ချစ်သူရှိတယ်ဆိုရင် ကိုယ့်ချစ်သူကို ဘယ်မှာတွေ့ခဲ့သလဲဆိုတာ Comment လေးတွေ ပေးခဲ့ဦးနော်။ တကယ်အရည်အသွေးရှိပြီး ဆွဲဆောင်မှုရှိတဲ့ အမျိုးသားကောင်း အမျိုးသမီးကောင်းတွေကို ဒီလိုနေရာမှာ ရှာတွေ့နိုင်ပါတယ်။

ပရဟိတလုပ်ငန်းတွေ

Source: humanutopia.com

ပရဟိတတွေ လုပ်ဆောင်နေတဲ့နေရာတွေမှာ ချစ်သူကောင်းတစ်ယောက်ကို တွေ့ရှိနိုင်ပါတယ်။ ကိုယ့်ရဲ့ ရပ်ရေးရွာရေး လုပ်အားပေး ဆောင်ရွက်တဲ့နေရာတွေမှာ စေတနာလုပ်အားပေးအဖြစ် ပါဝင်ဆောင်ရွက်တဲ့ လူငယ်တွေ အများကြီးပါပဲနော်။ ကိုယ့်ရဲ့ ဖူးစာရှင်ကိုလည်း ဒီလိုနေရာမှာ ရှာတွေ့နိုင်ပါတယ်။

ကျောင်းသားဟောင်းများ တွေ့ဆုံပွဲ

Source: punchbowl.com

ကျောင်းသားဟောင်းတွေ တွေ့ဆုံပွဲ ဒါမှမဟုတ် ကျောင်းပေါင်စုံတွေ့ဆုံပွဲတွေမှာ ချစ်သူကို ရှာတွေ့နိုင်ပါတယ်။ ငယ်ငယ်ကခင်ခဲ့တဲ့ သူငယ်ချင်းကို ပြန်ပြီးတွေ့ပြီး ချစ်မိရင်တော့ ကျောင်းတုန်းက အဖြစ်အပျက်လေးတွေ ပြောလို့ကုန်မယ်မထင်ဘူးနော်။

သင်စိတ်ဝင်စားတဲ့ အားကစား ဒါမှမဟုတ် Activity တစ်ခုခုမှာ

Source: EVOKE.ie

ဥပမာ ကိုယ်က သင်တန်းတက်နေရင်လည်း သင်တန်းမှာ ကိုယ့်ရဲ့ ဖူးစာရှင်ကို ရှာတွေ့နိုင်ပါတယ်တဲ့။ ကိုယ်နဲ့ နီးစပ်ရာ ကိုယ်သွားတတ်တဲ့နေရာတွေမှာ သင့်ရဲ့ မျက်စိရှေ့မှာသာ ရှိနေတဲ့ သူတွေကပဲ ချစ်သူဖြစ်လာတာပါ။ မြင်မြင်းချင်း ချစ်တယ်ဆိုရင်တောင် မမြင်ဘဲနဲ့တော့ ဘယ်လိုချစ်မှာလဲနော်။

ရန်ပုံငွေပွဲတွေ

Source: Stocksy United

ရန်ပုံငွေပွဲတွေ လူမှုရေးပွဲတွေမှာလည်း ချစ်သူကောင်းတစ်ယောက်ကို ရှာဖွေတွေ့ရှိနိုင်ပါတယ်။ ဒီလိုနေရာတွေမှာ ချစ်သူကောင်းသာမက လူကောင်းကိုပါ ရှာတွေ့နိုင်ပါတယ်။

Facebook

Source: Rimma.co

Facebook မှာလည်း ချစ်သူကောင်းတစ်ယောက်ကို ရှာတွေ့နိုင်ပါတယ်။ တစ်ချို့ဆို FB မှာ ချစ်သူဖြစ်ရင် တကယ်လက်ထပ်သွားတဲ့သူတွေရှိပါတယ်။ ဒါပေမယ့်လည်း အပြင်မှာ တကယ်ဆုံကြည်ပြီး သူ့အကြောင်း သေသေချာချာသိမှ ရွေးချယ်ပါ။

သင့်ရဲ့အိမ် (သို့) အလုပ် (သို့) ဆိုင်တစ်ခုခုမှာ

Source: Educaro India

သင့်ရဲ့ အလုပ်မှာပဲဖြစ်ဖြစ် အိမ်မှာပဲဖြစ်ဖြစ် ဆိုင်မှာပဲဖြစ်ဖြစ် တစ်ခါတလေမှာ ဖေဖေက ဒါမှမဟုတ် သူငယ်ချင်းက ဖိတ်ကြားလိုက်တဲ့ ဧည့်သည်တွေထဲမှာ မထင်မှတ်ပဲ ကိုယ့်ရဲ့ ဖူးစာရှင် ပါလာတတ်ပါတယ်နော်။

မင်္ဂလာဆောင်ပွဲမှာ

Source: adamlevibrownephotography.com.au

မင်္ဂလာဆောင်ပွဲတွေမှာလည်း ကိုယ့်ရဲ့ချစ်သူကို ရှာတွေ့နိုင်ပါတယ်။ မထင်မှတ်ဘဲ ကိုယ့်အတွက် ပြီးပြည့်စုံတဲ့ချစ်သူတစ်ယောက်ကို ဒီမှာ တွေ့နိုင်ပါသေးတယ်။

Matchmaker (အောင်သွယ်) တွေကနေတဆင့်

Source: Room Motels

တစ်ချို့ကတော့ အရင်ကမသိခဲ့ဘဲ အောင်သွယ်တွေ မိတ်ဆက်ပေးရာကနေပြီးတော့ ချစ်ကြိုးသွယ်ပြီး တကယ်လက်ထပ်သွားတဲ့သူတွေရှိပါတယ်။