ခေတ်လေးနဲ့ သစ်လေး ဆိုပြီး အားလုံး အချစ်ပိုရတဲ့ အမြွှာလေး နှစ်ယောက်ကိုချစ်တဲ့ သူတွေရှိပါသလား။ လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ သမီးလေးတွေ ဖြစ်တဲ့ ခေတ်လေးနဲ့ သစ်လေးတို့ နှစ်ယောက်ကိုတော့ ကလေးသေးသေးလေး အရွယ်ကနေစလို့ အခု Preschool စနေတဲ့ အရွယ်ထိ ကြီးပြင်းလာခဲ့ပါပြီ။ ချစ်စရာဟန်ပန်လေးတွေနဲ့ အားလုံးရဲ့ အချစ်တွေကို သိမ်းကြုံးယူနေသူလေးတွေဆိုရင်လည်း မမှားပါဘူး။

ခေတ်နဲ့ သစ်တို့ကို ကျောင်းပို့လိုက်ရတဲ့ မေမေ ချစ်သုဝေက သူမရဲ့ ခံစားချက်ကို အခုလိုပဲ မျှဝေထားခဲ့တာပဲဖြစ်ပါတယ်။

“ကိုယ်အတန်းထဲနေခွင့်ရတဲ့ ၃ရက်စလုံး အတန်းပိုင်ဆရာမကို ” ဒီနေ့ ကိုယ်သူတို့လေးတွေကိုအတန်းထဲထားခဲ့ရလို့ ငိုနေခဲ့ရင် ဖက်ထားပေးပါနော် ” လို့ပြောနေခဲ့တာ..။ ဒီနေ့ကျောင်းပို့တော့ သည်းလေးတွေက ဖြောင့်ဖြောင်းတန်းတန်းဝင်သွားပြီး အတန်းပြင် သူတို့လေးတွေကွယ်ရာမှာ ရှိုက်ကြီးတငင် ငိုချမိတာ “ကိုယ်”ဖြစ်နေတယ်..။အတန်းပိုင်ဆရာမ Ms. Ingridလည်းထွက်လာရော ဖက်ထားပြီးချော့ရတာ အမေ့ ကို ဖြစ်နေတော့တာ..။Cho Wut Yeeရည်လေးခင်မျာလည်း ကလေးကျောင်းပို့ရင်း အသည်းအသန်ငိုနေတဲ့အစ်မကို စကားတွေပြော ချော့ အတန်းပြီးတဲ့ထိအဖော်လုပ်ပေး, သမီးလေးတွေအဆင်ပြေရဲ့လားသွားချောင်းပေး..(အမေ လာချောင်းမကြည့်ရ စည်းကမ်းနဲ့ ဆိုတော့)..ကျေးဇူးပါရည်လေးရယ်နော်..။ပြန်တွေးတော့ ဩော် ငါလည်းတော် အသည်းနုသကို။”

ချစ်စရာအရမ်းကောင်းတဲ့ သမီးလေး နှစ်ယောက်အတွက် အရမ်းကို စိတ်ပူနေတဲ့ မေမေချစ်သုဝေပါ။ အရာအားလုံးထက် ချစ်စရာ သမီးလေး နှစ်ယောက်ကိုပဲ အချိန်ပေး ဂရုစိုက်နေတဲ့သူမို့ အခုလို သမီးလေးတွေ ကျောင်းစသွားတဲ့အခါ စိတ်ပူနေရှာမှာလည်း အမှန်ပါပဲ။ ခေတ်နဲ့ သစ်တို့ရဲ့ လှုပ်ရှားမှုပုံရိပ်တွေကိုလည်း Program တစ်ခုအနေနဲ့ ရိုက်ကူးထားပြီး ပြန်လည်ထုတ်လွှင့်ပြသသွားဖို့လည်း ရှိနေပါသေးတယ်။

အဆိုတော် အနေနဲ့ရော သရုပ်ဆောင်အနေနဲ့ပါ အောင်မြင်မှုတွေပိုင်ဆိုင်ထားတဲ့ ချစ်သုဝေက လတ်တလောမှာ အနုပညာအလုပ်တွေထက် သမီးလေးတွေကိုပဲ အချိန်ပေးရင်း မကြာသေးခင်ကပဲ ခင်ပွန်းဖြစ်သူ အဆိုတော် လင်းလင်းနဲ့အတူ ခေတ်သစ်ဖောင်ဒေးရှင်းကို တည်ထောင်ခဲ့ပါသေးတယ်။ အဆိုပါ ဖောင်ဒေးရှင်းကတော့ အမှန်တစ်ကယ် နွမ်းပါးပြီး ခွဲစိတ်ရန်လိုအပ်တဲ့ မွေးရာပါနှလုံးရောဂါရှင်ကလေးများအတွက် အကောင်းဆုံး အထောက်အပံ့ဖြစ်စေဖို့ ရည်ရွယ်ပြီး တည်ထောင်ထားတာပဲ ဖြစ်ပါတယ်။

Photos – Chit Thu Wai’s Facebook