အာလူးက အရသာရှိတဲ့စားစရာတစ်မျိုးဖြစ်သလို ကြည်လင်တဲ့အသားအရေကို ပိုင်ဆိုင်နိုင်ဖို့လည်း ကူညီပေးနိုင်ပါတယ်။ ပေါင်းတင်နည်းတွေကို မပြောခင် အာလူးရဲ့ အကျိုးကျေးဇူးတွေကို ပြောချင်ပါတယ်။ အာလူးက အစက်အပြောက်တွေ အမှတ်အသားတွေကို လျော့ပါးစေပါတယ်။ အရောင်ကျစေပြီးတော့ မျက်အိတ်ဖောင်းတာကို လျှော့ချပေးပါတယ်။

အိုမင်းရင့်ရော်မှုကို နှေးကွေးစေပြီး လေထုညစ်ညမ်းမှု နေရောင်ခြည်ထိတွေ့မှုကြောင့် ဖြစ်စေတဲ့ အသားအရေပျက်စီးမှုတွေကို ကာကွယ်ပေးပါတယ်။ ဒီတော့ သင့်အသားအရေအတွက် အာလူးအသုံးပြုနည်းတွေကတော့-

၁။ အသားဖြူဖို့အတွက်

Source: DIY Health Remedy

အာလူးဖျော်ရည် လက်ဖက်ရည်ဇွန်း ၃ ဇွန်းကို ပျားရည် ၂ ဇွန်းနဲ့ရောပါ။ သေချာမွှေပြီး မျက်နှာနဲ့ လည်ပင်းပေါ်လိမ်းပါ။ ၁၀မိနစ်ကနေ ၁၅ မိနစ် ခြောက်တဲ့အထိထားပါ။ ရေနဲ့ဆေးချပါ။ ပုံမှန်ပြုလုပ်ပေးပါ။ အကျိုးကျေးဇူးကတော့ ပျားရည်က အစိုဓာတ်အာနိသင်ပေးပါတယ်။ အာလူးက ချေးချွတ်တဲ့ ဂုဏ်သတ္တိပါဝင်တာကြောင့် တောက်ပဖြူစင်တဲ့အသားအရေကို ရရှိစေမှာပါ။

၂။ စိုပြေတဲ့အသားအရေရရှိဖို့

Source: FindHomeRemedy.com

အာလူးဖျော်ရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းနဲ့ သံပယိုရည် ၂ ဇွန်းကို ရောပေးပါ။ ဒီအရောထဲကို ပျားရည် ဇွန်းတစ်ဝက်ထည့်ပါ။ ဒီအရည်ကို မျက်နှာနဲ့လည်ပင်းပေါ်လိမ်းပါ။ ၁၅ မိနစ်ထားပြီး ရေနဲ့ဆေးလိုက်ပါ။ တစ်ရက်ခြားတစ်ခါပြုလုပ်နိုင်ပါတယ်။ သံပယိုရည်ပါဝင်လို့ အရေပြားယားယံတာတွေဖြစ်ရင် ရေရောပေးပါ။ အကျိုးကျေးဇူးကတော့ အာလူးနဲ့ သံပယိုရည်က အဆီပိုတွေကို ဖယ်ရှားပေးပြီး ပိတ်နေတဲ့ချွေးပေါက်တွေကို ဖွင့်ပေးပါတယ်။ ပျားရည်က အသားအရေကို အစိုဓာတ်ပေးပါတယ်။

၃။ ဝက်ခြံပျောက်ကင်းဖို့

Source: StylePresso

ခရမ်းချဉ်သီးအရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း ဒါမှမဟုတ် ခရမ်းချဉ်သီးဖတ် ကို အာလူးရည်နဲ့ ရောပါ။ ပျားရည် လက်ဖက်ရည်တစ်ဇွန်းထပ်ထည့်ပါ။ အရည်ပျစ်ပျစ်လေး ရတဲ့အထိ မွှေပေးပါ။ ဝက်ခြံဖြစ်တဲ့နေရာတွေပေါ် လူးပေးပါ။ ဒါကိုဝက်ခြံပျောက်တဲ့အထိ တစ်နေ့တစ်ကြိမ်ပြုလုပ်နိုင်ပါတယ်။ အာလူးနဲ့ ခရမ်းချဉ်သီးက ဆဲလ်တွေကို ပျက်စီးစေတဲ့ Free Radical တွေကို တိုက်ထုတ်ပေးပါတယ်။ ဘတ်တီးရီးယားနဲ့ ပိုးမွှားတွေကို ဖယ်ရှားပေးပါတယ်။ သူတို့မှာပါတဲ့ အက်ဆစ်ဂုဏ်သတ္တိက ပိတ်နေတဲ့ချွေးပေါက်တွေကို ချဲ့ပေးပါတယ်။ ခရမ်းချဉ်သီးမှာ အက်ဆစ်ဓာတ်ပါဝင်တာမို့ မျက်နှာကိုခြောက်သွေ့စေပါတယ်။ ဒါကြောင့် ပျားရည်ထည့်ရပါမယ်နော်။

