ရုပ်မလှလို့ ဆွဲဆောင်မှုမရှိတာမဟုတ်ပါဘူး။ တကယ်တော့ ဆွဲဆောင်မှုဆိုတာ လူတစ်ယောက်ရဲ့ အပြုအမူနဲ့ဆိုင်ပါတယ်။ လှတိုင်းလည်း ဆွဲဆောင်မှုရှိတာမဟုတ်ပါဘူး။ သင့်ရဲ့ အပြုအမူဟာ တပါးသူအပေါ် ဆွဲဆောင်မှုရှိသွားစေဖို့အတွက် အခုဖော်ပြမယ့်နည်းလမ်းလေးကို အခုပဲ ကျင့်သုံးလိုက်ပါ။

နားထောင်တတ်သူဖြစ်ပါစေ။

စွဲဆောင်မှုရှိတဲ့ အပြုအမူထဲမှာ သူတပါး ပြောစကားကို သေသေချာချာ နားထောင်တတ်ခြင်းလည်းပါဝင်ပါတယ်။တပါးသူက ကိုယ့်ကိုပြောပြတဲ့စကားကို သေသေချာချာ သူ့မျက်လုံးကို သေသေချာချာကြည့်ပြီး နားထောင်ပေးပါ။ သင်ဟာ စွဲဆောင်မှုရှိရုံသာမက သင့်ကို လူတွေ ချစ်ခင်လာမှာဖြစ်ပါတယ်။

စကားနဲ့ ကော အမူအရာနဲ့ကော သေသေချာချာ အာရုံစိုက်တုံ့ပြန်ပေးပါ။

နောက်ထပ် အရေးကြီးတဲ့အရာကတော့ သူပြောသမျှကို နားပဲထောင်ရုံတင်မက သင်စိတ်ဝင်စားကြောင်းပြတဲ့အနေနဲ့ စကားပြောပြီး သူ့ရဲ့ စကားကို လိုက်ထောက်ပေးပါ။ ခေါင်းညိတ်ပြတာပဲဖြစ်ဖြစ် စကားနဲ့ လိုက်ပြီး အင်း ပြီးတော့ကော ဆိုပြီး ထောက်ပေးတာပဲဖြစ်ဖြစ် လုပ်ပေးပါ။ သူက ပျော်စရာ ရယ်စရာပြောရင် လိုက်ရယ်ပေးပြီး သူက ဝမ်းနည်းစရာပြောရင်လည်း ထပ်တူ ခံစားပေးပါ။ သူ့ကို နှစ်သိမ့်ပါ။

ကြင်နာတတ်သောသူဖြစ်ပါစေ။

စွဲဆောင်မှုရှိသူတို့ရဲ့ နောက်ထပ် အမူအကျင့်တစ်ခုကတော့ ကြင်နာတတ်တာပါပဲ။ တစ်ပါးသူကို ကူညီဖေးမပါ။

ပြုံးပါ။

ပြုံးရတာ ဘာမှမခက်ပါဘူးနော်။ ရိုးရှင်းပြီး လွယ်ကူတဲ့အရာတစ်ခုပါပဲ။ လူတစ်ယောက်ရဲ့ချစ်ခင်မှုကို ပိုပြီး ရချင်ရင် ပြုံးပါ။

ရယ်ပါ။

ရယ်တာက အကောင်းဆုံးဆေးတစ်ခုပါပဲ။ တပါးသူကို စွဲဆောင်နိုင်ဖို့ကော တခြားသူရဲ့ အားရုံကို သင့်အပေါ် ပုံကျလာဖို့အတွက်ရော ရယ်တာက ကောင်းပါတယ်။ ကျန်းမာရေးအတွက်ရော စိတ်ပိုင်းဆိုင်ရာအတွက်ရော ကောင်းမွန်ပါတယ်။

ယုံကြည်စိတ်ချရတဲ့သူဖြစ်ပါစေ။

ဒါကတော့ စစ်မှန်တဲ့ စွဲဆောင်မှုတရားတစ်ခုပါပဲ။ တပါးသူအတွက် သင်ဟာ ယုံကြည်စိတ်ချရသောသူဖြစ်ပါစေ။

သင်းပျံ့သော ကိုယ်သင်းနံ့လေး။

သင်းပျံ့တဲ့ ကိုယ်သင်းနံ့လေးကလည်း စွဲဆောင်မှုတစ်ခုပါပဲနော်။

ယုံကြည်မှုရှိပါ။

ယုံကြည်မှုရှိဖို့က သင့်ရဲ့ ကိုယ်ရေးကိုယ်တာအတွက်ရော တကယ့်လုပ်ငန်းခွင်အတွက်ရော လိုအပ်တဲ့ အရာပါပဲ။ သင့်ကိုယ်သင် ယုံကြည်မှုအပြည့်ရှိပါ။

အချိန်တိကျပါစေ။

တခြားသူက သင့်ကို ချိန်းလိုက်တဲ့အခါမှာ သင်အချိန်တိတိကျကျသွားပါ။ တစ်ခုခုတာဝန်ပြီးရင်လည်း တိတိကျကျလုပ်ပါ။ သတ်မှတ်ထားတဲ့အချိန်အတွင်း သင့်ရဲ့ လုပ်ငန်းတာဝန်တွေ ပြီးစီးပါစေ။