အားလုံးပဲမင်္ဂလာပါနော်။ အဆီပိုမရှိတဲ့ ဝမ်းဗိုက်ချပ်ချပ်လေးရဖို့ဟာ မိန်းကလေးတိုင်း ယောက်ျားလေးတိုင်းရဲ့ စိတ်ကူးအိပ်မက်တစ်ခုဖြစ်ပါတယ်။

ဒီစာကို စာဖတ်သူတို့ ဖတ်နေပြီဆိုရင်တော့ စာဖတ်သူလည်း ဝမ်းဗိုက်ချပ်ချပ်လေးပိုင်ဆိုင်ချင်သူတစ်ယောက်ဖြစ်မယ်ဆိုတာ မလွဲပါပဲ။

ဝိတ်လည်းချတယ်၊ လေ့ကျင့်ခန်းလည်းလုပ်ပါရက်နဲ့ ဘာလို့ ဝမ်းဗိုက်ချပ်ချပ်လေးမပိုင်ဆိုင်ရတာလဲဆိုတာကို မျှဝေပေးချင်ပါတယ်နော်။

၁။ လက်တွေ့ရင်ဆိုင်လိုက်ပါ

ဝမ်းဗိုက်ချပ်ချင်ရင် သင့်ဝမ်းဗိုက်မှာ အဆီရှိတယ်၊ ဗိုက်ခေါက်ထူထူလေးရှိတယ်ဆိုတာကို လက်ခံလိုက်ပြီး လက်တွေ့ကျကျရင်ဆိုင်လိုက်ပါ။ ဝိတ်ချမယ်၊ Gym ဆော့မယ်လို့ ပြောနေရုံနဲ့ ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။ ဒါ့ကြောင့် လက်တွေ့ထလုပ်လိုက်ပါ။

၂။ ဝမ်းဗိုက်ချပ်ဖို့ မီးဖိုချောင်ကစပါ

သင့်မီးဖိုချောင်က အစားအစာတွေဟာ အဆီအစိမ့်တွေများနေလား။ သင် လေ့ကျင့်ခန်းလုပ်နေပေမယ့် သင်စားတဲ့အစားအစာတွေက သရေစာတွေက အဆီများနေလား၊ အစိမ့်တွေများနေလား၊ ဝိတ်တက်စေတဲ့ အစားအစာတွေစားနေတာလားဆိုတာ သေချာစီစစ်ပါ။ ဗိုက်တကယ်ချပ်ချင်ရင်တော့ အစားအစာက ၉၀% အရေးပါပြီး လေ့ကျင့်ခန်းက ၁၀% လောက်အရေးပါတယ်ဆိုတာကို မမေ့စေချင်ပါဘူး။ လိုအပ်ရင် Diet Plan ဆွဲပြီး စားသုံးစေချင်ပါတယ်။ အာဟာရလမ်းညွန်ဆရာဝန်တွေ၊ ပညာရှင်တွေနဲ့ တိုင်ပင်ပါ။

၃။ ရေသောက်ပါ

သတိရတိုင်းရေသောက်ပါလို့ အကြံပြုချင်ပါတယ်။ ရေသောက်ဖို့ အမြဲတမ်း သတိရပါ။ ဆာရင်လည်းသောက်ပါ။မဆာရင်လည်း သောက်ပေးပါ။ တစ်နေ့ကို ၈ ခွက်မှ ၁၀ ခွက်အထိသောက်ပါ။

၎။ အစာရှောင်ဖို့မလိုပါဘူး

ဥပမာ မနက်စာမစားဘဲနေဖို့၊ ညစာမစားဘဲ နေဖို့မလိုပါဘူး။ စားပါ။ ဒါပေမယ့် အာဟာရသင့်တင့်မျှတအောင်စားပါ။

၅။ သင့်ရဲ့ ခန္ဓာကိုယ်အကြောင်းကိုသတိရပါ

သင့်ရဲ့ ခန္ဓာကိုယ်က ဘယ်လိုခန္ဓာကိုယ်မျိုးလဲ။ နည်းနည်းစားတာနဲ့ ဝိတ်တက်တတ်လား။ ဒါမှမဟုတ် အဆီစားတာနဲ့ တက်တာလား။ သင်အစားအစာမှာမယ်ဆိုတိုင်း၊ အစားစားမယ်ဆိုတိုင်း သတိရပါ။ အမျှင်ဓာတ်များများပါတာကိုစားပေးပါ။

၆။ လေ့ကျင့်ခန်းလုပ်ပါ

Gym မှာသွားပြီးဆော့တာပဲဖြစ်ဖြစ်၊ အိမ်မှာပဲ ခါးကွင်းလှည့်တာ၊ Cardio ဆော့တာ ၊ ပြေးတာ၊ အိပ်ထမတင်လ်ုပတာ စသဖြင့် လုပ်ပေးနိုင်ပါတယ်။

Source: www.herbeauty.com