၄။ အသားအရေမညီတာအတွက်

Source: HealthResource4U

အာလူးဖျော်ရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ဆန်အမှုန့်တစ်ဇွန်း၊ သံပယိုတစ်ဇွန်းနဲ့၊ ပျားရည်တစ်ဇွန်းကို ရောပေးပါ။ ဒါကို မျက်နှာနဲ့လည်ပင်းပေါ်ကို လိမ်းပြီး ခြောက်တဲ့အထိထားပါ။ ပြီးတာနဲ့ စက်ဝိုင်းပုံစံဆေးပေးပါ။ တစ်ပတ်မှာ နှစ်ကြိမ်ပြုလုပ်နိုင်ပါတယ်။ အာလူးက ညိုတဲ့နေရာတွေကို သက်သာစေပါတယ်။ ဆန်မှုန့်က ဆဲလ်သေတွေကို ဖယ်ရှားပေးတာမို့ တောက်ပတဲ့အသားအရေကို ရရှိစေမှာပါ။ သံပယိုရည်က ချွေးပေါက်ကျဉ်းစေပြီး ပျားရည်က အစိုဓာတ်ပေးပါတယ်။

၅။ အရေးကြောင်းအတွက်

Source: Musely

ကျိတ်ပီးသား အာလူးတစ်လုံး၊ နို့စိမ်းရည် လဘရည်ဇွန်း ၂ ဇွန်းနဲ့ ဂလစ်စရင်း သုံးလေးစက်ရောပေးပါ။ ခြောက်တဲ့အထိ ၁၅ မိနစ်ကြာ ထားပေးပါ။ ဒီ Mask ကို တစ်ပတ်နှစ်ကြိမ်သုံးပေးနိုင်ပါတယ်။ ဂလစ်စရင်းနဲ့ အာလူးက အသားအရေကို အစိုဓာတ်ပေးပြီး တင်းရင်းစေပါတယ်။ ဂလစ်စရင်းက သင့်အတွက် ယားယံမှုဖြစ်စေရင်တော့ မသုံးပါနဲ့နော်။

၆။ အာလူးနဲ့ စတော်ဘယ်ရီ

Source: HowToXP.com

အာလူးတစ်လုံး စတော်ဘယ်ရီသီးနှစ်လုံးတို့ကို အရည်ဖျော်ပါ။ ဒီထဲကို ပျားရည်ထည့်ပါ။ မျက်နှာနဲ့ လည်ပင်းပေါ်မှာ ၁၅ မိနစ်ကြာထားပေးပါ။ တစ်ပတ်ကို နှစ်ကြိမ်ကနေ သုံးကြိမ်အထိ အသုံးပြုပေးနိုင်ပါတယ်။ စတော်ဘယ်ရီသီးမှာ ဗီတာမင်စီနဲ့ ဖောလစ်အက်ဆစ်ပါဝင်ပြီး ချေးချွတ်ပေးပါတယ်။ ကော်လဂျင်ဓာတ်ကို တိုးပွားစေပြီး နုပျိုတဲ့အသားအရေကို ပိုင်ဆိုင်စေမှာပါ။

၇။ အာလူးနဲ့ နနွင်း

Source: Boldsky.com

ကျိတ်ထားတဲ့ အာလူးတစ်ဝက်နဲ့ နနွင်း ဇွန်းတစ်ဝက်ရောပါ။ ဒီအနှစ်ကို မျက်နှာပေါ်လိမ်းပါ။ ၁၅ မိနစ်ထားပြီး ရေနဲ့ဆေးချပါ။ တစ်ပတ်မှာ နှစ်ကြိမ်ကနေ သုံးကြိမ်ပြုလုပ်နိုင်ပါတယ်။ အကျိုးကျေးဇူးကတော့ နနွင်းက ဘတ်တီးရီးယားတွေကို တိုက်ထုတ်ပေးပါတယ်။ အသားအရေကို တောက်ပစေပါတယ်။

