မြန်မာနိုင်ငံအတွင်းရှိ ကမ်းခြေများထဲမှာမှ ငပလီကမ်းခြေကို အကောင်းဆုံး အပန်းဖြေရာ ကမ်းခြေတစ်ခုဟုဆိုကာ သတ်မှတ်ခေါ်ဝေါ်လာကြပါတယ်။ စိမ်းပြာရောင် သန်းနေသော ပင်လယ်ရေပြင်၊ မိန်းမောဖွယ်ရာ နေဝင်ဆည်းဆာအလှ၊ ကျေးလက်ဓလေ့ကို ခံစားနိုင်မည့် မြန်မာနိုင်ငံ၏ အထင်ရှားဆုံးသော ကမ်းခြေဖြစ်ပြီး ရိုးရာဓလေ့များနှင့် စိတ်ဝင်စားဖွယ်အရာများက မတူညီသော ခရီးသွား ဧည့်သည်များ၏ စိတ်ဝင်စားမှုများကို အကောင်းဆုံးဖြည့်ဆည်းပေးနိုင်သည့်အတွက်ကြောင့်ပင်ဖြစ်ပါတယ်။

ထိမ်းမြားလက်ထပ်ခွင့်တောင်းရမ်းခြင်းနှင့် မင်္ဂလာပွဲများကို ကမ်းခြေတွင် ခမ်းနားစွာကျင်းပနိုင်ရုံသာမက တစ်ကိုယ်တည်းခရီးသွားများ၊ မိသားစု၊ သူငယ်ချင်းများနှင့်အတူ လည်ပတ်နိုင်သော အိမ်မက်ကမ္ဘာထဲက ကမ်းခြေတစ်ခုဆိုလည်း မမှားပါဘူး။

ငပလီတွင် ပြုလုပ်နိုင်မည့် အချို့သော လှုပ်ရှားမှုများ၊ ခရီးစဉ်များကို မိမိတို့၏ မမေ့နိုင်ဖွယ်ရာ ခရီးသွားအတွေ့အကြုံအဖြစ် ရယူလိုသူခရီးသွားများနှင့် ပေါ့ပါးလွပ်လပ်စွာ ပျော်ရွှင်လိုသူများအနေဖြင့် Hilton Ngapali Resort & Spa တွင်တည်းခိုနေထိုင်ပြီး မိမိ၏ ခရီးစဉ်အား အထူးသီးသန့်အဖြစ် ဟိုတယ်ကို စီစဉ်ရေးဆွဲစေခြင်းဖြင့် အတွေ့အကြုံကောင်းများကို ပျော်ရွှင်စွာ ရယူခံစားနိုင်စေမှာပါ။

ဆင်လိမ္မာလေးများနှင့် ရင်းရင်းနှီးနှီး ထိတွေ့နိုင်မည့်အခွင့်အရေး

မနက်စောစောအချိန်မှစပြီးတော့ သံတွဲမြို့သို့ကားစီးသွားပါ။ ထိုမှတဆင့် သစ်သားလှေငယ်ဖြင့် ရေဆန်အတိုင်း တစ်နာရီနီးပါး ခရီးနှင်ပြီးနောက် တလနယ်ဆင်စခန်းမှ ဆင်လေးများ မနက်ခင်းရေချိုးနေတဲ့ မြင်ကွင်းကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ရေချိုးပြီးသည့်အခါ ဆင်လေးများ တောင်ပေါ်ရှိစခန်းကို ပြန်လာလမ်းတလျောက် အတူတူလိုက်ပါသွားပြီး ခရီးစဉ်တွင် အပါအဝင်ဖြစ်သည့် နေ့လယ်စာကို ကျေးလက်ဓလေ့ လယ်သမားကြီးများစားသောက်သည့်အတိုင်း မြိုန်ရည်ယှက်ရည် သုံးဆောင်နိုင်မှာပါ။ ပြီးနောက် ဟိုတယ်သို့ပြန်ကာ ပင်လယ်ရေပြင်နှင့်တပြေးညီခံစားရစေရန် တည်ဆောက်ထားသော ရေကူးကန်တွင် အနားယူနိုင်မှာဖြစ်ပါတယ်။

