အားလုံးပဲမင်္ဂလာပါနော်။ မိန်းကလေး နူးညံ့ဖြောာင့်စင်းတဲ့ ဆံကေသာကို လိုချင်ကြပါတယ်။ ဆံကေသာကို သင့်တော်တဲ့ ထိန်းသိမ်းစောင့်ရှောက်မှုတွေလုပ်တာဟာ ပြီပြည့်စုံပြီး လှပတဲ့ ဆံနွယ်လေးတွေကို ပိုင်ဆိုင်ချင်တာကြောင့်ပါပဲ။

အခုဒီစာကိုဖတ်နေတဲ့ စာဖတ်သူတို့ရဲ့ ဆံကေသာ ခြောက်သွေ့ကြမ်းတမ်းပြီး အဖျားနှစ်ခွတွေဖြစ်နေတယ် ပျက်စီးနေတယ်ဆိုရင်တော့ ဒီနည်းလမ်းလေးကို လိုက်လုပ်ပေးဖို့ အကြံပြုပါရစေနော်။

ပါဝင်ပစ္စည်း

  • ရှားစောင်းလက်ပပ်
  • အုန်းဆီ

ပြုလုပ်နည်း

အရင်ဆုံး ရှားစောင်းလက်ပပ်တစ်ခတ်ကို ရေသေချာဆေးလိုက်ပြီး ဘေးနားက အဆူးလေးတွေကို လှီးလိုက်ပါ။

ပြီးရင်တော့ အလယ်ကနေ ထက်ခြမ်းခြမ်းပေးလိုက်ပါ။

အခွံမခွာပါနဲ့။

ပြီးရင်ပြဲအောင်လုက်လိုက်ပြီး အုန်းဆီနဲ့ ရောလိုက်ပါ။

အဲဒါပြီးရင်တော့ ဆံကေသာနဲ့ ဦးရေပြားပေါ် နှံ့စပ်အောင်လိမ်းပေးလိုက်ပြီး မိနစ် ၂၀ ၊ နာရီဝက်လောက်ထားပြီး ခေါင်းလျှော်ချလိုက်ပါ။

ပျော့ဆေး၊ ပေါင်းဆေးထည့်ပေးဖို့မမေ့ပါနဲ့။

Source: www.trendcrown.com

By: MyStyle Myanmar