သဘာဝကြီးက သင့်ကိုပါးလွှာတဲ့ဆံကေသာကိုသာ ပိုင်ဆိုင်ခွင့်ပေးတယ်ဆိုရင် ဆံကေသာထူထဲတဲ့ပုံစံပေါက်အောင် ပြုလုပ်နိုင်သလို အမှန်တကယ် ဆံပင်ထူလာအောင်လည်း နည်းလမ်းအမျိုးမျိုးနဲ့ ပြုလုပ်နိုင်ပါသေးတယ်။

ဆံပင်အတိုထားမယ်

ဆံပင်ကျွမ်းကျင်ပညာရှင်များက ပါးလွှာတဲ့ဆံပင်က ပုခုံးထက်ကျော်တဲ့အရှည်မထားသင့်ဘူးလို့ တညီတညွှတ်တည်း အကြံပြုကြပါတယ်။

ဆံပင်အထပ် အထပ်လေးတွေ ညှပ်မယ်

ဆံပင်အုံထူသွားအောင် ကူညီပေးနိုင်တဲ့ နောက်ထပ်နည်းလမ်းတစ်ခုကတော့ ဆံပင်အထပ် အထပ်လေးတွေ ညှပ်ခြင်းပဲဖြစ်ပါတယ်။ ဒီဆံပင်ပုံက ဘယ်လိုမျက်နှာမျိုးနဲ့မဆို လိုက်ဖက်မှုရှိပါတယ်။

ဆံပင်အရောင်ဆိုးမယ်

ဆံပင်အရောင်ဆိုးပြီး လှိုင်းတွန့်လေးတွေ ကောက်ပေးခြင်းကလည်း ဆံပင်အုံပါးသူများအတွက် အထောက်အပံ့ဖြစ်စေမယ့် နည်းလမ်းလေးပါ။

ဆံပင်ပြုပြင်ဖို့အတွက် စပရေးများ အလွန်အကျွံအသုံးမပြုပါနဲ့

ဆံပင်ဖြန်းတဲ့ စပရေးများ၊ ဂျယ်များကို နေ့တိုင်းအသုံးပြုခြင်း၊ တစ်ခါသုံးရင်လည်း အလွန်အကျွံအသုံးပြုခြင်းတို့ကို ရှောင်ကြဉ်ရပါမယ်။

ဆံပင် နေ့တိုင်းမလျှော်ပါနဲ့

ခေါင်းလျှော်တဲ့အခါ အရင်ဆုံးရေနွေးနွေးလေးနဲ့ လျှော်လိုက်ပါ။ ဒါမှဆံပင်ထဲမှာ ပိတ်မိနေတဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးနိုင်မှာမို့လို့ပါ။ ပြီးရင် ခေါင်းလျှော်ရည်ကိုလည်း ဆံပင်အမြစ်တွေကိုပဲ လိမ်းပေးပြီးမှ တစ်ခေါင်းလုံးနှံ့စပ်အောင် ပြုလုပ်ပေးပါ။ ဒါပေမဲ့ မပွတ်တိုက်ပါနဲ့။ Conditioner ကိုကျတော့ ဆံပင်အမြစ်ကို မလိမ်းဘဲ ဆံပင်ချည်းပဲလိမ်းပေးရမှာပါ။

Dry Shampoo အသုံးပြုပါ

ခေါင်းလျှော်ဖို့ အချိန်မရှိသူများ၊ အကြောင်းအမျိုးမျိုးကြောင့် ခေါင်းလျှော်လို့မရသူများအတွက်ကတော့ Dry Shampoo ကို အသုံးပြုပေးသင့်ပါတယ်။ Dry Shampoo အသုံးပြုခြင်းဖြင့် ဆံပင်အမြစ်မှာတွယ်ကပ်နေတဲ့ အညစ်အကြေးများကို ဖယ်ရှားပေးပြီး သန့်ရှင်းတောက်ပြောင်းသွားအောင် ဆံပင်အုံထူထဲလာအောင် ကူညီပေးနိုင်ပါတယ်။ Baby Powder များကိုလည်း Dry Shampoo အဖြစ်အသုံးပြုနိုင်ပါတယ်။

လေမှုတ်စက်ကို နည်းမှန်လမ်းမှန်အသုံးပြုမယ်

အရင်ဆုံး ဆံပင်ကိုလှန်ချလိုက်ပြီး ဆံပင်အမြစ်ကနေ အခြောက်ခံပေးခြင်းက အမှန်ကန်ဆုံးနည်းလမ်းပါပဲ။

ဆံပင်ခွဲကြောင်း အမျိုးမျိုးပြောင်းပေးမယ်

ဆံပင်ခွဲကြောင်းတစ်မျိုးတည်းကိုပဲ ပုံသေမထားဘဲ ဘေးတစ်စောင်းထားလိုက်၊ အလယ်ခွဲလိုက်၊ Zig-zag ပုံစံခွဲလိုက်လုပ်ပေးခြင်းဖြင့်လည်း ဆံပင်ထူထဲလာအောင် ပြုလုပ်ပေးနိုင်ပါတယ်။

Source: Brightside.me