[Zawgyi]

မနက္ခင္းေတြမွာ တက္တက္ႂကြမရွိပဲ ေတာ္ေတာ္နဲ႔မထႏိုင္တဲ့ ေန႔ရက္မ်ိဳးေတြကို အားလံုးပဲေတြ႔ႀကံဳဖူးၿပီးသားျဖစ္မွာပါ။ ဒီလိုမ်ိဳးျဖစ္လာရတဲ့ အေၾကာင္းအရင္းကဘာေၾကာင့္လဲဆိုတာကိုေရာ သတိထားမိရဲ႕လား။ မနက္ပိုင္းေတြမွာ ဒီလိုမ်ိဳးျဖစ္တယ္ဆိုတာ ညဘက္ေတြမွာ အိပ္ရာဝင္တာ ေနာက္က်တာမ်ိဳးေတြေၾကာင့္ပဲ မဟုတ္ပဲ တစ္ျခားအေၾကာင္းေတြလည္း ရွိေနေသးတာေၾကာင့္ ဆင္ျခင္ႏိုင္ဖို႔ေျပာျပေပးခ်င္ပါတယ္။

ေမွာင္ေနတဲ့အခန္း

အရမ္းေမွာင္ေနလြန္းတဲ့အခန္းထဲမွာ အိပ္ေနတာမ်ိဳးေတြက တကယ္ေတာ့စိတ္ကို ထိုင္းမႈိင္းေစၿပီး မနက္ခင္းေတြကိုေရာက္လာတဲ ့အခ်ိန္ေတြမွာလည္း မနက္ခင္းရဲ႕အလင္းေရာင္ေတြကုိမျမင္ရေတာ့ပဲ အိပ္ခ်င္စိတ္ေတြက ထိန္းမရေတာ့ပဲ အၿမဲတမ္းအိပ္ခ်င္စိတ္ျဖစ္ၿပီး မျဖစ္မေနထရတဲ့အခ်ိန္မွာေတာ့ စိတ္မၾကည္မလင္ျဖစ္ေနေစတာေပါ႔။

အိပ္ယာဝင္ေနာက္က်တာ

အိပ္ယာဝင္တာေနာက္က်ရင္ေတာ့ ဘယ္သူမဆို တက္တက္ၾကြၾကြနဲ႔ေတာ့ ႏိုးမလာႏိုင္ပါဘူး။ လူတစ္ေယာက္က တစ္ေန႔တာမွာရွိသင့္တဲ့ အိပ္ခ်ိန္ပမာဏ ၈နာရီေလာက္ရွိမွ ေသခ်ာရႊင္ရႊင္လန္းလန္း ေနႏိုင္မွာပဲျဖစ္ပါတယ္။ အိပ္ယာဝင္တာေတြ အရမ္းေနာက္က်တဲ့ေန႔မ်ိဳးေတြဆိုရင္လည္း မနက္ပိုင္းေတြမွာ ေကာင္းေကာင္းမထႏိုင္ေလာက္ေတာ့ဘူးေပါ႔။

စိတ္ဖိစီးမႈေတြမ်ားတဲ့အခါ

စိတ္ဖိစီးမႈေတြမ်ားတယ္ဆိုတာ လူတိုင္းမွာႀကံဳေတြ႔ရတတ္တဲ့ ကိစၥတစ္ခုလို႔ေျပာလို႔ရပါတယ္။ စိတ္ညစ္စရာေတြမ်ားၿပီး စိတ္ညစ္ညစ္နဲ႔အိပ္ေပ်ာ္သြားတဲ့အခါမွာ မနက္ပိုင္းမွာေတာ့ ဘယ္လိုမွၾကည္ၾကည္လင္လင္နဲ႔ မႏိုးထႏိုင္ေတာ့တာေတာ့ အေသခ်ာပါပဲ။

Alarm ေပးၿပီးႏိုးတာမ်ိဳး

တကယ္ေတာ့ Alarm ေပးၿပီးအိပ္ရာထတာက အဆင္မေျပတဲ့နည္းလမ္းပါ။ အိပ္ေပ်ာ္ေနတဲ့အခ်ိန္မွာ ရုတ္တရက္ေပၚလာတဲ့အသံေၾကာင့္ လန္႔ၿပီးႏိုးတာဆိုေတာ့ စိတ္ကိုလည္းလန္းဆန္းေစမႈမ်ိဳး ေတြ႔ရေတာ့မွာမဟုတ္ပါဘူး။

