မိန်းကလေးခြောက်ဦးနဲ့ဖွဲ့စည်းထားတဲ့ ‘Apink’ အဖွဲ့ဝင် Son Na-eun ဟာ အဆိုရော၊ သရုပ်ဆောင်ပါ ပိုင်နိုင်ကျွမ်းကျင်သူတစ်ဦးပါ။ ‘Apink’ အဖွဲ့ဝင်တစ်ဦးဖြစ်မလာခင်ကတည်း တေးသီချင်းဗွီဒီယိုများတွင် ပါဝင်သရုပ်ဆောင်ခဲ့သည့် Na-eun ဟာ ကိုယ်ခန္ဓာအလွန်သေးသွယ်ပြီး အင်မတန် ချောမောလှပတာကြောင့် အချိန်တိုအတွင်းမှာ အလွန်ကျော်ကြားလာခဲ့ပါတယ်။

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာမွေးဖွားခဲ့တဲ့ Na-eun ရဲ့မွေးနေ့တော့ ဖေဖော်ဝါရီ ၁၀၊ ၁၉၉၄ ဖြစ်ပါတယ်။ ညီမအငယ်လေးတစ်ယောက်ရှိပြီး လက်ရှိအချိန်မှာ ‘Dongguk University’ တွင် သရုပ်ဆောင်မေဂျာနဲ့ ပညာဆည်းပူးလျက်ရှိနေပါတယ်။

သူမရဲ့အရပ်က ငါးပေခြောက်လက်မရှိပြီး ကိုယ်အလေးချိန်ကတော့ ၉၉ ပေါင်ပဲရှိပါတယ်။ ဘီသွေးအမျိုးအစားပိုင်ရှင်ဖြစ်တဲ့ Na-eun ဟာ သီချင်းနားထောင်ရတာ၊ ပန်းချီဆွဲရတာနဲ့ ဈေးဝယ်ထွက်ရတာကို အထူးနှစ်သက်ပါတယ်။

အဆိုအနေနဲ့အောင်မြင်လာပြီးနောက်မှာ သရုပ်ဆောင်နယ်ပယ်သို့ ခြေလှမ်းစတင်ခဲ့ပြီး ‘The Great Seer’, ‘Childless Comfort’ နှင့် ‘Cinderella And Four Knights’ တို့လို ကျော်ကြားသော ဇာတ်လမ်းတွဲများတွင်လည်း သရုပ်ဆောင်ခဲ့ပြီးပါပြီ။ Gangnam Style စတားဖြစ်တဲ့ PSY ရဲ့ နောက်ဆုံးထွက်သီချင်း I Luv It ထဲမှာပါဝင်သရုပ်ဆောင်ခဲ့ပြီးနောက်မှာ အထူးလူသိများလာခဲ့ပါတယ်။

ခန္ဓာကိုယ်အချိုးအစား အင်မတန်လှပတဲ့ Na-eun ရဲ့ ဖက်ရှင်ဒီဇိုင်းလေးတွေက ရိုးရိုးလေးတွေနဲ့ အလွန်စမတ်ကျပြီး ဆွဲဆောင်မှုရှိလွန်းတာကြောင့် ပိန်ပိန်ပါးပါးမိန်းကလေးတွေ လိုက်လံဝတ်ဆင်နိုင်ဖို့ အခုပဲဖော်ပြပေးလိုက်ရပါတယ်။

Dress ဖက်ရှင်လေးတွေ

Short Pant လေးတွေနဲ့

ဂျင်းဘောင်းဘီအရှည်လေးတွေနဲ့လဲ လှနေတာပဲ

စကပ်အတို/အရှည်ဖက်ရှင်