တစ်ကိုယ်ရည်သန့်ရှင်းမှုအားနည်းတာကြောင့် တစ်ချို့သောသူတွေဆီမှာ ဂုတ်မည်းနေတာမျိုးတွေရှိတတ်ပါတယ်။

ဒီလိုအဖြစ်မျိုးတွေက အရမ်းကိုရှက်စရာကောင်းပြီး၊ ကိုယ့်ကိုယ်ကိုလည်းယုံကြည့်မှုလျော့နည်းစေတာကြောင့် ဒီပြဿနာတွေကိုဖြေရှင်းပေးနိုင်မယ့် နည်းလမ်းကောင်းတစ်ချို့ကို လေ့လာကြည့်ရအောင်နော်။

ရှားစောင်းလက်ပတ်အနှစ်

ရှားစောင်းလက်ပတ်က အသားအရေကို သဘာဝတိုင်းဖြူစင်လာစေပြီး အစိုဓာတ်ရရှိအောင်လုပ်ပေးနိုင်တာကြောင့် ဒီလိုပြဿနာတွေကိုဖြေရှင်းနိုင်ဖို့ နည်းလမ်းကောင်းတစ်ခုပါပဲ။ အရေပြားမှာပျက်စီးသွားတဲ့ ဆဲလ်တွေအစား ဆဲလ်အသစ်တွေကိုပြန်လည်ဖန်တီးပေးနိုင်တာကြောင့် အရမ်းကို ကောင်းပါတယ်။ ရှားစောင်းလက်ပတ်အနှစ်ကို ဂုတ်မှာလိမ်းပေးပြီး အသားထဲစိမ့်ဝင်အောင် နှိပ်နယ်ပေးလိုက်ပါ။ မိနစ် ၂၀ လောက်ထားပြီးမှ ရေဆေးချလိုက်ပါ။ နေ့တိုင်းပုံမှန်လုပ်ပေးရင် သိသာတဲ့ရလဒ်ကို လျှင်မြန်စွာရရှိလာမှာဖြစ်ပါတယ်။

လိမ္မော်သီးအခွံ

လိမ္မော်သီးမှာ ဗီတာမင်စီဓာတ်တွေ ကြွယ်ဝစွာပါဝင်နေတာကြောင့် အသားအရေကိုပြန်လည်ဖြူစင်လာစေဖို့ အများကြီးကူညီပေးနိုင်ပါတယ်။ လိမ္မော်သီးကိုစားပြီးသွားရင် အခွံတွေကိုမလွတ်ပစ်ပဲ နေပူထဲမှာလှန်းထားပေးလိုက်ပါ။ အခွံတွေခြောက်သွားပြီဆိုရင်တော့ အမှုန့်ဖြစ်အောင်လုပ်ပေးပြီး နွားနို့နဲ့ရောကာ အနှစ်ဖြစ်အောင်လုပ်ပေးရမှာပါ။ ရလာတဲ့အနှစ်ကိုမှ မည်းနေတဲ့ဂုတ်နေရာပေါ်တင်ထားပေးပြီး ခြောက်သွားတဲ့ထိထားပြီးမှ ရေဆေးချပေးရမှာပါ။ ဒီနည်းလမ်းကလည်း နေ့တိုင်းလုပ်ပေးနိုင်ရင် ပိုပြီးတော့အကျိုးသက်ရောက်မှုရှိမှာပါ။

အာလူးအရည်

အာလူးကလည်း အသားအရေပေါ်မှာဖြစ်နေတဲ့ ညိုမဲနေတာတွေကို ပြန်လည်ဖြူစင်လာအောင် လုပ်ပေးနိုင်စွမ်းရှိပါတယ်။ အာလူးကိုအရည်ရအောင်လုပ်ပြီး ရှောက်သီးအရည်နဲ့ ရောစပ်ပေးရမှာပဲဖြစ်ပါတယ်။ ပြီးသွားရင်တော့ ရောစပ်ပြီးတဲ့အရည်ကို ဂုတ်ပေါ်မှာလိမ်းပေးပြီး ၁၅ မိနစ်လောက်ထားထားပေးပြီးမှာ ရေနွေးနွေးနဲ့ပြန်ပြီးတော့ ဆေးကြောပေးရမှာပါ။ နေ့တိုင်းလုပ်ပေးမယ်ဆိုရင် မည်းညစ်နေတဲ့ဂုတ်ကိုအချိန်တိုအတွင်းပြန်လည် ဖြူစင်လာစေမှာပါ။