နွေရာသီဆိုရင် ကမ်းခြေကို အများဆုံးခရီးသွားလေ့ရှိပါတယ်။ ကမ်းခြေသွားတဲ့အခါ ကြုံတွေ့လာတဲ့ ပြဿနာတွေကို ရှောင်ရှားနိုင်ဖို့အတွက် စာဖတ်သူတို့ကို အသုံးဝင်မယ့်နည်းလမ်းလေးတွေကို မျှဝေပေးပါမယ်။

၁။ ခြေထောက်မှာ သဲတွေကပ်တာကို ဖယ်ရှားမယ်

နွေပူပူ ကမ်းခြေသွားရင် အသုံးဝင်မယ့်နည်းလမ်းလေးတွေ

ကမ်းခြေမှာလမ်းလျှောက်တဲ့အခါ သဲတွေအများကြီးကပ်တာကိုရှောင်နိုင်ဖို့အတွက် ပေါင်ဒါမှုန့်ကို လိမ်းပေးပါ။ သဲတွေကပ်နေရင်လည်း ပေါင်ဒါမှုန့်နဲ့ လိမ်းပြီး ဖယ်ရှားပေးလိုက်ပါ။

၂။ ကားသော့ပျောက်တာကို ဖြေရှင်းမယ်။

ကားသော့ခဏခဏပျောက်တာကို ဖြေရှင်းနိုင်ဖို့ ပန်းနဲ့ ကားသော့ကို ချည်ပေးလိုက်ပါ။ ပြီးရင် ကားဘီးပေါ်မှာ အခုလို ဖွက်ထားပေးလိုက်ပါ။

၃။ တန်ဖိုးရှိအသုံးအဆောင်တွေကို မပျက်စီးဖို့အတွက်။

ကမ်းခြေမှာ သင့်ရဲ့ ကားသော့၊ ဖုန်း ပိုက်ဆံတွေ မပျက်စီးစေဖို့ ကလေးတွေရဲ့ Diaper (သို့) အတွင်းခံတစ်ခုခုနဲပဖုံးထားလိုက်ပါ။

၎။ ခေါင်းကိုက်ရင်

ရေကူးပြီး ခေါင်းကိုက်တာကိုရှောင်ဖို့အတွက် ရေထဲမဆင်းခင်မှာ ပါးစပ်ထဲလေအပြည့်ထည့်ပြီး ပါးကိုဖောင်းအောင်လုပ်ပါ။ ၁၀ စက္ကန့် စကန့် ၂၀ လောက်လုပ်ပေးပါ။ ပြီးရင် အသက်ကိုပြင်းပြင်းရှုလိုက်ပါ။ ၂ ကြိမ်ပြန်လုပ်ပေးပါ။

၅။ ဖုန်းရေစိုတာကို ကာကွယ်ဖို့

ဖုန်းရေစိုတာကိုကာကွယ်ဖို့အတွက် zip နဲ့ ပိတ်တဲ့အိတ်ထဲထည့်ထားပါ။ ရေစိုခံတာကိုသုံးပါ။

၆။ နားထဲရေ၀င်ရင်

နားထဲရေ၀င်တာကို ထွက်သွားစေဖို့ ပူပေါင်းထဲကို လေမှုတ်ပေးပါ။

၇။ ဖိနပ်နေမလောင်စေဖို့

နေပူပူမှာ ဖိနပ်ထားခဲ့တဲ့အခါ ပက်လက်မထားဘဲ သဲပြင်မှာ မှောက်ပြီး ထားခဲ့ပါ။ ဒါဆို ကိုယ်စီးလိုက်တဲ့အချိန် ဖိနပ်ပူပူကြီးမဖြစ်တော့ပါဘူး။

၈။ အအေးဘူးတွေမှာ သဲမကပ်ဖို့

အအေးဘူးတွေကို ယူလာတဲ့အခါ သဲမကပ်စေဖို့အတွက် စက္ကူခွက်တစ်ခုတည်းကို ထည့်ထားလိုက်ပါ။

၉။ နေလောင်ကွက်ကို ဖယ်ရှားဖို့။

အသားအရေ နေလောင်တာကို ဖယ်ရှားနိုင်ဖို့ ရှားစောင်းလက်ပက်အနှစ်ကို ခဲအောင်လုပ်လိုက်ပြီး မျက်နှာနဲ့ လက်တွေ ကျောတွေမှာ လိမ်းပေးပါ။ အသားအရေပြန်လည် ကျန်းမာလာစေဖို့ အကူအညီဖြစ်ပါလိမ့်မယ်။