ချစ်သူအရပ်မြင့်မြင့်ကိုပိုင်ဆိုင်ထားတာ သင့်မှာ ဘယ်လိုအားသာချက်တွေရှိသွားလဲဆို သင်သတိထားမိချင်မှထားမိပါလိမ့်မယ်။ ကိုယ့်ထက် အရပ်မြင့်တဲ့ ကောင်လေးတစ်ယောက်ကို ချစ်သူတော်ထားပြီဆိုရင်တော့ သင့်မှာ အခုဖော်ပြမယ့်အားသာချက်လေးတွေရှိနေပါတယ်။

အရပ်မြင့်မြင့်ကောင်လေးကို ချစ်သူတော်ထားရင်တော့ ကိုယ့်ရဲ့ချစ်သူကို Mention လေးတွေခေါ်ပြီး ဒီအားသာချက်လေးတွေအတွက် ကျေးဇူးတင်ကြောင်းပြောလိုက်ပါဦးနော်။

၁။ သူက သင့်အတွက် Selfie Stick လိုပဲ။

သူ့က အရပ်လည်းရှည် လက်တံလည်းရှည်ရှည်ဆိုတော့ Selfie ရိုက်တဲ့အခါ Selfie Stick မလိုတော့ဘူးပေါ့နော်။

၂။ ဘာပစ္စည်းယူယူ လွယ်လွယ်လေးပဲ။

အမြင့်တစ်နေရာမှာ တင်ထားတဲ့ ပစ္စည်းလေးတွေကို ကိုယ်မယူနိုင်ပေးမယ့် ချစ်သူက ယူပေးမှာမို့ အေးဆေးပဲနေလိုက်ရုံပဲနော်။ သူ့ကို ဒီလိုအသေးအမွှားလေးတွေအားကိုးရလို့လည်း ပိုပိုပြီး အချစ်တွေတိုးရတာမလား။

၃။ လူကြားထဲကို သူ့ကိုရှာစရာမလိုဘူး တန်းတွေ့တယ်။

လူတွေအများကြီးရှိနေတဲ့နေရာမှာ ချစ်သူပျောက်လို့ တကူးတက လိုက်ရှာနေစရာမလိုတော့ဘူးနော်။

၎။ ဒေါက်ဖိနပ်လှလှလေးတွေ စိတ်ကြိုက်စီးမယ်။

မိန်းကလေးတွေအတွက်တော့ အကြိုက်ပဲနော်။ ချစ်သူနဲ့တွဲရတာ ဒေါက်ဖိနပ်ဘယ်လောက်မြင့်မြင့်စီးစီး သူ့လက်မောင်းလေးကိုတွဲလျှောက် အဆင်ကိုပြေလို့။

၅။ သူ့ကို မော့ကြည့်ရတာလည်း တစ်မျိုးရင်ခုန်စရာကောင်းတယ်။

ချစ်သူကို မော့ကြည့်လိုက်ရင် ဘာရယ်မဟုတ်ဘူး တစ်မျိုးလေး စိတ်ကြည်နူးစရာကောင်းစေတယ်။

၆။ သူ့ပုခုံးကို ခိုစီးလို့ရတယ်။

သူ့ပုခုံးကို ခိုပြီး တွဲလောင်းလေးစီးကာ ချစ်စဖွယ် ပြုမူလို့ရတယ်။

၇။ လုံခြုံတယ်လို့ခံစားရတယ်။

ကိုယ့်ထက်အရပ်မြင့်တဲ့ချစ်သူ အနောက်ကနေ သိုင်းဖက်ထားလိုက်တဲ့အခါ သင့်ကို ပိုပြီး ယုံကြည်မှု လုံခြုံမှုရှိစေတယ်လို့ ခံစားရစေတယ်။

၈။ သူတို့ဟာ တခြားကောင်လေးတွေထက် ပိုပြီးဆွဲဆောင်မှုရှိတယ်။

တခြားယောက်ျားလေးတွေထက် သင့်ချစ်သူဟာ သင့်ကိုပိုပြီး ဆွဲဆောင်မှုရှိတယ်လို့ သင်ခံစားရမယ်။

၉။ သင့်နဖူးလေးကို ကြင်ကြင်နာနာနမ်းတာခံရမယ်။

အရပ်မြင့်တဲ့ ကောင်လေးကို ချစ်သူတော်ထားရတာဟာ မျက်နှာချင်းဆိုင်ပြီး သင့်နဖူးကို နမ်းတာမျိုး သင်ခံရမှာပါ။ အခုလို နဖူးကို ကြင်ကြင်နာနာ နမ်းတာဟာ ကြည်နူးစရာကောင်းတဲ့ အနမ်းတစ်ခုပါပဲ။

၁၀။ ကလေးတစ်ယောက်လိုခံစားရတယ်။

သူက ကိုယ့်ထက်ပိုပြီး အရပ်မြင့်နေတော့ သူ့ရှေ့မှာ ကိုယ်က ကလေးတစ်ယောက်လိုပဲဖြစ်နေမယ်။ ကလေးတစ်ယောက်လိုပဲ ချစ်စရာကောင်းနေမယ်။ အဲဒီလိုချစ်စရာကောင်းလို့ သူကအသည်းယားပြီး ပွေ့ပွေ့ချီတတ်သေးတယ်။