တစ်သက်မှာတစ်ခါ ပြုလုပ်ကြတဲ့ မင်္ဂလာပွဲမှာ ခမ်းခမ်းနားနားနဲ့ တစ်သက်လုံး အမှတ်ရနေမယ့် မင်္ဂလာပွဲမျိုးစုံတွဲတိုင်းစိတ်ကူးယဉ်ကြမှာပါ။

ဒီတခါမှာတော့ အမြင့်ပေ ၄၀၀ လောက်မြင့်တဲ့ ချောက်ကမ်းပါးရဲ့အပေါ်မှာ မင်္ဂလာပွဲကို ကျင်းပခဲ့တဲ့ အမေရိကန်စုံတွဲအကြောင်းကို မျှဝေပေးချင်ပါတယ်။

အမျိုးသားကတော့ Ryan ဖြစ်ပြီး ချစ်သူအမျိုးသမီးကတော့ Kimberly ဖြစ်ပါတယ်။

အဲဒီချောက်ကမ်းပါးကတော့ အမေရိကန်ပြည်ထောင်စု Utah ပြည်နယ် မောဘမြို့ရှိ Moab Desert ဆိုတဲ့ လွင်တီးခေါင်ကန္တရမှာ ကျင်းပခဲ့တာပါ။

အဲဒီနေရာဟာ သူတို့နှစ်ယောက် စပြီးစုံတွေ့ခဲ့တဲ့ အဲဒီနေရာလေးဖြစ်သလို လက်ထပ်ခွင့်တောင်းခဲ့တဲ့ နေရာလေးဖြစ်ပါတယ်နော်။

ဒီမင်္ဂလာပွဲဟာ သူတို့ရဲ့ တစ်သက်တာ အမှတ်တရဖြစ်နေမယ့် မင်္ဂလာပွဲဆိုလည်းမမှားပါဘူး။

အထူးပြုလုပ်ထားတဲ့ ပိုက်ကွန်ကို ကျောက်စွန်းနှစ်ခုကြား ချိတ်ဆက်ပြီး မင်္ဂလာပွဲ့ကို ကျင်းပခဲ့တာဖြစ်ပါတယ်။

အဲဒီမင်္ဂလာပွဲကို မင်္ဂလာဇနီးမောင်နှံတို့ရဲ့ နီးစပ်ရာဆွေမျိုးတွေကို ဖိတ်ပြီးကျင်းပခဲ့တာပါ။ မင်္ဂလာပွဲကျင်းပတဲ့ ပိုက်ကွန်ဆီကို သတို့သမီးရဲ့ ဖခင်ဖြစ်သူက အရဲစွန့်ပြီး လျှောက်သွားခဲ့ပါတယ်။

ဒါပေမယ့် ပိုက်ကွန်ရှိတဲ့နေရာကိုတော့ လာရောက်သူအားလုံး မသွားနိုင်ခဲ့ဘဲ အဝေးကနေပဲ ကြည့်နေခဲ့ကြပါတယ်။

တစ်ယောက်နဲ့တစ်ယောက် လက်တွဲလာတာ ၃ နှစ်လောက်ရှိပြီဖြစ်ပြီး စွန့်စားရတာ နှစ်သက်တဲ့ချစ်သူနှစ်ဦးတော့ စိတ်တူကိုယ်တူ မင်္ဂလာပွဲလေး ကျင်းပသွားခဲ့ပါပြီရှင်။