန်းကျင်က ဘယ်လိုထင်မြင်ယူဆမလဲဆိုတာကို ခေါင်းထဲသိပ်မထည့်တတ်တဲ့ မိန်းကလေးတစ်ယောက်ပါ။ ကောင်လေးကတော့ ကောင်မလေးအပေါ် သစ္စာစောင့်သိပြီး သူတို့ သမီးရည်းစားဆက်ဆံရေးကို အလေးအနက်ထားတဲ့အပြင် နှစ်ယောက်သားအဆင်ပြေအောင် အမြဲတမ်း ကြိုးစားလေ့ရှိပါတယ်။

နံပါတ် ၂ စုံတွဲ

ဒီစုံတွဲကို သင်ရွေးချယ်လိုက်မယ်ဆိုရင်တော့ သင်နဲ့ သင်ကောင်လေးမှာ အတူတူတွဲ ရိုက်ထားတဲ့ပုံတွေ အမြောက်အမြားရှိပါတယ်တဲ့။ သင်တို့ရဲ့ စိတ်ခံစားချက်၊ ပျော်ရွှင်ကြည်နူးမှုနဲ့ တစ်ယောက်နဲ့တစ်ယောက် ဂရုစိုက်တတ်တဲ့ အပြုအမူတွေကို သူငယ်ချင်းတွေရှေ့ပဲဖြစ်ဖြစ်၊ သူစိမ်းတွေရှေ့ပဲဖြစ်ဖြစ် ဖော်ပြဖို့ ဝန်မလေးတတ်ပါဘူး။ သင့်သူငယ်ချင်းတွေက  သင်တို့စုံတွဲကို အမြဲတမ်း အားကျနေရတာပါ။ သင်နဲ့ သင့်ကောင်လေးဟာလည်း ဝါသနာရော အကျင့်စရိုက်တွေပါ တူညီတဲ့အတွက်ကြောင့် တစ်ယောက်ကိုတစ်ယောက် ပျင်းရိငြီးငွေ့သွားစရာ အကြောင်းမရှိပါဘူး။

နံပါတ် ၃ စုံတွဲ

ဒီစုံတွဲကို သင်ရွေးချယ်လိုက်ရင်တော့ သင်တို့စုံတွဲက စိတ်ခံစားချက်တွေကို လူအများရှေ့မှာ မဖော်ထုတ်ပြကြပေမဲ့ တစ်ယောက်က အခြားတစ်ယောက်ရဲ့ စိတ်ဆန္ဒ၊ ထင်မြင်ချက်နဲ့ စိတ်ဝင်စားမှုကို အလေးထားလေ့ရှိပါတယ်။ ဆိုရှယ်မီဒီယာနဲ့ လူအများရှေ့မှာ သူတို့အချစ်တွေကို ဖော်ပြလေ့မရှိပေမဲ့ စိတ်ကူးယဉ်ဆန်တဲ့ နှလုံးသားလေးတွေ ပိုင်ဆိုင်ထားပြီး တစ်ယောက်ကိုတစ်ယောက် အမြဲတမ်းအားပေးနှစ်သိမ့်ဖို့ အဆင်သင့်ပါပဲ။

ကဲ ဘယ်လိုလဲ၊ ကိုယ်ရွေးလိုက်တဲ့ စုံတွဲနဲ့ ကိုယ့်အချစ်ရေးနဲ့ ထပ်တူကျရဲ့လားဆိုတာကို ဖြေပေးခဲ့ကြဦးနော်။

Source: Brightside.me