စိတ်ညစ်နေတဲ့အချိန်သီချင်းနားထောင်ပေးခြင်းက သင့်စိတ်ခံစားချက်ကိုကောင်းမွန်လာအောင်ပြုလုပ်ပေးပါတယ်။ ဒါ့အပြင် တေးသီချင်းတွေက သင့်ဥာဏ်ရည်ကို မြင့်တင်ပေးပါတယ်။ ဆက်လက်ဖော်ပြပေးချင်တာကတော့ ဘာကြောင့်တေးသီချင်းတွေကို နားထောင်သင့်လဲဆိုတာကို သိပ္ပံနည်းကျသက်သေပြထားတဲ့ ကောင်းကျိုးတွေပဲဖြစ်ပါတယ်။

၁။ သီချင်းတွေက သင့်ကိုပျော်ရွှင်စေတယ်

Photo Source: www.psychologies.co.uk

ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာသိပ္ပံပညာရှင် Valoire Salimpoor ရဲ့စမ်းသပ်ချက်အရ သီချင်းနားထောင်စဉ်မှာ ဦးနှောက်ကနေ Dopamine လို့ခေါ်တဲ့ စိတ်ပျော်ရွှင်စေတဲ့ဟော်မုန်းကို ထုတ်လွှတ်ပေးပါတယ်။

၂။ အပြေးလေ့ကျင့်ရာမှာ ကူညီပေးတယ်

Photo Source: jeremyhelligar.blogspot.com

သီချင်းအေးအေးလေးတွေဖြစ်စေ၊ မြူးတဲ့သီချင်းတွေဖြစ်ဖြစ် နားထောင်ပေးရင် အပြေးမြန်စေပါတယ်။

၃။ စိတ်ဖိစီးမှုကို လျော့ချပေးတယ်

Photo Source: blog.loopearplugs.com

စိတ်ဓာတ်ကျတဲ့နေ့ဆိုရင် ရေဒီယိုကနေပဲဖြစ်ဖြစ်၊ ဖုန်းကနေပဲဖြစ်ဖြစ် သီချင်းဖွင့်ပြီးနားထောင်လိုက်ပါ။ သင့်စိတ်တည်ငြိမ်အေးချမ်းသွားမှာ အမှန်ပါပဲ။ ပြီးရင်သီချင်းကိုလည်း လိုက်ဆိုကြည့်ပါ။ ခြေထောက်တွေ လက်လေးတွေကိုလည်း စည်းချက်နဲ့အညီ လှုပ်ရှားမှုပြုလုပ်ပေးပါ။ ဒီလိုလုပ်ပေးခြင်းအားဖြင့် သင့်ကိုယ်ခံစွမ်းအားကမြှင့်တက်လာပြီးတော့ စိတ်ဖိစီးမှုကိုဖြစ်ပေါ်စေတဲ့ ဟော်မုန်းတွေကလည်း လျော့ကျသွားမှာပါ။

၎။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေတယ်

Photo Source: www.canadianliving.com

အိပ်ရာမဝင်ခင်မှာ သီချင်းအေးအေးလေးတွေကို (၄၅) မိနစ်ခန့်နားထောင်ပေးခြင်းက သင့်ကိုနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေမှာ အမှန်ပါပဲ။

၅။ စိတ်ကျရောဂါကို သီချင်းက ဖြေဖျောက်ပေးတယ်

Photo Source: www.saksofons.lv

ကမ္ဘာတစ်ဝှမ်းက လူသန်းပေါင်း ၃၅၉ ကျော်က စိတ်ကျရောဂါကို ခံစားနေရပါတယ်။ အိပ်မပျော်တဲ့ ရောဂါကြောင့်လည်း စိတ်ကျဝေဒနာခံစားရနိုင်ပါတယ်။ ဂန္တဝင်သီချင်းနားထောင်ပေးခြင်း၊ တရားထိုင်တဲ့အခါစိတ်ငြိမ်းအေးစေတဲ့ တီးလုံးအေးအေးလေးတွေဟာဆိုရင် စိတ်ကျရောဂါခံစားရတဲ့ဝေဒနာကို လျော့ချပေးပါတယ်။

၆။ ကားမောင်းနေစဉ်မှာ သင့်စိတ်ခံစားချက်ကို မြှင့်တင်ပေးတယ်

Photo Source: parade.com

ကားမောင်းစဉ်သီချင်းနားထောင်ပေးမယ်ဆိုရင် သင့်ကိုအန္တရာယ်မဖြစ်စေဘဲ အာရုံစိုက်နိုင်အောင်ကူညီပေးပါလိမ့်မယ်။

၇။ သင်ယူမှုနဲ့ မှတ်ဥာဏ်စွမ်းအားကို မြှင့်တင်ပေးတယ်

Photo Source: usustatesman.com

တေးသီချင်းတွေက သင်ယူပြီးသားအရာတွေကို ပြန်မှတ်မိနိုင်အောင် ပြုလုပ်ပေးပါတယ်။