၈။ ကြည်လင်တဲ့အသားအရေအတွက် တစ်ရှူးသုံးမယ်

အာလူးဖျော်ရည် သုံးဇွန်းထည့်ထားတဲ့ ခွက်ထဲကို တစ်ရှူးတစ်ရွက် နှစ်လိုက်ပါ။ အာလူးရည်တွေ စိမ့်ဝင်သွားပါစေ။ ဒီတစ်ရှူးကို မျက်နှာပေါ်ကပ်လိုက်ပါ။ နှာခေါင်းပေါက်နဲ့ မျက်လုံးနေရာကို ဖောက်လိုက်ပါ။ ခြောက်သွေ့အောင်ထားပြီး ရေဆေးချပါ။ တစ်ပတ်မှာ နှစ်ကြိမ်ကနေ သုံးကြိမ်ပြုလုပ်နိုင်ပါတယ်။ အာလူးမှာပါဝင်တဲ့ အင်တီအောက်ဆီးဒင့်က အသားအရေကို နုပျိုစေပါတယ်။ ကျန်းမာပြီး တောက်ပတဲ့အသားအရေကို ရရှိစေပါတယ်။

၉။ အာလူးနဲ့ ကြည်ဥ

Source: Medical News Today

အာလူးတစ်ဝက်အရည်နဲ့ ကြည်ဥကို ရောပေးပါ။ မျက်နှာပေါ်တင်ပြီး ခြောက်တဲ့အထိထားပေးပါ။ တစ်ပတ်မှာ နှစ်ကြိမ်ကနေ သုံးကြိမ်ပြုလုပ်နိုင်ပါတယ်။ ကြည်ဥမှာ ပရိုတင်းပါဝင်တာကြောင့် အသားအရေကို တင်းရင်းစေပါတယ်။

၁၀။ အာလူး၊ သခွားသီး၊ သံပယိုသီးနဲ့ နနွင်း

Source: Vkool.cm

အာလူးဖျော်ရည် ၂ ဇွန်း သခွားသီးရည် ၂ ဇွန်း သံပယိုရည်တစ်ဇွန်းကို ရောပါ။ နနွင်းမှုန့်ုအနည်းငယ်ကို ရောပါ။ မျက်နှာနဲ့ လည်ပင်းပေါ်လိမ်းပြီးတာနဲ့ ရေနဲ့ဆေးပါ။ တစ်ပတ်မှာ နှစ်ကြိမ်ပြုလုပ်နိုင်ပါတယ်။ သခွားသီးက အရေပြားကို အေးမြစေပြီး ညိုနေတဲံ့အသားအရေကို ပြန်လည်ကောင်းမွန်စေပါတယ်။

၁၁။ ငယ်ရွယ်နုပျိုဖို့အတွက်

Source: Lady Formula

အာလူးဇွန်းတစ်ဝက်နဲ့ သဘာဝဒိန်ချဉ် ၂ ဇွန်းကိုရောပါ။ မျက်နှာမှာလိမ်းပြီး ၁၅ မိနစ်ထားပါ။ ပြီးတာနဲ့ ရေဆေးပါ။ တစ်ပတ်မှာ နှစ်ကြိမ်လုပ်နိုင်ပါတယ်။ ဒိန်ချဉ်က အိုမင်းဖြစ်စဉ်ကို နောက်ကျစေပါတယ်။

၁၂။ အာလူး၊ သခွားသီး၊ ကြက်ဥနဲ့ မုန့်ဖုတ်ဆိုဒါ

Source: The Wellness Info

လှီးထားတဲ့သခွားသီး လေးပုံပုံရင် တစ်ပုံ၊ အာလူးအစိမ်း၊ ကြက်ဥတစ်ဥ၊ ဒိန်ချဉ်နဲ့ မုန့်ဖုတ်ဆိုဒါ အားလုံးကို ရောပြီးအနှစ်လုပ်ပါ။ ဒါကို မျက်နှာပေါ်လိမ်းပြီး ၂၀-၃၀ မိနစ်ထားပါ။ ရေနဲ့ဆေးချပါ။ တစ်ပတ်မှာသုံးကြိမ်ပြုလုပ်နိုင်ပါတယ်။ အကျိုးကျေးဇူးကတော့မုန့်ဖုတ်ဆိုဒါက ချေးချွတ်တာဝန်ကိုထမ်းဆောင်ပြီး ဒိန်ချဉ်၊ အာလူးနဲ့ ကြက်ဥက ချွေးပေါက်ပိတ်တာကို သက်သာစေပါတယ်။ အဆီတွေကို ဖယ်ရှားပေးပြီး အသားအရေ ကြည်လင်တောက်ပစေပါတယ်။