ဒီလိုနည္းလမ္းေတြကို ေသခ်ာသံုးသပ္ၿပီး ဆင္ျခင္လိုက္နာမယ္ဆိုရင္ေတာ့ ပ်ိဳေမတို႔ရဲ႕မနက္ခင္းတိုင္းက ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔ စိတ္ခ်မ္းသာစရာေကာင္းေနေတာ့မွာေပါ႔။

Photo Source: Pexels

[Unicode]

မနက်ခင်းတွေမှာ တက်တက်ကြွမရှိပဲ တော်တော်နဲ့မထနိုင်တဲ့ နေ့ရက်မျိုးတွေကို အားလုံးပဲတွေ့ကြုံဖူးပြီးသားဖြစ်မှာပါ။ ဒီလိုမျိုးဖြစ်လာရတဲ့ အကြောင်းအရင်းကဘာကြောင့်လဲဆိုတာကိုရော သတိထားမိရဲ့လား။ မနက်ပိုင်းတွေမှာ ဒီလိုမျိုးဖြစ်တယ်ဆိုတာ ညဘက်တွေမှာ အိပ်ရာဝင်တာ နောက်ကျတာမျိုးတွေကြောင့်ပဲ မဟုတ်ပဲ တစ်ခြားအကြောင်းတွေလည်း ရှိနေသေးတာကြောင့် ဆင်ခြင်နိုင်ဖို့ပြောပြပေးချင်ပါတယ်။

မှောင်နေတဲ့အခန်း

အရမ်းမှောင်နေလွန်းတဲ့အခန်းထဲမှာ အိပ်နေတာမျိုးတွေက တကယ်တော့စိတ်ကို ထိုင်းမှိုင်းစေပြီး မနက်ခင်းတွေကိုရောက်လာတဲ့အချိန်တွေမှာလည်း မနက်ခင်းရဲ့အလင်းရောင်တွေကိုမမြင်ရတော့ပဲ အိပ်ချင်စိတ်တွေက ထိန်းမရတော့ပဲ အမြဲတမ်းအိပ်ချင်စိတ်ဖြစ်ပြီး မဖြစ်မနေထရတဲ့အချိန်မှာတော့ စိတ်မကြည်မလင်ဖြစ်နေစေတာပေါ့။

အိပ်ယာဝင်နောက်ကျတာ

အိပ်ယာဝင်တာနောက်ကျရင်တော့ ဘယ်သူမဆို တက်တက်ကြွကြွနဲ့တော့ နိုးမလာနိုင်ပါဘူး။ လူတစ်ယောက်က တစ်နေ့တာမှာရှိသင့်တဲ့ အိပ်ချိန်ပမာဏ ၈နာရီလောက်ရှိမှ သေချာရွှင်ရွှင်လန်းလန်း နေနိုင်မှာပဲဖြစ်ပါတယ်။ အိပ်ယာဝင်တာတွေ အရမ်းနောက်ကျတဲ့နေ့မျိုးတွေဆိုရင်လည်း မနက်ပိုင်းတွေမှာ ကောင်းကောင်းမထနိုင်လောက်တော့ဘူးပေါ့။

စိတ်ဖိစီးမှုတွေများတဲ့အခါ

စိတ်ဖိစီးမှုတွေများတယ်ဆိုတာ လူတိုင်းမှာကြုံတွေ့ရတတ်တဲ့ ကိစ္စတစ်ခုလို့ပြောလို့ရပါတယ်။ စိတ်ညစ်စရာတွေများပြီး စိတ်ညစ်ညစ်နဲ့အိပ်ပျော်သွားတဲ့အခါမှာ မနက်ပိုင်းမှာတော့ ဘယ်လိုမှကြည်ကြည်လင်လင်နဲ့ မနိုးထနိုင်တော့တာတော့ အသေချာပါပဲ။

Alarm ပေးပြီးနိုးတာမျိုး

တကယ်တော့ Alarm ပေးပြီးအိပ်ရာထတာက အဆင်မပြေတဲ့နည်းလမ်းပါ။ အိပ်ပျော်နေတဲ့အချိန်မှာ ရုတ်တရက်ပေါ်လာတဲ့အသံကြောင့် လန့်ပြီးနိုးတာဆိုတော့ စိတ်ကိုလည်းလန်းဆန်းစေမှုမျိုး တွေ့ရတော့မှာမဟုတ်ပါဘူး။

ဒီလိုနည်းလမ်းတွေကို သေချာသုံးသပ်ပြီး ဆင်ခြင်လိုက်နာမယ်ဆိုရင်တော့ ပျိုမေတို့ရဲ့မနက်ခင်းတိုင်းက ပျော်ပျော်ရွှင်ရွှင်နဲ့ စိတ်ချမ်းသာစရာကောင်းနေတော့မှာပေါ့။

Photo Source: Pexels