ကိုယ့်ကိုယ်ကိုဝနေလို့ဆိုပြီး ယုံကြည်မှုတွေနည်းပြီး လှလှလေးတွေဝတ်ဖို့မစဉ်းစားတော့ပဲ ဝနေတာကိုမသိသာစေတော့အောင် အင်္ကျီအပွတွေဝတ်ပြီး ဖြစ်သလိုနေတာမျိုးက တကယ်တော့အဆင်ပြေလွန်းတဲ့ အရာတစ်ခုတော့မဟုတ်ပါဘူး။ ဝနေလို့ဆိုပြီးတော့လည်း ပိန်ပိန်လေးနဲ့ကောင်မလေးတွေကို ကြည့်ပြီးတော့လည်း သိမ်ငယ်နေစရာမလိုတာပါ။

လူတိုင်းမှာ ကိုယ်ပိုင်အလှဆိုတာကို ပိုင်ဆိုင်ထားပြီးသားမို့လို့ ရှိနေပြီးတဲ့အလှတရားကို ပိုပြီးတော့တိုးလာအောင် ပြန်ပြီးတော့ပြုပြင်ရမှာပေါ့။ အဝတ်အစားဆိုရင် ဝတဲ့သူတွေအတွက်ပိုစဉ်းစားရပြီး လိုက်ဖက်အောင်ဝတ်တတ်ဖို့က အရေးကြီးဆုံးလို့ဆိုလိုရပါတယ်။

ကောက်ကြောင်းကိုအဓိကထားပေးပါ

အဝတ်အစားဝတ်တော့မယ်ဆိုရင် ဝနေလို့ဆိုပြီးကျပ်တာလေးတွေ ဝတ်ဖို့မသင့်တော်ဘူးလို့မထင်လိုက်ပါနဲ့။ ကိုယ့်ရဲ့ခန္ဓာကိုယ်အလှအပပေါ်လွင်ဖို့အတွက် အရမ်းကျပ်ထုတ်နေတာမျိုးမဟုတ်ပဲ ခန္ဓာကိုယ်အလှလေးကို ပေါ်လွင်နေစေမယ့် ဝတ်စုံမျိုးလေးပေါ့။

ဗိုက်ပူနေတာတွေကို ဖုံးထားစရာမလိုပါဘူး

ဝနေတဲ့သူတွေရဲ့ ပြဿနာကအဲဒါပါပဲ။ ဗိုက်ပူနေတာကို ရှက်တယ်ဆိုရင် ဖုံးထားပြီးအင်္ကျီတွေက ပုံစံမကျတာတွေကို ဝတ်ဆင်လာကြတယ်။ ဒါမျိုးနည်းလမ်းအမှားကိုရှောင်ပြီး ပေါ့ပေါ့ပါးပါးပဲနေထိုင်ပြီး ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိရှိ နေထိုင်မယ်ဆိုရင်တော့ ပိုကောင်းတာပေါ့။

ပုံသေမမှတ်ထားပါနဲ့

ပုံသေမှတ်ထားတတ်တဲ့အကျင့်မျိုးကို မလုပ်ထားပါနဲ့။ ဆိုင်တွေမှာ အဝတ်အစားသွားဝယ်တဲ့အခါမျိုးမှာ စမ်းဝတ်ကြည့်လို့ တော်ပြီဆိုပြီးချက်ချင်းမဝယ်လိုက်ပါနဲ့ ဒီဟာထက်သေးတဲ့ဆိုဒ်မျိုးကို ထပ်ပြီးတော့စမ်းကြည့်သင့်ပါသေးတယ်။

ဘယ်လိုပုံစံမျိုးကပိုလိုက်ဖက်တယ်ဆိုတာ

အဝတ်အစားတွေကိုဝတ်ဆင်တဲ့အခါမှာ ဖက်ရှင်တစ်မျိုးထဲသွားလို့မရပါဘူး။ ဝတယ်ဆိုပေမယ့်လည်း တစ်ယောက်နဲ့တစ်ယောက် ခန္ဓာကိုယ်အချိုးအစားမတူညီတာကြောင့် ကိုယ်နဲ့လိုက်ဖက်တာမျိုးလေးတွေကို သေချာရှာတတ်ဖို့အရေးကြီးပါတယ်။

စိတ်ပျော်ရွှင်စေတာမျိုးရွေးချယ်ပါ

အဝတ်အစားဆိုတာ ဝတ်လိုက်တဲ့အခါမျိုးမှာ ကိုယ်နဲ့လှနေရင် စိတ်ကလည်းအလိုလိုပျော်ရွှင်လာတာလေ။ ဒီလိုမျိုးဖြစ်စေတဲ့အဝတ်အစားမျိုးကိုပဲ ရွေးချယ်ပြီးဝတ်ဆင်မယ်ဆိုရင် တကယ်ကိုဖက်ရှင်ကျပြီး လှပနေမှာအသေချာပါပဲ။

Photo Source: Pinterest