ခါးက အဆီကျဖို့ဆိုတာ အခက်ဆုံးပါပဲ။ နှစ်ပေါင်းများစွာ စုလာတဲ့ အဆီတွေကို လေ့ကျင့်ခန်း ၁ မျိုး ၂ မျိုးလောက် လုပ်ရုံနဲ့တော့ ကျသွားမှာမဟုတ်ပါဘူးနော်။

ဗိုက်ကအဆီတွေကျပြီး ခါးသွယ်စေဖို့အတွက် လေ့ကျင့်ခန်း ၁၀ မျိုးကို မျှဝေပေးသွားပါမယ်။

၁။ ဒီလေ့ကျင့်ခန်းက ဗိုက်သားက အဆီတွေကို ကျစေတဲ့ အကောင်းဆုံးလေ့ကျင့်ခန်းတစ်ခုပါပဲ။ အရင်ဆုံး လှဲနေပါ။ ပြီးရင် ဒူးနှစ်ဖက်ကို ကွေးပြီး အပေါ်မပါ။ လက်ကိုတော့ ခေါင်းနောက်မှာ ထားပေးပါ။ ခြေထောက်မလိုက်တဲ့အချိန်မှာ အသက်ရှုထုတ်ပေးပြီး ချလိုက်တဲ့အချိန်မှာ အသက်ရှုသွင်းပေးရမှာပါ။

စလုပ်တဲ့သူတွေအတွက် ၁၀ ကြိမ်ဖြစ်ပါတယ်။

၂။ ကျောကို လှဲနေလိုက်ပါ။ လက်ကိုနောက်ပစ်ထားပါ။ ဒူးကွေးပြီးခြေထောက်ကို ကိုကြမ်းပြင်ပေါ်ချထားပါ။ ပြီးရင် ခြေထောက်တစ်ဖက်ကို မပြီး တစ်ဖက်ကိုချထားပါ။ ဘယ်ဖက်ကိုမရင် ညာဖက်က လက်တစ်တောင်နဲ့ ထိအောင်လုပ်ပါ။ ညာဖက်ကမရင် ဘယ်ဖက်နဲ့ ထိရမှာဖြစ်ပါတယ်။ တစ်ဖက်တစ်ချက်ကို ၁၀ ကြိမ်ဆီဖြစ်ပါတယ်။

၃။ ကျောလှဲနေပါ။ ခြေထောက်နှစ်ဖက်ကို ကြက်ခြေခတ်ထားပါ။ လက်ကို နောက်ပစ်ထားပါ။ ပြီးရင် ခြေထောက်ကို အပေါ်မပေးပါ။ ခြေထောက်မမခင် အသက်ကို ပြင်းပြင်းရှုသွင်းပြီး မလိုက်တဲ့အချိန် အသက်ကို ရှုထုတ်ပါ။ ၁၂ ကြိမ်မှ ၁၅ ကြိမ်ထိဖြစ်ပါတယ်။

၄။ ကိုယ်ကို မတ်မတ်ထားရပ်ပါ။ ပြီးရင် ခြေထောက်တစ်ဖက်ကို ရှေ့ထုတ်ပြီး ပုံပါအတိုင်း တစ်ဖက်ကို အနောက်ပစ်ထားရမှာပါ။ ကျောကိုကို ဖြောင့်ဖြောင့်ပဲထားပါ။

၅။ ဒီလေ့ကျင့်ခန်းကတော့ ခဏခဏဖော်ပြနေတဲ့ လေ့ကျင့်ခန်းပါပဲ။ အခုပုံပါအတိုင်း စက္ကန့် ၃၀ လောက်နေရမှာပါ။ သတိထားရမှာက တင်နဲ့ ခန္တာကိုယ်အပေါ်ပိုင်း အောက်ပိုင်း တကိုယ်လုံး ဖြောင့်ဖြောင့်အနေအထားပဲ နေရမှာဖြစ်ပါတယ်။

၆။ အခုပုံမှာပြထားသလို လေးဘက်ထောက်အနေအထားနေပေးပါ။ ပြီးရင် အသက်ကို ခပ်ပြင်းပြင်းရှုသွင်းပါ။ အသက်ကို ခပ်ဖြေးဖြေးရှုထုတ်ပါ။ ၁၅ စက္ကန့်ကနေ စက္ကန့် ၃၀ ထိဖြစ်ပါတယ်။

၇။ ကိုယ်ကို မတ်မတ်နေပြီး ခြေထောက်ကို ဘေးနှစ်ဖက် နည်းနည်းကားလိုက်ပါ။ ခါးနဲ့ တင် ခြေထောက်တွေကို တစ်ဖြောင့်တည်းထားပါ။ ပြီးရင် ညာလက်ကို ညာဖက်ခါးမှာ ထောက်ပေးထားပြီး ဘယ်ဖက်လက်ကို အပေါ်မြောက်ကာ ညာဖက်ကို ကိုင်းပေးပါ။ ခါးပဲ ကိုင်းပေးရမှာပါ။ တင်နဲ့ ပေါင်မပါပါဘူး။ ၁၅ စက္ကန့်နေပေးပါ။ ပြီးရင် နဂိုအတိုင်းပြန်နေပြီး တစ်ဖက်ပြောင်းပေးပါ။ တစ်ဖက်ကို ၅ ကြိမ်ဆီပါ။

၈။ ခါးက အဆီကျစေဖို့ လမ်းလျှောက်ပေးပါ။ လမ်းလျှောက်ပေးတာဟာ ခါးကအဆီတွေကိုသာမက ခန္ဓာကိုယ်တစ်ခုလုံးက အဆီတွေကို လျှော့ကျစေပါတယ်။ အဲဒီနောက်မှာတော့ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အစားအစာကို စားပေးပါနော်။ တစ်ပတ်ကို ၄ ရက် ၅ ရက်လောက် အနည်းဆုံး မိနစ် ၃၀ ကနေ ၄၅ မိနစ်ထိလမ်းလျှောက်ပေးသင့်ပါတယ်။