တံငါရွာလေးတစ်ရွာသို့ တစ်နေ့တာခရီးစဉ်အဖြစ် သွားရောက်လည်ပတ်ခြင်း

ငါးဖမ်းသမားများနေထိုင်သည့် ဂျိုက်တောကျေးရွာကို နေ့တစ်နေ့၏ ရောင်နီဦးအချိန်တွင် သွားရောက်လည် ပတ်ခြင်းဖြင့် တစ်နေ့တာကို စတင်လိုက်ပါ။ ညနေခင်း သို့မဟုတ် တစ်ညတာ ငါးဖမ်းအပြီး နံနက်ခင်းအချိန်တွင် သစ်သားလှေပေါ်မှတစ်ဆင့် နွားလှည်းပေါ်သို့ ငါးများ တင်ဆောင်နေသည်ကို ကြည့်ရှုလေ့လာလာနိုင်မှာဖြစ်ပါတယ်။ အကယ်၍ ထိုတံငါရွာလေးသို့ သွားရောက်လည်ပတ်မည့် အစီအစဉ်ရှိမည်ဆိုပါက ကိုယ်တိုင်ကိုယ်ကျပါဝင်ချက်ပြုတ် နိုင်သည့် စားဖိုမှူးဦးဆောင်သော အချက်အပြုတ်သင်တန်းတွင် စာရင်းသွင်းကာ ပါဝင်နိုင်ပြီး ဈေးမှ ကိုယ်တိုင်ဝယ် ယူလာသော ပင်လယ်စာများကို ပြင်ဆင်ချက်ပြုတ်နိုင်မည့်အခွင့်အရေးကိုလည်း ရရှိသွားမှာဖြစ်ပါတယ်။ ဟိုတယ်၌ ကိုယ်တိုင်ကိုယ် ကျချက်ပြုတ်နည်းများကို မိမိတို့ အိမ်ပြန်ရောက်သည့် အခါတွင် ပြန်လည်ချက်ပြုတ်သုံးဆောင်နိုင်ရန်အတွက်လည်း ချက်ပြုတ်နည်းများကို မမေ့စေရန် တိုက်တွန်းအကြံပြုလိုပါတယ်။

ဒေသခံတစ်ဦးကဲ့သို့ နေထိုင်ခြင်း

ငပလီသို့ သွားရောက်လည်ပတ်ခြင်းသည် ရိုးရှင်းပြီး ပိုမိုကောင်းမွန်သော အပန်းဖြေစရာ အချိန်ကောင်းများစွာကို ပိုင်ဆိုင်နိုင်ဦးမှာပါ။ ဒေသခံတစ်ဦးကဲ့သို့ ပေါ့ပေါ့ပါးပါး လွတ်လပ် မှုကိုအပြည့်အဝ ခံစားနိုင်စေရန်နှင့် ဒေသခံတို့ဒေသ ခံများ၏ ဘဝနေထိုင်မှုများကို မျက်မြင်ကိုယ်တွေ့ လေ့လာခွင့်ရနိုင်မည့် ဇဘာကြီးရွာသို့ စက်ဘီးစီးပြီး ခရီးတို အဖြစ် လေ့လာရေးခရီးစဉ်လေး စီစဉ်လိုက်ပါ။ ဒေသခံတို့သည် ခရီးသွားများကို ၎င်းတို့၏ အိမ်သို့ ရင်းနှီး ခင်မင်စွာဖိတ်ခေါ်လေ့ရှိပြီး ၎င်းတို့၏ ဘဝများ မည်သို့မည်ပုံ နေထိုင်သည်ကို မျက်ဝါးထင်ထင် တွေ့မြင်ရမှာဖြစ်သလို ၎င်းတို့၏ အိမ်တွင် ရှေးဟောင်းရေဒီယိုများနှင့် ရှေးခေတ်အသုံးအဆောင်ပစ္စည်းများကိုသတိပြုတွေ့မြင်ရမှာဖြစ်ပါတယ်။ ဇဘာကြီးကျေးရွာမှ ကြည့်လျင် ပင်လယ်ကမ်းခြေအလှနှင့် လယ်ခင်းများ၏ အလှတရားများစွာကို ရှာတွေ့ရှိ နိုင်ပြီး ထိုအလှတရားများဟာဆိုရင်ဖြင့် ဓာတ်ပုံရိုက် မှတ်တမ်းတင်နိုင်ရန် အကောင်းဆုံး နေရာတစ်ခုပါပဲ။

