အများငေးမောရတဲ့ ဖက်ရှင်စတိုင်ပိုင်ဆိုင်နိုင်ဖို့ဆိုတာ အများကြီးအားစိုက်ထုတ်ရပါတယ်။ အသေးအဖွဲလေးတွေကိုလည်း ဂရုစိုက်ပေးမှသာလျှင် ပြီးပြည့်စုံတဲ့ ဖက်ရှင် Look လေးရမှာကိုး။ ဒါဆိုရင် အသေးအဖွဲဖက်ရှင်လေးတွေက ဘာတွေဖြစ်မလဲဆိုတာကို ဗဟုသုတအနေနဲ့ ဖတ်ကြည့်လိုက်ကြရအောင်။

ပုလဲလည်ဆွဲ

ပုလဲလည်ဆွဲလေးတွေက သင့်ကို ကျက်သရေတိုးအောင် ကူညီပေးနိုင်တာ မှန်ပေမယ့် ပုလဲတွေပဲပါတဲ့ လည်ဆွဲက သင့်ကို ရှိရင်းစွဲအသက်ထက် အသက်ပိုကြီးတဲ့ပုံပေါက်စေပါတယ်။ ဒါ့ကြောင့် ပုလဲကို အခြားရတနာတစ်မျိုးမျိုးနဲ့ ပေါင်းစပ်ဝတ်ဆင်ပေးပါ။

လည်စည်းပုဝါ

ယနေ့ခေတ်မှာတော့ လည်စည်းပုဝါအသုံးပြုပြီး ဖက်ရှင်ကျအောင် နည်းလမ်းအမျိုးမျိုးနဲ့ အသုံးပြုနေကြပါပြီ။ ဆံပင်စည်းတာပဲဖြစ်ဖြစ်၊ လည်ပင်း၊ ခါး၊ လက်ကောက်ဝတ်မှာ ချည်ထားတာတို့၊ အိတ်မှာ ချည်ထားတာတို့ကို မိန်းကလေးတော်တော်များများ ပြုလုပ်လာကြပါတယ်။

ကီမိုနို

ကီမိုနိုဖက်ရှင်စတိုင်လေးတွေကလည်း ယနေ့ထိတိုင် ခေတ်စားနေဆဲပါပဲ။ ဂျင်းဘောင်းဘီနဲ့ ခါးတိုအင်္ကျီလေးဝတ်ပြီးတာနဲ့ အပေါ်ဝတ်အင်္ကျီအပါးလေးထပ်ဝတ်လိုက်ရုံပါပဲ။

မျက်မှန်

မျက်စိအားနည်းသူများအတွက် မျက်မှန်က မရှိမဖြစ်အသုံးအဆောင်ပစ္စည်းတစ်ခုပါပဲ။ မျက်မှန်ကို အလှတပ်ကြသူတွေလည်း ရှိတာပေါ့။ ဘယ်လိုပဲတပ်တပ် ကိုယ့်မျက်နှာနဲ့လိုက်ဖက်တဲ့ မျက်မှန်အမျိုးအစားကိုသာ ရွေးချယ်သင့်ပါတယ်။

ခေါင်းဆောင်းများ

ဦးထုပ်ပုံစံအမျိုးမျိုးရှိတဲ့အထဲမှာမှ လျှာထိုးကျယ်တဲ့ဦးထုပ်အဝိုင်းတွေက လုံးဝမဝတ်သင့်တဲ့အထဲမှာ ပါပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သင့်မျက်နှာ ပိုပြဲတဲ့ပုံပေါက်စေလို့ပါပဲ။ ဒါ့အပြင် လည်စည်းပုဝါအသုံးပြုပေးလို့လည်း ရပါသေးတယ်။

ယောကျာ်းလေးစတိုင် အဝတ်အစားများ

ယောကျာ်းလေးစတိုင်ဖက်ရှင်တွေက မိန်းကလေးတွေကို ဆွဲဆောင်မှုရှိအောင် ကူညီပေးနိုင်တယ်ဆိုတာကို ကမ္ဘာကျော် နာမည်ကြီး ဖက်ရှင်ဒီဇိုင်နာတစ်ယောက်ဖြစ်တဲ့ Coco Chanel က သက်သေပြသွားခဲ့တာပါ။

နာရီ

နာရီကတော့ မရှိမဖြစ်အသုံးအဆောင်ပစ္စည်းတစ်မျိုးပါပဲ။ နာရီဝတ်ဆင်ခြင်းက ဖက်ရှင်ကျစေတဲ့အပြင် အချိန်ကိုလည်း တိတိကျကျသိနိုင်ပါတယ်။

ဒေါက်ဖိနပ်များ

ဒေါက်ဖိနပ်ရွေးချယ်တဲ့အခါ Platform ဒေါက်မြင့်တွေက ကျက်သရေရှိပြီး အလှတိုးစေတယ်ဆိုတာ တကယ်တော့ မဟုတ်ပါဘူး။ အဲ့ဒီဒေါက်အမျိုးအစားတွေက သင့်ခန္ဓာကိုယ်ကို အချိုးအစားမကျအောင် ပြုလုပ်နေပါတယ်။ ဒေါက်ဖိနပ်အချွန်များကသာ သင့်ခြေထောက်လေးကို သေးသွယ်အောင် ကူညီပေးမှာပါ။ ဒေါက်အချွန်ရွေးတဲ့အခါမှာလည်း ငြိမ်တဲ့ဒေါက်မျိုးကိုပဲ ရွေးချယ်ပေးပါ။

Source: Brightside.me