မင်္ဂလာပါနော်။ နွေရာသီဆိုတော့တခြားရာသီတွေထက် ပိုပူတဲ့ ရာသီတစ်ခုပါပဲ။ ဒါ့ကြောင့် တခြားရာသီတွေထက် အသားအရေကို ပိုပြီးဂရုစိုက်သင့်သလို ကျန်းမာရေးကိုလည်း ပိုပြီးဂရုစိုက်သင့်ပါတယ်။

အသားအရေလှဖို့

၁။ နေ့စဉ် Moisturizer လိမ်းပါ

၂။ တစ်ပတ် ၁ ကြိမ် ၂ ကြိမ် အသားအရေကို ဂျီးချွတ်ပေးပါ

၃။ ရေများများသောက်ပါ

၄။ နေလောင်ကာကွယ်ပေးတဲ့ ခရင်မ်လိမ်းပေးပါ

၅။ ရှားစောင်းလက်ပပ်သုံးပါ ၊ အသားအရေအတွက်လည်းသုံးလို့ရသလို ဆံကေသာအတွက်လည်း သုံးလို့ရပါတယ်။

၆။ ကျန်းမာရေးနဲ့ညီညွတ်အောင်စားပါ။ အထူးသဖြင့် ရေဓာတ်ကြွယ်ဝတဲ့အစားအစာစားပါ။

ဆံကေသာထိန်းသိမ်းနည်း

၁။ ခေါင်းကို တစ်ပတ် ၃ ကြိမ် ၄ ကြိမ်ခန့်လျှော်ပါ။

၂။ ပေါင်းဆေးသုံးပါ။

၃။ သဘာဝအတိုင်း ပေါင်းတင်ပေးပါ။

မိတ်ကပ်လိမ်းတဲ့အခါ

၁။ မိတ်ကပ်ကို ခပ်ပါးပါးပဲလိမ်းပါ။

၂။ Primer လိမ်းဖို့မမေ့ပါနဲ့။

၃။ ရေစိုခံတာသုံးပါ။ ဘာလို့လဲဆိုတော့ ချွေးပြန်ရင် အဆီပြန်ပြီး မိတ်ကပ်ပျက်လွယ်ပါတယ်။

၄။ နှုတ်ခမ်းသားကို ဂရုတစိုက် ထိန်းသိမ်းပါ။ နှုတ်ခမ်းကို သကြား နဲ့သံလွင်ဆီ (သို့) ပျားရည်ရောပြီး သေချာပွတ်ပေးလိုက်ပါ။ ၅ မိနစ်လောက်ထားကာ ရေဆေးချလိုက်ပါ။