ကျေးလက်ဒေသများပေါ်မှတစ်ဆင့် ပျံသန်းခြင်း

မနက်စောစောတွင် မိုးပျံပူဖောင်းစီးကာ သံတွဲမြို့၏ နေထွက်အလှကို ခံစားနိုင်ရန်အတွက် Oriental Ballooning သို့မဟုတ် Hilton တွင် လက်မှတ်များကို ဝယ်ယူခြင်းဖြင့် ထိုအံ့ဖွယ်ဘနန်း အစီအစဉ်အား ကြိုတင်ပြင်ဆင်လိုက်ပါ။ လူဦးရေလေးဦးအထိ သက်သောင့်သက်သာစွာ စီးနှင်းလိုက်ပါနိုင်သော ၎င်းလူစီးမိုးပျံပူဖောင်းသည် စတင်ထွက်ရှိ ပြီးခဏတွင်ပင် တောင်ထိပ်စေတီကို ဖူးတွေ့မြင်ရပြီးနောက် မိမိကိုယ်မိမိ လေပြေလေညင်းများနှင့်အတူ လွင့်မျော သွားသည့် ခံစားမှုရသများကို ရရှိခံစားရမှာဖြစ်ပါတယ်။ သံတွဲမြစ်ကြောင်းတစ်လျှောက် မိုးပျံပူဖောင်း နိမ့်နိမ့်လေး ပျံသန်းခြင်းသည် မြစ်၏ အလှအပကို တွေ့မြင်ခံစားနိုင်ရုံသာမက ဒေသခံများက လက်ပြနှုတ်ဆက်ကာ “မင်္ဂလာပါ” ဟုရင်းနှီးစွာ နှုတ်ဆက်ပြောဆိုသည်ကိုလည်း တွေ့ကြုံခံစားရမှာပါ။

Hilton Ngapali Resort & Spa သည် သံတွဲလေဆိပ်နှင့် မိနစ်အနည်းငယ်မျှသာ ဝေးကွာသောနေရာတွင် တည်ရှိကာ စိမ်းလန်းစိုပြေလှပသော ပန်းဥယာဉ်များ၊ ကြည်လင်သော ရေအိုင်လေးများဖြင့် ဝန်းရံထားပြီး ရင်သက်ရှုမောဖွယ်ရာ အိန္ဒိယသမုဒ္ဒရာကြီးကို တဝကြီးကြည့်ရှုခံစားနိုင်မည့်အပြင် Hilton Ngapali Resort & Spa ရှိ ပင်လယ်ရေပြင်နှင့်တပြေးညီခံစားရစေရန် တည်ဆောက်ထားသော ရေကူးကန်နှင့် သီးသန့်ကိုယ်ပိုင် Villa အတွင်း တည်ဆောက်ထားသော သီးသန့်ရေကူးကန်များတွင် နေဝင်ဆည်းဆာအလှကို တဝကြီး ကြည့်ရှုခံစားနိုင်မှာဖြစ်ပါတယ်။ ပိုမိုသိရှိလိုပါက https://www.facebook.com/hiltonngapaliresortandspa/ တွင် ဝင်ရောက်လေ့လာနိုင်ပါကြောင်း သတင်းကောင်းပါးအပ်လိုက်ရပါတယ်။