ဆံပင်ရှည်ထားတဲ့ မိန်းကလေးတော်တော်များများဟာ ခေါင်းလျှော်ပြီးတိုင်း Dryer မှုတ်လေ့ရှိပါတယ်။ ရိုးရိုးလေးတွေးရင်တော့ စိုနေတဲ့ဆံပင်တွေခြောက်သွားအောင် လေပူနဲ့မှုတ်လိုက်တာပဲလို့ထင်ကောင်းထင်လိမ့်မယ်။ သို့ပေမယ့် နည်းစနစ်ကျကျ Dryer ကိုသုံးတတ်မှ ဆံပင်ဟာလည်း သေသေသပ်သပ်လှလှပပ ဖြစ်မှာပါ။

Dryer ကိုလိုတာထက်ပိုသုံးမိရင်လည်းမကောင်းသလို နည်းစနစ်မှန်မှန် နဲ့မမှားသင့်တဲ့ အချက်လေးတွေကို ဖော်ပြပေးချင်ပါတယ်။ ဆံကေသာဆိုတာ မိန်းကလေးတွေအတွက် အရေးကြီးဆုံးအရာတစ်ခုဖြစ်လို့ အတတ်နိုင်ဆုံးမပျက်စီးအောင် အမှားကင်းအောင် Dryer သုံးတဲ့အခါ မပြုလုပ်သင့်သော အရာလေးတွေကို ဝေမျှပေးလိုက်ပါတယ်။

ခေါင်းလျှော်ပြီး ထွက်လာလာခြင်း Hair Dryer ကိုမသုံးသင့်ပါဘူး။ ဆံပင်ကိုရေစပ်တောက် စပ်တောက်အနေထားစိုစွတ်နေတဲ့အချိန်မှာ တန်းမှုတ်ရင် အန္တရာယ်လည်းများသလို ကောက်ထား ဖြောင့်ထားတဲ့ဆံပင်မျိုးဆို Towel နဲ့အရင်ပြောင်စင်အောင်သုတ်ပြီး နဂိုရှိတဲ့ ပုံစံကိုအရင်ပုံသွင်းပြီးသကာလမှ Dryer သုံးသင့်ပါတယ်။ သို့မဟုတ်ပါက ရှိရင်းစွဲ ဆံပင်ကေအနေအထားလေး ပျက်စီးသွားနိုင်ပါတယ်။ ခေါင်းလျှော်ပြီးကာစ ရေ ၈၀ရာခိုင်နှုန်းလောက်ကို မျက်နှာသုတ်ပုဝါနဲ့ အရင်သုတ်ပြီးမှသာ Hair Dryer သုံးသင့်ပါတယ်။ ဘယ်လိုဆံသားအမျိုးအစားမဆို ဒီနည်းအတိုင်းပြုလုပ်ပေးစေချင်ပါတယ်။

ဆံပင်မှုတ်တဲ့အခါ Hair Styling Product တွေအများကြီး မလိမ်းသင့်ပါဘူး။
အများဆုံးလုပ်ကြတဲ့ အမှားတစ်ခုက ဆံပင်ကို ခြောက်သွားအောင်မှုတ်ပြီးမှာ ဆီတို့ Hair Coat တို့ထည့်တာပါပဲ။ တကယ်တော့ Dryer မှုတ်လိုက်တိုက် ဆံသားတွေက ခြောက်သွေ့သွားတာမဟုတ်ပါဘူး။ ဒါ့ကြောင့် Volume Spray လေးကို မျက်နှာသုတ်ပုဝါနဲ့ ဆံပင်ကိုသုတ်ပြီးတဲ့အဆင့်ပြီးရင် လိမ်းသင့်ပါတယ်။ ပြီးမှသာ Hair Dryer ကိုသုံးသင့်ပါတယ်။ ဒါဟာအမှန်ကန်ဆုံး နည်းလမ်းပါပဲ။

အပူကြိမ်အမြင့်ဆုံးနဲ့ Hair Dryer ကိုသုံးခြင်းမလုပ်သင့်ပါဘူး။
အဓိကပြဿနာက အမြန်ခြောက်ရင်ပြီးရောဆိုပြီး Dryer ကိုအပူရှိန်အမြင့်ဆုံးထားပြီးမှုတ်တာ အဆိုးဆုံးပါ။ နောက်ပြီး Nozzle ခံပြီး မသုံးတာဟာ ဆံပင်ကိုပျက်ဆီးလွယ်ပြီး တိုက်ရိုက်ထိတွေ့သော လေပူကြောင့် ဆံသားကိုကြာရင် ထိခိုက်နိုင်ပါတယ်။ အထက်မှာဖော်ပြထားတဲ့ အချက်လေးတွေကို မိမိဆံကေသာ ကျန်းမာရေးအတွက် လိုက်နာစေချင်ပါတယ်။

Source: AllWomenStalk