မြန်မာလူမျိုးတွေအတွက်တော့ အဝတ်ဗလာနဲ့ အိပ်တာဟာ ကြားရတာနဲ့တင် တမျိုးကြီးဖြစ်နေမှာပါ။ ဒါပေမယ့်လည်း အဝတ်ဗလာနဲ့ အိပ်လိုက်မယ်ဆိုရင် ရရှိမယ့်အကျိုးကျေးဇူးတွေကလည်း ရှိနေပါတယ်။ အဝတ်ဗလာနဲ့ အိပ်တဲ့အတွက် ရလာမယ့်အကျိုးဆက်တွေက ဘာများပါလိမ့်…။

စိတ်လွတ်လက်လွတ်အနားရတာ

ဘယ်အရာကမှ သင့်စိတ်ကို စနိုးစနောင့်ကြီးဖြစ်မနေစေတော့ပါဘူး။ကိုယ်စိတ်ထဲရှိတဲ့ အတိုင်း ကိုယ့်လှုပ်ရှားမှုတွေက လိုက်နေမှာပါ။ဘယ်အရာတွေကမှလည်း သင့်ကို ထိန်းချုပ်ကန့်သတ်မထားတော့ပါဘူး။အိပ်စက်ချိန်ဟာ စိတ်လွတ်ကိုယ်လွတ်ရှိနေတဲ့အတွက် သင်တနေ့တာ ကြုံတွေ့ခံစားခဲ့ရတဲ့ စိတ်ဖိစီးမှုသောကတွေကလည်း ယူပစ်သလို ပျောက်သွားစေနိုင်ပါတယ်။

ရောဂါကူးစက်မှုအန္တရာယ်ကို တိုက်ဖျက်နိုင်တာ

အိပ်စက်ချိန်မှာ အဝတ်အစားတွေရှိမနေတဲ့အတွက် သင့်ခန္ဓာကိုယ်ရဲ့ အပူချိန်ဟာလည်း လျှော့ကျသွားမှာပါ။ဒီလိုအပူချိန်လျော့ကျသွားတဲ့အတွက်  သင့်ခန္ဓာကိုယ်အတွင်း ဘတ်တီးရီးယားတွေ ဝင်ရောက်ခိုအောင်းနေထိုင်လို့ မရနိုင်တော့ပါဘူး။အကြောင်းကတော့ ခန္ဓာကိုယ်တွင်းက အချို့အပူချိန်တွေဟာ ဘတ်တီးရီးယားပိုးမွှားတွေ ရှင်သန်နေထိုင်နိုင်တဲ့ အခွင့်အလမ်းဖြစ်နေတဲ့အတွက်ကြောင့်ပါပဲ။

ကိုယ်အလေးချိန်လျော့ကျစေတာ

အဝတ်ဗလာနဲ့ အိပ်စက်မယ်ဆိုရင် ကိုယ်ခန္ဓာအတွင်းက ပိုလျှံနေတဲ့ ကယ်လိုရီတွေကိုလည်း လောင်ကျွမ်းစေနိုင်ပါသေးတယ်။ဒီလိုအိပ်စက်ခြင်းဟာ ကိုယ်ခန္ဓာအတွင်းက ကယ်လိုရီတွေကို နှင်ထုတ်နိုင်ရုံတင်မက စိတ်ထဲက stress တွေကိုလည်း နှင်ထုတ်နိုင်ပါသေးတယ်တဲ့။ဒီတော့ stress တွေပိတာနဲ့ အစားတွေအများကြီးလျှောက်စားတတ်ကြတဲ့ သဘာဝကလည်း ရှိနေတဲ့အတွက် stress တွေကို မောင်းထုတ်လိုက်ပြီဆိုရင် အစားတွေအများကြီးစားနေတတ်တာတွေကိုလည်း အလိုလိုရပ်တန့်ပြီးသားဖြစ်သွားမှာပါ။

နုပျိုခြင်းရဲ့ လျှိူှုဝှက်ချက်

ဘာဆိုင်လဲ လို့တော့ မမေးလိုက်ပါနဲ့။တကယ်ကို ကျန်းမာနုပျိုစေတဲ့ လျှိူ့ဝှက်ချက်ဟာ အဝတ်ဗလာနဲ့ အိပ်စက်ခြင်းပါပဲတဲ့။ဒါဟာ  လူအများကြီးကို  သုတေသနပြုပြီးတော့မှ ရရှိလာတဲ့ ရလာဒ်လည်းဖြစ်ပါတယ်။အသက်ရှည်ကျန်းမာချင်တယ်ဆိုရင်တော့ ညတိုင်းမှာ သင့်ကိုယ်ပေါ်က ဝတ်ရုံလွှာတွေကို ဖယ်ခွာချလိုက်ဖို့ လိုပြီနော်

ကြွက်သားနဲ့ အရိုးတွေကို ခိုင်မာစေတယ်

အံ့သြစရာပါပဲ။အဝတ်အစားတွေကို ခန္ဓာကိုယ်က ဖယ်ခွာချလိုက်ပြီဆိုရင်ပဲ ကိုယ်တွင်းက ဟော်မုန်းဓာတ်တစ်မျိုးထွက်ရှိလာပါတယ်။အဲဒီဟော်မုန်းဓာတ်ဟာ  သင့်ရဲ့ ကြွက်သား နဲ့ အရိုးတွေကို ပိုမိုခိုင်မာသန်စွမ်းလာပါစေတယ်တဲ့။

သွေးလည်ပတ်မှုအားကောင်းတယ်

သွေးလည်ပတ်မှုဟာ လူတိုင်းရဲ့ ကျန်းမာရေးအတွက် အလွန်ကို အရေးပါအရာရောက်တဲ့ အချက်ပါပဲ။သွေးလည်ပတ်မှုအားကောင်းဖို့အတွက် လူတွေက လေ့ကျင့်ခန်းတွေ ဆေးဝါးတွေနဲ့ နည်းလမ်းမျိုးစုံသုံးပြီး ပြုလုပ်နေကြရတာပါ။အဲဒီလိုခက်ခက်ခဲခဲတွေပြုလုပ်ရမယ့်အစား အဝတ်ဗလာနဲ့ သာ အိပ်စက်လိုက်ပါ။သင့်ကျန်းမာရေးအတွက် အိပ်စက်ခြင်းဆီကနေ အကျိုးအများကြီးရရှိလာပါလိမ့်မယ်။