ဆယ်ကျော်သက်အရွယ်၊ အသက်နှစ်ဆယ်ကျော်အရွယ်မှာ နုနယ်ပျိုပျစ်တဲ့မျက်နှာလေးနဲ့ အိပ်ရာနိုးထနိုင်ပေမယ့် အသက်သုံးဆယ်ကျော်လာတာနဲ့ အရေးအကြောင်းတွေက မဖိတ်ခေါ်ပါပဲနဲ့ စတင်ဝင်ရောက်လာပါပြီ။ အရေးအကြောင်းတွေ ပါးရေတွန့်ခြင်းတွေက မှန်ကြည့်လိုက်တိုင်း စိတ်ညစ်စေမှာပဲဖြစ်ပါတယ်။

အဲ့ဒီလိုအရေးအကြောင်းတွေ ပေါ်လာတဲ့အခါ မိတ်ကပ်နဲ့ ဖုံးအုပ်ပြီး နုနယ်ပျိုပျစ်တဲ့မျက်နှာလေး ပြန်လည်ဖန်တီးလို့ရပါတယ်။

(၁) မျက်လုံးနားက အရေးအကြောင်းတွေကို Concealer နဲ့ ဖုံးအုပ်ပစ်ပါ

မိမိအသားအရေအရောင်နဲ့ လိုက်ဖက်တဲ့ Concealer လေးကို မိတ်ကပ်လိမ်းတိုင်း လိမ်းခြယ်ပေးလိုက်ပါ။

(၂) အရောင်ဖျော့ နှုတ်ခမ်းနီလေးတွေ ဆိုးပေးပါ

အရောင်ရင့်နှုတ်ခမ်းနီတွေက သင့်ကို ရှိရင်းစွဲအသက်ထက် ပိုကြီးစေနိုင်တာကြောင့် ငယ်ရွယ်နုပျိုစေတဲ့ ပန်းရောင်အဖျော့လေးတွေ ရွေးချယ်ပေးရပါမယ်။

(၃) အရည်အသွေးကောင်းတဲ့ မျက်တောင်ကော့စက် အသုံးပြုပါ

Mascara မလိမ်းခင်မှာ မျက်တောင်ကော့စက်နဲ့ အရင်ဆုံးကော့ပေးလိုက်ပါ။ ဒါမှ မျက်လုံးလှတဲ့ မိန်းမပျိုလေးဖြစ်နေမှာပါ။

(၄) အရည် Concealer အသုံးပြုပါ

ခရင်မ်အမျိုးအစား Concealer ကို ထူထူထဲထဲ လိမ်းခြယ်မိမယ်ဆိုရင် မိတ်ကပ်သားအရမ်းထူသွားပြီး အရေးအကြောင်းတွေကို ပိုဂရုစိုက်မိအောင် ပြုလုပ်မိတာနဲ့ အတူတူပါပဲ။ ဒါ့ကြောင့် အရည် Concealer လေးကိုသာ မထူမပါး လိမ်းခြယ်ပေးလိုက်ပါ။

(၅) ရေမြှုုပ်အသုံးပြုပါ

ဖောင်ဒေးရှင်းလိမ်းတဲ့အခါ ရေမြှုပ်ကို ရေစွတ်ပြီး ရေညှစ်ပေးလိုက်ပါ။ ထိုရေမြှုပ်နဲ့ ဖောင်ဒေးရှင်းလိမ်းခြင်းက အသားအရေကို အစိုဓာတ်ထိန်းပေးနိုင်တာကြောင့် အသားအရေ ခြောက်သွေ့ခြင်းမှ ကင်းဝေးမှာဖြစ်ပါတယ်။

(၆) မိတ်ကပ်ပေါင်ဒါတွေ အကုန်လုံးကို နှုတ်ဆက်လိုက်ပါ

ပျိုမေလေးရဲ့ အသားအရေက အဆီပြန်တယ်ဆိုရင်တောင် ပေါင်ဒါအသုံးမပြုသင့်ပါဘူး။ မိတ်ကပ်ပေါင်ဒါအသုံးပြုခြင်းက အသားအရေကို အိုမင်းရင့်ရော်မှု မြန်ဆန်စေတာကြောင့်ပါ။

(၇) Highlighter အသုံးပြုပြီး မေးရိုးချပါ

အသက် (၃၀) ကျော်လာတာနဲ့အမျှ မျက်နှာရဲ့ တင်းရင်းမှုက တဖြည်းဖြည်းလျော့ကျသွားတာကြောင့် မေးရိုး၊ နှာခေါင်းရိုးနဲ့ ပါးရိုးတွေကို ပိုမိုပေါ်လွင်စေဖို့အတွက် Highlighter အသုံးပြုပေးရပါမယ်။

(၈) Eyeliner အသုံးပြုတဲ့အခါ အမဲရောင်ထက် အညိုရောင်ကို ဦးစားပေးပါ

(၉) Mascara သုံးတဲ့အခါ မျက်တောင်မွှေးထူစေတဲ့ Mascara အစား မျက်တောင်မွှေးရှည်စေတဲ့ Mascara အသုံးပြုပေးပါ

ဒီနည်းလမ်းလေးတွေ အသုံးပြုပြီး မိတ်ကပ်လိမ်းခြယ်မယ်ဆိုရင်တော့ ရှိရင်းစွဲအသက်ထက် ပိုငယ်တဲ့ပုံပေါက်စေမှာ အမှန်ပါပဲ။

Source: herbeauty.co