Lifestyle | အဆီချခြင်း – Fat Burning

ဝမ်းဗိုက်ကအဆီကျစေပြီး ခါးသွယ်စေမယ့် (၉) မိနစ်စာ လေ့ကျင့်ခန်း

March 1, 2018

ဝမ်းဗိုက်ကအဆီကျစေပြီး ခါးသွယ်စေမယ့် (၉) မိနစ်စာ လေ့ကျင့်ခန်း

Share this on:

မင်္ဂလာပါနော်။ အမျိုးသမီးတိုင်း သေးသွယ်တဲ့ ခါးလေးကို လိုချင်ကြပါတယ်။ ဝမ်းဗိုက်မှာ အဆီတွေ စုနေတာမျိုးကို အားလုံးက မလိုချင်ကြပါဘူး။

ဒီတခါမှာတော့ ဝမ်းဗိုက်က အဆီကိုကျစေပြီး သင့်ကို ခါးသေးသွယ် လှပစေမယ့် (၉) မိနစ်စာ လေ့ကျင့်ခန်းကို မျှဝေပေးချင်ပါတယ်။

သင့်ခန္ဓာကိုယ်ကို ဘာက ထိရောက်မှုရှိစေသလဲ

သင့်ခါးကို အဓိက တုတ်စေတာ ခါးမှာ အဆီစုစေတာဟာ

ကိုယ်အလေးချိန်တက်လာခြင်း

ကိုယ်ဟန်အနေအထား မမှန်ခြင်း

ကျန်းမာရေးနဲ့ညီညွတ်အောင်မစားခြင်းတို့ပဲဖြစ်ပါတယ်

မိမိမလုပ်နိုင်တဲ့ လေ့ကျင့်ခန်းကို လုပ်ခြင်း

လေ့ကျင့်ခန်းလုပ်တာ မမှန်ခြင်း

ခါးသေးသွယ်ပြီး ဗိုက်ချပ်စေမယ့် လေ့ကျင့်ခန်းများ

၁။ Vacuum

အရင်ဆုံး ပက်လက်လှဲနေပါ။ ပြီးရင် ဒူးကိုထောင်ထားပါ။ လက်နှစ်ဖက်ကို ဘေးမှာ ချထားပါ။ အဲဒီနောက် အသက်ပြင်းပြင်းရှုလိုက်ပြီး ပါးစက်ကနေ အသက် ပြန်ရှုထုတ်လိုက်ပါ။ ပြီးရင်တော့ ဝမ်းဗိုက်ကို ချပ်နိုင်သလောက်ချပ်ထားပါ။ ချပ်ပြီး ၁၅ စက္ကန့်အထိ နေပါ။ တစ်ခါလုပ်ရင် ၂ မိနစ်လောက်လုပ်ပေးပါ။

၂။ အရှေ့ကိုင်းမယ်

ခြေထောက်နှစ်ဖက်ကို ကားလိုက်ပြီး ခန္ဓာကိုယ်ကို ကိုင်းလိုက်ပါ။ လက်နှစ်ဖက်ကို ကြမ်းပြင်နဲ့ ထိနိုင်သလောက် ထိအောင်လုပ်ပေးပါ။

၁၅ ကြိမ်မှ အကြိမ် ၂၀ အထိလုပ်ပေးနိုင်ပါတယ်။ ၂ မိနစ် နဲ့ အထက်လုပ်နိုင်ပါတယ်။

၃။ အိပ်ထမတင်လုပ်မယ်

အရင်ဆုံး ကျောလှဲနေပါ။ ဒူးနှစ်ဖက်ကို ကွေးပြီးထောင်ထားပါ။ လက်နှစ်ဖက်ကို နောက်စေ့မှာ ကပ်ထားလိုက်ပြီး အိပ်ထမတင်လုပ်ပါ။ ၁ ခါလုပ်ရင် ၁၂ ကြိမ်မှ ၁၅ ကြိမ် ၃ ခါလုပ်ပါ။ ၂ မိနစ်နဲ့ အထက် လုပ်ပါ။

၎။ Plank ထောက်မယ်

Plank ထောက်တာဟာ ဝမ်းဗိုက်ကအဆီကျစေရုံသာမက ခန္ဓာကိုယ်တစ်ခုလုံးက အဆီတွေကျစေပါတယ်။ အဓိကသိထားရမှာက သင့်ရဲ့ ခါး ၊ ခြေထောက်ကို ဖြောင့်နေအောင်ထားပါ။

အခုပုံမှာပြထားသလို ထောက်ထားပေးပြီး စက္ကန့် ၃၀ လောက်တောင့်ထားပါ။ ၃ ကြိမ်မှ ၄ ကြိမ်အထိလုပ်ပါ။ ၂ မိနစ်နဲ့ အထက် အချိန်ယူနိုင်ပါတယ်။

၅။ Side Stretching

ခြေထောက်နှစ်ဖက်ကို ခြားပြီးရပ်ပါ။ ပြီးရင် ဒူးတစ်ဖက်ကို ကွေးပြီး လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပါ။ ပြီးရင်အခုပုံမှာပြထားတဲ့အတိုင်း ၁၀ စက္ကန့်လောက်နေပါ။ နောက်တစ်ဖက်ကို ပြောင်းပါ။

တစ်ဖက်ချင်းဆီကို ၂ ကြိမ်မှ ၃ ကြိမ်အထိလုပ်နိုင်ပါတယ်။ ၁ မိနစ်အချိန်ယူလုပ်ပါ။

Review

User Rating

3.2 (26 Votes)
error: Alert: Copyright © 2018. MyStyle Myanmar