တပတ်လုံးလုံး နေ့စဉ်ဝတ်နေရတဲ့ ရုံးတက်ဖက်ရှင်တွေကိုကြောင့် စိတ်ကြဉ်းကြပ်ငြီးငွေ့နေပြီလား? ကျွန်မတို့မိန်းကလေးတွေဟာ တပတ်တခါ ပိတ်ရက်လေးတွေမှာတော့ မိန်းမဆန်တဲ့ဖက်ရှင်တွေကို ခဏလောက်မေ့ထားပြီး ဒေါက်ဖိနပ်တွေကိုချွတ်ပစ်လို့ သက်တောင့်သက်သာရှိတဲ့ Sweatshirt လေး ဝတ်ပြီး တနေကုန်အိမ်က ဆိုဖာပေါ်မှာပဲ ခြေပစ်လက်ပစ် အနားယူပစ်ချင်စိတ်တွေ ရှိတတ်ကြမှာပါ။

လွတ်လပ်ပေါ့ပါးတဲ့ Sweatshirt လေးတွေကို သူငယ်ချင်းတွေနဲ့ အပြင်ထွက်တဲ့အခါမှာတင်မကဘဲ ချစ်သူနဲ့ ဒိတ်လုပ်တဲ့အခါကော ရုံးတက်ဖက်ရှင်အနေနဲ့ပါ ပေါ့ပေါ့ပါးပါးနဲ့ လန်းနိုင်ဖို့ ဒီအတွဲအဆက်ကလေးတွေကိုတော့ သိထားသင့်ပါတယ်။

၁။ တီရှပ်အဖြူ၊ ဂျင်းဘောင်းဘီ နဲ့ ဘလေဇာကုတ်

ဒီအတွဲအဆက်ဟာ ဆိုရင်တော့ ရုံးတက်ဖက်ရှင်အနေနဲ့ပါ ဝတ်ဆင်နိုင်ပါတယ်။ တီရှပ်အဖြူလေးကို ဂျင်းဘောင်းဘီထဲ ထည့်ဝတ်ပြီး ခါးပတ်သေးသေးလေးကို ပတ်လိုက်ရင်တော့ Business Casual Style စမတ်ကျကျဖြစ်သွားမှာပါ။

၂။ Skinny Jeans နဲ့ ဒေါက်ချွန်တဲ့ ဖိနပ်အမြင့်တွေ

Pastel Hue လို့ခေါ်တဲ့ အရောင်နု/ ဖျော့ကာလာ Sweatshirt အင်္ကျီလေးတထည်ရယ်၊ ပျိုမေတို့စိတ်ကြိုက် Skinny Denim ဂျင်းဘောင်းဘီ ကြပ်ကြပ်လေးတထည်ကို တွဲဝတ်ပြီး အောက်ကဒေါက်ချွန်ဖိနပ် ခပ်မြင့်မြင့်လေးကိုစီးလိုက်ရင် Sweatshirt တွေဟာ ဆွဲဆောင်မှုမရှိဘူးလို့ ဘယ်သူကငြင်းနိုင်တော့မှာလဲ။

၃။ Leather Skirt နဲ့ စကပ်ခပ်ကြပ်ကြပ်လေးတွေ

Graphic Sweatshirt နဲ့ Mini Skirt အတွဲအဆက်ကတော့ သက်တောင့်သက်သာနဲ့ စတိုင်ကျတဲ့သွင်ပြင်ကိုဖြစ်စေမှာအမှန်ပါပဲ။ ဒီအတွဲအဆက်ကတော့ အရောင်တွေကို သိပ်မကစားဘဲ အရောင်မှိုင်းတွေဖြစ်တဲ့ အနက်၊ မီးခိုးနဲ့ နက်ပြာရောင်တွေက အသင့်တော်ဆုံးပါ။ ဒေါက်မြင့်မြင့်ဖိနပ်လေးနဲ့ တွဲဖက်လိုက်ရင်တော့ ပေါ့ပါးပြီး အထာကျတဲ့ Night Out Fashion အဖြစ် လန်းနိုင်ပါတယ်။

၄။ Leather အသားကပ်ဘောင်းဘီနဲ့ High-Tops

ဒါကတော့ ခရီးသွားတဲ့အခါ လုံခြုံမှုရှိပြီး ပေါ့ပေါ့ပါးပါးနဲ့ စတိုင်ကျနေမယ့် အတွဲအဆက်ပါ။ Sneaker ဖိနပ်လေးတရံနဲ့ဆိုရင်တော့ လေဆိပ်ဖက်ရှင်အတွက်ပဲဖြစ်ဖြစ် Road Trip ဖက်ရှင်အတွက်ပဲဖြစ်ဖြစ် အသင့်တော်ဆုံးနဲ့ အလိုက်ဖက်ဆုံး ဖက်ရှင်ဖြစ်ပါတယ်။

၅။ Midi Skirt နဲ့ Strappy ဖိနပ်

မိန်းကလေးဆန်တာကို သဘောကျတဲ့ ပျိုမေတို့အတွက်ကတော့ ဒီအတွဲအဆက်လေးက သင့်တော်ပါတယ်။ Sweatshirt လေးတထည်ကို အတွန့်လေးတွေပါတဲ့ မတိုလွန်းမရှည်လွန်းတဲ့ Midi Skirt လေးနဲ့ တွဲဝတ်တဲ့အခါ ကြိုးတွေအများကြီးချည်ပြီးဝတ်ရတဲ့ Lace up shoes လေးက အလိုက်ဖက်ဆုံးပါ။ ပိုပြီး မိန်းကလေးဆန်တဲ့အသွင်မျိုးဖြစ်ဖို့ဆိုရင်တော့ လက်ကိုင်မပါတဲ့ လက်ပွေ့အိတ် clutch လေးကို ကိုင်နိုင်ပါတယ်။

၆။ အဖြူရောင် Denim ဂျင်းဘောင်းဘီနဲ့ အနက်ရောင်ဒေါက်ဖိနပ်

Sweatshirt တွေကိုလည်း ကြော့ကြော့မော့မော့နဲ့ စမတ်ကျတဲ့ အသွင်ဖြစ်အောင် ဝတ်ဆင်လို့ရတယ်ဆိုတာ ဒီအတွဲအဆက်က သက်သေပါပဲ။ အရိုးရှင်းဆုံးနဲ့ ဆွဲဆောင်မှုရှိတဲ့ အတွဲအဆက်ဖြစ်ပါတယ်။

၇။ Pencil Skirt နဲ့ Heels

ကတ္တီပါ နဲ့ စီးကွင့်တွေပါတဲ့ Sweatshirt တွေကို Pencil Skirt အကြပ်လေးနဲ့ တွဲဝတ်ပြီး ရုံးတက်ဖက်ရှင်ကို ဖန်တီးနိုင်ပါတယ်နော်။ ဒီဖက်ရှင်မှာ High Heels စီးဖို့တော့ မမေ့ပါနဲ့။