ဒေါက်ဖိနပ်စီးရတာ ခြေထောက်ဘယ်လောက်နာကျင်ရလဲဆိုတာ ဒေါက်စီးတဲ့ပျိုမေလေးတွေအသိဆုံးပါပဲ။ ခြေထောက်နာကျင်လွန်းလို့ လူကြားထဲမှာတောင် ဒေါက်ဖိနပ်ချွတ်ပြီးခြေဗလာနဲ့ လမ်းလျှောက်ချင်စိတ်တွေကိုလည်း မနည်းထိန်းထားရမှာပဲနော်။ လှချင်တော့လည်း အနာခံရတာပေါ့။

ဒါပေမဲ့ အဲ့ဒီလိုပြဿနာတွေက ကင်းဝေးရအောင်လို့ ဒေါက်ဖိနပ်စီးတဲ့အခါ ခြေထောက်မနာဘဲ သက်သောင့်သက်သာစီးလို့ရမယ့်နည်းလမ်းလေးတွေကို ဝေမျှပေးလိုက်ပါတယ်။

ခြေဖနောင့်ရိုးပေါ်မှာ အနာကတ်ပလာစတာကပ်ထားလိုက်ပါ

ဘေဘီပေါင်ဒါလေးကို ဒေါက်ဖိနပ်ထဲ ဖြူးလိုက်ပါ

ဒီနည်းလမ်းကတော့ ခြေထောက်နဲ့ဖိနပ်ပွတ်တိုက်မှုကို သက်သာစေပါတယ်။ ဒါပေမဲ့ ခြေဆီအရမ်းထွက်တဲ့ပျိုမေလေးတွေ အတွက်တော့ ဒီနည်းလမ်းက အဆင်ပြေမှာမဟုတ်ပါဘူး။

ဒေါက်ဖိနပ်က အရမ်းကြပ်နေတဲ့အခါ

ခြေအိတ်ထူထူလေးဝတ်ပြီး ဒေါက်ဖိနပ်စီးလိုက်ပါ။ ပြီးရင် ဆံပင်လေမှုတ်စက်နဲ့ ကြပ်နေတဲ့နေရာကို လေမှုတ်ပေးလိုက်ပါ။ ပြီးရင် လမ်းလေးနည်းနည်းလျှောက်လိုက်လို့ အရမ်းမကြပ်တော့ဘူးဆိုရင် အေးသွားတဲ့အချိန်မှ ခြေအိတ်ချွတ်လိုက်ရပါမယ်။

Roll-On လေး လိမ်းပေးလိုက်ပါ

ခြေချောင်းနဲ့ ခြေဖနောင့်ရိုးပေါ်မှာ Roll-On လေး သုတ်လိမ်းထားလို့လည်း ရပါတယ်။

ကြွပ်ကြွပ်အိတ်နှစ်လုံးထဲ ရေအနည်းငယ်ထည့်ပြီး ချည်ထားလိုက်ကာ ဖိနပ်ထဲထည့်လိုက်ပါ။

ပြီးရင် ရေခဲသေတ္တာထဲမှာ တစ်ညလောက်အအေးခံထားလိုက်ပါ။ ဒါဆိုရင် စီးတဲ့အခါ သက်သောင့်သက်သာနဲ့ ဖိနပ်ကကြပ်နေမှာမဟုတ်တော့ပါဘူး။

ခြေခလယ်နဲ့ ခြေသူကြွယ်ကို တိတ်လေးနဲ့ပူးကပ်ထားလိုက်ပါ

တစ်နေကုန် ဒေါက်ဖိနပ်ကြီးပဲ မစီးဘဲနဲ့ ခြေထောက်ကိုအနားပေးဖို့လည်း လိုတယ်နော်။

ဒေါက်အချွန်လေးတွေကို နေ့တိုင်းမစီးဘဲ တစ်ပြေးညီဒေါက်မြင့်အထူလေးတွေကို အလဲအလှယ်လုပ်ပြီး ပြောင်းစီးပေးခြင်းကလည်း ခြေထောက်လေးတွေကို အနားပေးတဲ့နည်းတစ်မျိုးပဲဖြစ်ပါတယ်။

Source: Brightside.me