Beauty & Fashion | ကြယ်ပွင့်တွေရဲ့ စတိုင် – Stars & Style

သရုပ်ဆောင် ပိုင်ဖြိုးသုရဲ့ ဖက်ရှင်လေးတွေ

April 12, 2018

သရုပ်ဆောင် ပိုင်ဖြိုးသုရဲ့ ဖက်ရှင်လေးတွေ

Share this on:

မင်္ဂလာပါနော်။ ဒီတခါ MyStyle Myanmar မှာဖော်ပြပေးနေကျ အနုပညာရှင်တွေရဲ့ ဖက်ရှင်ကဏ္ဍမှာ ဒီတခါတော့ ပိုင်ဖြိုးသုကို ရွေးချယ်ထားပါတယ်။

ပိုင်ဖြိုးသုက သရုပ်ဆောင်မှုကောင်းကောင်းနဲ့ ပရိသတ်ရင်ထဲကို နေရာဝင်လာသူဖြစ်ပါတယ်။

နေဝင်အိပ်တန်းတက်ဇာတ်ကားမှာ ပရိသတ်တွေရဲ့ အားပေးမှုကို များစွာရရှိခဲ့သူဖြစ်ပြီး ဂျင်းကောင်ဆိုတဲ့ ဗီဒီယိုကားမှာလည်းလူသိများခဲ့ပါတယ်။

ဒါ့အပြင် တခြားရုပ်ရှင်ဇာတ်ကားကြီးတွေ၊ ဗီဒီယိုကားတွေလည်း အများကြီးရိုက်ကူးထားသူဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်ရဲ့ မြန်မာရုပ်ရှင်အကယ်ဒမီဆုပေးပွဲမှာလည်း 3 Girls ဇာတ်ကားနဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုကို ရရှိခဲ့ပါတယ်။

ပိုင်ဖြိုးသုရဲ့ ဖက်ရှင်တွေကတော့ ရိုးရှင်းပြီး အမြင်ယဉ်တဲ့ဖက်ရှင်လေးပါ။

အရမ်းလည်းချစ်စရာကောင်းပြီး သူ့ရဲ့ဖက်ရှင်လေးတွေထဲက စာဖတ်သူတို့ သဘောကျလောက်မယ့် ဖက်ရှင်တွေကို စုစည်းတင်ပြလိုက်ပါတယ်နော်။

Photo: PaingPhyoThu Facebook

သရုပ်ဆောင် ပိုင်ဖြိုးသုရဲ့ ဖက်ရှင်လေးတွေ

User Rating

0 (0 Votes)