Beauty & Fashion | ဆံပင် – Hair | အလှအပ – Beauty

လူငယ်တွေအတွက် နေ့စဉ်ပြုလုပ်လို့အဆင်ပြေတဲ့ ဆံပင်ပုံစံများ

March 12, 2018

လူငယ်တွေအတွက် နေ့စဉ်ပြုလုပ်လို့အဆင်ပြေတဲ့ ဆံပင်ပုံစံများ

Share this on:

မင်္ဂလာပါနော်။ နေ့စဉ်သွားလာလှုပ်ရှားရာမှာ ဆံပင်ပုံစံအမျိုးမျိုး ပြုလုပ်ဖို့ စိတ်ဝင်စားတဲ့ လူငယ်လေးတွေ ရှိမှာပါနော်။

လူငယ်လေးတွေအတွက် နေ့စဉ်အဆင်ပြေမယ့် ဆံပင်ပုံစံတွေကို မျှဝေပေးပါမယ်။

ဆံပင်ကို တစ်ဝက်စည်းပါ

ဆံပင်ကို တစ်ဝက်ထဲစည်းပါ။ အဲဒီလိုစည်းတဲ့အခါ ဖဲပြားခေါင်းစည်းကြိုးပဲဖြစ်ဖြစ် ဖဲပြားကစ်လေးပဲဖြစ်ဖြစ် တပ်ပေးလိုက်ပါ။

သင့်ကို ပိုပြီးလူငယ်ဆန်စေသလို ပိုပြီးလည်း လှပစေမှာဖြစ်ပါတယ်။

ခပ်မြင့်မြင့်စည်းမယ်

ဆံပင်ကို ခပ်မြင့်မြင့်စည်းပေးလိုက်ပါ။ ခေါင်းစည်းကြိုးကို မိမိကြိုက်နှစ်သက်ရာ မိမိနဲ့ လိုက်ဖက်တာကို ရွေးချယ်နိုင်ပါတယ်။

ဘီးကုပ်တပ်မယ်

ဘီးကုပ်လှလှလေးပဲတပ်ပြီး ဆံပင်ကို သပ်သပ်ရပ်ရပ်လေးချထားမယ်ဆိုရင်လည်း ပြီးပြည့်စုံတဲ့ ဆံပင်ပုံစံ ဖြစ်သွားမှာသေချာပါတယ်နော်။

ဆံပင်ကို အကုန်သိမ်းပြီးဒီလိုစည်းမယ်

ဆံပင်တွေကိုအကုန်လုံးသိမ်းပြီး အခုလို ခေါင်းမှာပတ်တဲ့ စကုပ်လှလှလေးကို တပ်ပေးလိုက်ပါ။

ပုဝါကိုသုံးပြီးလည်း လုပ်လို့ရပါတယ်နော်။

ကျစ်ဆံမြီးကျစ်မယ်

လူငယ်တွေအတွက် သပ်သပ်ရပ်ရပ်နဲ့ ပိုပြီးဆွဲဆောင်မှုရှိစေဖို့ ကျစ်ဆံမြီးလှလှလေး ကျစ်ပေးလို့ရပါတယ်နော်။ ကျစ်ဆံမြီးကျစ်တာဟာ ရိုးလည်းရိုးမသွားသလို လူငယ်နဲ့လည်း လိုက်ဖက်ပါတယ်။

Review

User Rating

3 (2 Votes)