ဆံကေသာကျန်းမာသန်စွမ်းခြင်းက သင့်ရဲ့အလှကို တစ်ဖက်တစ်လှမ်းကနေ ထောက်ပံ့ပေးပါတယ်။ ကျန်းမာသန်စွမ်းတဲ့ဆံကေသာက ပိုးသားလေးလိုနူးညံ့တောက်ပြောင်နေတတ်ပြီး ပျက်စီးထိခိုက်တဲ့ဆံကေသာကတော့ မွဲခြောက်ခြောက်နဲ့ ဆံပင်နှစ်ခွဖြစ်ခြင်း၊ ကြမ်းတမ်းခြင်းတို့ကြောင့် ဆံပင်ကို ကိုင်လိုက်တိုင်း စိတ်တိုစရာကောင်းလှပါတယ်။

အဲ့လိုဆံကေသာထိခိုက်ပျက်စီးရခြင်းရဲ့ တရားခံကတော့ မိမိကိုယ်တိုင်ပဲဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆံကေသာထိန်းသိမ်းဖို့ကို မေ့လျော့နေတတ်ကြပြီး ဆံပင်ပျက်စီးစေတဲ့ အလေ့အကျင့်တွေကို ပြုလုပ်မိနေလို့ပါပဲ။

ဆံံပင်ကို မကြာခဏ လက်နဲ့ ပွတ်သပ်ခြင်း၊ အဖျားနှစ်ခွကို လက်နဲ့ ဖယ်ရှားခြင်း

Photo Source: www.psicologia-online.com

ဆံကေသာကို ခဏခဏလက်နဲ့ကိုင်တွယ်တတ်တဲ့အလေ့အကျင့်ရှိရင် ဖျောက်ဖျက်ပစ်လိုက်ဖို့ အကြံပေးပါရစေ။ ဒါ့အပြင် အဖျားနှစ်ခွရှိတယ်ဆိုရင်လည်း လက်နဲ့ဆွဲခါွခြင်းကို ရှောင်ကြဉ်ပါ။ ဆံပင်ကို မလိုအပ်ဘဲနဲ့ လက်နဲ့ ကိုင်တွယ်နေခြင်းက ဦးရေပြားကို ပျက်စီးစေနိုင်သလို ဆံပင်ရဲ့ကျန်းမာသန်စွမ်းမှုကိုလည်း ပျက်စီးစေနိုင်ပါတယ်။ အကယ်၍ အဖျားနှစ်ခွဖြစ်နေတာကို သည်းမခံနိုင်ဘူးဆိုရင် ဆံပင်ညှပ်ဆိုင်သွားပြီး ညှပ်ပေးလိုက်ပါ။ ဒါမှမဟုတ် မိမိဘာသာ ကပ်ကြေးနဲ့ ညှပ်လိုက်ပါ။

မြင်းမြီးပုံစံ တင်းတင်းကျပ်ကျပ်စည်းထားခြင်း

Photo Source: www.theheadshoponline.com

မိန်းကလေးအများစုက အလွယ်ကူဆုံးနဲ့ အလျင်မြန်ဆုံးဖြစ်တဲ့ မြင်းမြီးပုံစံကို စည်းနှောင်ထားကြပါတယ်။ ဒါပေမဲ့ နေ့တိုင်းအဲ့လိုစည်းထားတဲ့အခါ ဆံကေသာကို ပျက်စီးစေပါတယ်။

ဆံပင်စိုနေတဲ့အချိန်မှာ ချက်ချင်းခြောက်အောင် လေမှုတ်စက်သုံးခြင်း

Photo Source: sibere.co

ဆံပင်စိုနေတဲ့အချိန်မှာ ချက်ချင်းခြောက်အောင်ပြုလုပ်ချင်တဲ့အတွက်ကြောင့် အမြင့်ဆုံးအပူချိန်ကိုအသုံးပြုပြီး လေမှုတ်စက်သုံးရတဲ့အတွက်ကြောင့် ဆံပင်ကိုထိခိုက်ပျက်စီးစေတာပေါ့။ ဒါ့ကြောင့် ခေါင်းလျှော်ပြီးပြီးချင်းမှာ ၁၀ မိနစ်ခန့် ပုဝါလေးနဲ့ အုပ်ထားပေးပါ။ ပြီးမှ လေမှုတ်စက်နဲ့ ခြောက်အောင်လုပ်ပါ။ လေမှုတ်စက်အသုံးပြုတဲ့အခါမှာလည်း ၅ မိနစ်ကနေ ၁၀ အတွင်းပဲ အသုံးပြုသင့်ပါတယ်။ ပြီးရင် လေမှုတ်စက်ကို ဆံပင်နဲ့ ၁၀ လက်မခန့်ခွာပြီး လေမှုတ်ပါ။

ဘီးခဏခဏဖြီးခြင်း

Photo Source: ipop.gr

တစ်နေ့ကို အကြိမ် ၁၀၀ ခန့် ခေါင်းဖြီးရင် ဆံပင်အရှည်မြန်တယ်လို့ သူများတွေပြောရင် မယုံပါနဲ့။ ဆံပင်ခဏခဏဖြီးခြင်းကြောင့် ဦးရေပြားကို ထိခိုက်ပျက်စီးစေပါတယ်။

ဆံပင်ညှပ်ဆိုင်သို့ အချိန်အကြာကြီးနေမှ တစ်ခေါက်သွားခြင်း

Photo Source: www.coevhairdressers.com.au

ဆံပင်ညှပ်ဆိုင်ကနေ ပြန်လာတဲ့အခါ ဆံပင်ကနူးညံ့ပျော့ပျောင်းနေတာကို အားလုံးခံစားဖူးကြမှာပါ။ ဆံပင်တိုတဲ့သူများအနေနဲ့ ၈ ပတ် (သို့) ၁၂ ပတ်ကြာတဲ့အခါ ဆံပင်ညှပ်ဆိုင်သို့ တစ်ခေါက်သွားခြင်း၊ ဆံပင်ရှည်သူများအနေနဲ့ ၁၂ ပတ် (သို့) ၂၀ ပတ် ကြာတဲ့အခါ တစ်ခေါက်သွားသင့်ပါတယ်။ တစ်နှစ်လောက်နေမှ တစ်ခေါက်သွားတာမျိုး မလုပ်သင့်ပါဘူး။