နာမည်တူလူတူမရှားဘူးဆိုတဲ့စကားကို အားလုံးကြားဖူးကြမှာပါ။ သွေးမတော်သားမစပ်ဘဲ ရုပ်ချင်းဆင်တဲ့သူတွေ အများအပြားရှိကြပါတယ်။ ဒီထဲကမှ ကမ္ဘာကျော်အနုပညာရှင်တွေနဲ့ ရုပ်ချင်းတစ်ထပ်တည်းတူနေတဲ့သူတွေကို ပြောပြချင်ပါတယ်။ တချို့တွေကတော့ အနုပညာရှင်တွေနဲ့ တူချင်လွန်းလို့ ပလတ်စတစ်ဆာဂျရီတွေလုပ်ကြပါတယ်။

သူတို့ရဲ့ မျက်နှာကို နာမည်ကျော်တွေနဲ့ တူအောင် ငွေအမြောက်အမြားသုံးကြပါတယ်။ အောက်မှာပြောထားတဲ့သူတွေကကော ပလတ်စတစ်ဆာဂျရီ လုပ်ထားလို့တူတာလား။ ဘာမှမလုပ်ဘဲနဲ့ကို ရုပ်ချင်းဆင်နေတာလား ကြည့်ရှုလိုက်ပါဦးနော်။

Ryan Gosling — Danila Yakushev

ရုရှားမင်းသား Ryan Gosling ကိုတော့ La La Land ဇာတ်လမ်းနဲ့ ရုပ်ရှင်ချစ်ပရိတ်သတ်တွေရင်းနှီးကြမှာပါ။ Gosling ရဲ့ ပရိတ်သတ်တွေက Yakushev နဲ့ ရုပ်ချင်းတူတယ်လို့အမြဲနှိုင်းယှဉ်ပြောတတ်ပါတယ်တဲ့။ Yakushev ဟာ ဇာတ်လမ်းတွေ ပြဇာတ်တွေမှာ ပါဝင်တတ်ပြီး ကိုယ်ပိုင်ဘလော့ဂ်တစ်ခုကိုလည်း တည်ထောင်ထားသူဖြစ်ပါတယ်။

Katy Perry — Francesca Brown

ဗြိတိန်နိုင်ငံသူ Francesca Brown ကို ၂၀၁၀ခုနှစ်ထဲက Katy Perry နဲ့ခဏခဏမှားကြပါတယ်တဲ့။ Francesca က မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ သူက Katy နေရာမှာ လူစားဝင်ရောက်တတ်ပြီး ဒီအလုပ်နဲ့ ဝင်ငွေရရှိနေသူလည်းဖြစ်ပါတယ်။

Miley Cyrus — Mardee Shackleford

ကယ်လိုဖိုးနီးယားပြည်က စားပွဲထိုးကောင်မလေး Mardee Shackleford ကိုတော့ Miley ရဲ့ ဖခင်ဖြစ်သူ Billy Ray Cyrus ကတွေ့ခဲ့တာဖြစ်ပါတယ်။ တွေ့တွေ့ချင်းက သူ့သမီးနဲ့တူလို့ အံ့အားသင့်ခဲ့ပါတယ်တဲ့။Rihanna — Andele Lara

ဘော်စတွန်နိုင်ငံသူ Andele Lara ဟာ Rihanna နဲ့ ရုပ်တူလှပါတယ်။ Lara က တစ်ခါမှဆာဂျရီမလုပ်ဖူးပါဘူးတဲ့။ Lara ဟာ မော်ဒယ်တစ်ယောက်ဖြစ်ပါတယ်။

Selena Gomez — Sofia Solares

Sofia Solares ဟာ Selena လိုပဲ နှုတ်ခမ်းဖူးဖူးလေး ချစ်စဖွယ်မျက်နှာလေး မျက်ဝန်းနက်နက်လေးတွေကို ပိုင်ဆိုင်ထားသူပါ။ သူဟာ Selena နဲ့ရုပ်ဆင်လွန်းတာကြောင့် Instagram acc မှာ Follower ၈ သိန်းရှိပါတယ်တဲ့။

Kim Kardashian — Sonia Ali

Sonia က ဒူဘိုင်းမှာနေထိုင်ပြီး မိတ်ကပ်ပညာရှင်အနေနဲ့ အသက်မွေးဝမ်းကြောင်းပြုနေသူပါ။ သူကလည်း တစ်ခါမှ ဆာဂျရီမလုပ်ဖူးပါဘူးတဲ့။ Sonia ကညီမဖြစ်သူ Fyza နဲ့ အလှအပဘလော့တစ်ခုကို ဦးစီးနေသူပါ။

Kylie Jenner — Fyza Ali

Sonia က အစ်မဖြစ်သူ Kim Kardashianနဲ့ တူသလို သူ့ညီမ Fyza ကတော့ Kylie Jenner နဲ့ရုပ်တူနေပါတယ်။ သူ့ကိုတော့ ပလတ်စတစ်ဆာဂျရီ လုပ်တယ်လို့ သိထားကြပါတယ်။ သူကလည်း မိတ်ကပ်ပညာရှင်တစ်ယောက်ဖြစ်ပါတယ်။

Gigi Hadid — Iza IJzerman

Gigi လိုပဲ Iza က မော်ဒယ်တစ်ယောက်ပါ။ Iza ကတော့ Gigi နဲ့မတူဘဲ သူ့မျက်နှာက ညီမဖြစ်သူ Bella Hadid နဲ့ပိုတူတယ်လို့ဆိုထားပါတယ်။

Adele — Ellinor Hellborg

ဆွီဒင်နိုင်ငံသူ Ellinor Hellborg ဟာ Adele နဲ့ အတော်လေး ရုပ်ချင်းဆင်တဲ့သူပါ။ သူတို့နှစ်ယောက်ရဲ့ ဓာတ်ပုံတွေကို တစ်ခါတလေ ဘယ်သူက ဘယ်သူဆိုပြီး ခွဲခြားဖို့ခက်လှပါတယ်တဲ့။

Source: Brightside.me