ခရစ်စမတ်လည်းနီးပြီဆိုတော့ လက်ဆောင်လေးတွေပေးဖို့ ဝယ်ရပြန်ရော။ လူစုံတက်စုံအတွက် ဝယ်ပြီးမှ ညီမလေးအတွက် လက်ဆောင်ကို စဉ်းစားနေရတယ်။ နေရာတကာလည်း အသုံးဝင်ပြီး နောက်လာမယ့် ၂၀၁၉ တစ်နှစ်ပတ်လုံး တန်ဖိုးရှိရှိသုံးဖို့လို့ တွေးလိုက်တော့ စမတ်ဖုန်း အမိုက်စားလေးတွေပဲ ချက်ချင်းပြေးမြင်မိတယ်။ ဟုတ်ပြီ။ ဒီလောက် လက်ရှိခေတ်စားနေတဲ့ ရွေးချယ်စရာ စမတ်ဖုန်းတွေ အများကြီး ရှိတဲ့ထဲက ဘယ်ဖုန်းကိုရွေးဝယ်ရင်ကောင်းမလဲ။

ဒီနှစ်ထဲမှာ စမတ်ဖုန်းတိုင်း ခေတ်စားတာတော့ မဟုတ်ဘူး။ အရင်က Screen ပေါ်မှာ ကင်မရာနဲ့ အောက်ခြေ Button တွေအတွက် နေရာပေးရတဲ့ ဒီဇိုင်းအစား Notch လေးတွေနဲ့ Full-Screen ဒီဇိုင်းလေးတွေက ၂၀၁၈ မှာ လူပြောအများဆုံးနဲ့ အသိသာဆုံး ပြောင်းလဲမှုတစ်ခုပဲ။ နောက်ပြီး ညီမလေးတို့လို လူငယ်တွေအတွက် အလိုအပ်ဆုံးဖြစ်တဲ့ ကင်မရာနဲ့ Selfie ကလည်း အဆင်ပြေရမယ်။ ခုတလော လူတွေ အဆော့များနေတဲ့ PUBG လို မိုဘိုင်းဂိမ်းအကြီးတွေကိုလည်း ဆော့နိုင်ဖို့ မန်မိုရီကလည်း ကောင်းကောင်းပါဦးမှ မဟုတ်လား။

ဒီအချက်တွေအားလုံးနဲ့ ကိုက်ညီနေပြီးတော့ ဈေးလည်းအရမ်းမကြီးတဲ့ Honor 8X ကိုပဲ ညီမလေးအတွက် ရွေးပြီး ဝယ်ပေးလိုက်တော့မယ်။ သူ့မှာ Selfie အတွက် ရှေ့ကင်မရာကို အရမ်းမကြီးသလို အရမ်းလည်းမသေးတဲ့ Notch ထဲမှာ ထည့်ထားပြီး ကင်မရာရဲ့ Megapixel က 16MP တောင် ရှိတယ်လေ။ ဒီလောက်ဆိုရင်တော့ သူ Selfie ကောင်းကောင်းရိုက်ပြီး အွန်လိုင်းပေါ် ဆက်တိုက်တင်တော့မှာ သေချာနေပြီ။

Display ကလည်း ခြောက်လက်မခွဲတောင် ဆိုတော့ Facebook သုံးရုံတင်မကဘူး၊ ဖုန်းလေးနဲ့ ရုပ်ရှင်လေးကြည့်၊ ဂိမ်းလေးဆော့မယ် ဆိုလည်း အိုကေမှာသေချာတယ်။ ပိုအရေးကြီးတာက Storage ။ ဖုန်းနဲ့ပဲ အချိန်ကုန်နေတတ်တဲ့ လူငယ်တွေအတွက်က ဖုန်းက storage များများဆန့်လေ ကြိုက်လေ မဟုတ်လား။ ဒီဖုန်းက 128GB ဖြစ်နေတော့ ရုပ်ရှင်တွေပဲ ထည့်ထားထား၊ သီချင်းတွေပဲ အများကြီးထည့်ထည့်၊ Selfie ပုံတွေ ပြန်မဖျက်ဘဲ သိမ်းထားလည်း စိတ်ကြိုက်သုံးလို့ ရမယ်။ ဘက်ထရီကလည်း 3750 mAh ဆိုတော့ ဘယ်ဆိုးလို့လဲ။

ကဲ…အရေးအကြီးဆုံးကတော့ ဈေးနှုန်းပဲ။ သြော် ဈေးကျတော့ မနှစ်က ထွက်ခဲ့တဲ့ Honor 7X ထက်တောင် အခု Honor 8X က ပိုသက်သာနေသေးတယ်။ မန်မိုရီ 4GBG မော်ဒယ်ကို ၃၅၉,၀၀၀ ကျပ်နဲ့ မန်မိုရီ 6GB ကိုမှ ၃၉၉,၀၀၀ ကျပ်ပဲ ဆိုတော ခေတ်မီတဲ့ ဒီဇိုင်းနဲ့ Specs ကောင်းတာ လိုချင်တဲ့ ညီမလေးအတွက်တော့ အကောင်းဆုံး ဖြစ်မှာပဲ။ အရောင်လေးကိုတော့ ညီမလေးအကြိုက်ဆုံး အနီရောင်လေးကိုပဲ ရွေးလိုက်မယ်။ ဒီလက်ဆောင်လေးက ညီမလေးအတွက် ပျော်စရာအကောင်းဆုံး ခရစ်စမတ်လက်ဆောင်လေး ဖြစ်နေမှာသေချာတယ်။