မိသားစုအတွက် တန်ဖိုးရှိတဲ့အချိန်တစ်ခုကို ဖန်တီးနိုင်ဖို့အတွက်က အလွန်အရေးကြီးတယ်ဆိုတာကို လူတိုင်းသဘောတူကြမှာပါ။ ပျော်စရာတွေနဲ့ ပြည့်နေရုံသာမက သိတတ်လိမ္မာပြီး အခြေခံကောင်းကောင်းနဲ့ သားသမီးတွေကို မွေးမြူတတ်ဖို့ကလည်း လိုအပ်ပါတယ်။

တစုံတခုကိုပြုလုပ်တဲ့အခါတိုင်း အတူတကွလုပ်ကြခြင်းက တစ်ဦးနဲ့တစ်ဦးကြားက သံယောဇဉ်ကို ပိုမိုခိုင်မာစေနိုင်ပါတယ်။ ဥပမာအနေနဲ့ ယနေ့အချိန်မှာ နာမည်ကြီးနေတဲ့ Family Goals လေးတွေကို ပြုလုပ်ပေးမယ်ဆိုရင် မိသားစုတစ်ခုကို ပိုပြီးတော့ ပျော်ရွှင်စရာကောင်းကာ ခိုင်မြဲစေမှာပါ။

ဒါကြောင့် Family Goals ဓာတ်ပုံလေးတွေကို မိသားစုနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ရိုက်ကူးဖို့ဆန္ဒရှိသူများအတွက် ဓာတ်ပုံလေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။

ကိုယ့်မိသားစုဝင်တွေကို Mention ခေါ်လိုက်ပြီး ဘ၀မှာမေ့မရနိုင်မယ့် ချစ်စဖွယ်မိသားစုပုံရိပ်လေးတွေကို အတူတူဖန်တီးနိုင်ကြပါစေနော်။

Source: Architecture & Design