ဖိနပ်ကောင်းလေးတွေက ကိုယ့်ကိုကောင်းမွန်တဲ့နေရာရောက်အောင် ခေါ်ဆောင်ပေးနိုင်တယ်ဆိုတာ ယုံကြည်ပါသလား။ မိန်းကလေးတွေက ဖက်ရှင်ရေစီးကြောင်းတွေနောက်ကို လိုက်နေရတာနဲ့ပဲ ဈေးကြီးပေးဝယ်ရတဲ့ ဖိနပ်မှန်သမျှက လှပကြော့ရှင်းအောင်ကူညီပေးနိုင်တယ်လို့ ယူဆကြပါတယ်။

အကယ်၍ သင်က ဈေးကြီးပေးဝယ်ရပြီးတော့ သက်သောင့်သက်သာမဖြစ်တဲ့ ဖိနပ်တွေကို စီးနေတုန်းပဲဆိုရင်တော့ အခုဖော်ပြပေးမယ့် အကြောင်းအရာကို ဆက်လက်ဖတ်ရှုစေချင်ပါတယ်။

၁။ ပြိုးပြိုးပြက်ပြက် တလက်လက်တောက်ပနေသော ဖိနပ်

ကျောက်တွေ ဖန်စီတွေ စီခြယ်ထားတဲ့ဖိနပ်က တစ်ခေါက်၊ နှစ်ခေါက်ဝတ်ပြီးတာနဲ့ ကျောက်တွေကွာသွားပြီး အရည်အသွေးနိမ့်တဲ့ပုံစံပေါက်သွားပါတယ်။ အကယ်၍ သင်က တလက်လက်တောက်တဲ့ဖိနပ်ကို ကြိုက်တယ်ဆိုရင်တော့ ကျောက်တွေ ဖန်စီတွေ မကပ်ထားတဲ့ အရောင်တောက်တဲ့ ဖိနပ်မျိုးကိုသာ ရွေးချယ်စေလိုပါတယ်။

၂။ တပြေးညီဒေါက်ဖိနပ်အမြင့်

တပြေးညီဒေါက်မြင့်တွေက ဈေးကြီးတဲ့ပုံမပေါ်ပါဘူး။ ဒါ့ကြောင့် ပွဲတိုးစေတဲ့ ဒေါက်ချွန်လေးတွေကိုသာ ရွေးဝတ်ပါ။

၃။ အရောင်များလွန်းခြင်း

အရောင်တွေ များပြီး ရှုပ်ထွေးနေတဲ့ဖိနပ်က ဘယ်လောက်ပဲ ဈေးကြီးပေးဝယ်ထားပါစေ အပေါစားဆန်တဲ့ပုံပေါက်ပါတယ်။ ဒါ့ကြောင့် ၂ ရောင်ထက် ပိုပါတဲ့ ဖိနပ်ဝယ်ယူခြင်းကို ရှောင်ကြဉ်ပါ။

၄။ ဗြောင်ဖိနပ်များ

ဗြောင်သားရေဖိနပ်တွေက ပွန်းရာ ခြစ်ရာတွေ အလွယ်တကူဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် ဒီဇိုင်းတူတဲ့ ဖိနပ်ကိုပဲ Matte အရောင်၊ ထုံးခြောက်ရောင်၊ နို့နစ်ရောင်ဖိနပ်လေးတွေကို ရွေးချယ်ပါ။ ပိုပြီး ပွဲတိုးပြီး ဈေးကြီးတဲ့ပုံ ပေါ်ပါတယ်။

၅။ ကျားသစ်ကွက်ဖိနပ်

ကျားသစ်ကွက်ဖိနပ်တွေက လှပလွန်းတဲ့အတွက် သင့်ကိုမဝယ် ဝယ်ချင်အောင် ဆွဲဆောင်ပါလိမ့်မယ်။ ဒါပေမဲ့ အဲ့လိုဖိနပ်တွေက အဝတ်အစားရွေးတဲ့အတွက် ကိုယ်ဝတ်ဆင်တဲ့အဝတ်အစားနဲ့မလိုက်ရင် ဈေးကြီးပေးဝယ်ထားလည်း အလကားပါပဲ။ ညာဘက်ပုံကဖိနပ်လိုမျိုး ရွေးချယ်ဝယ်ယူပါ။

၆။ သက်သောင့်သက်သာမရှိတဲ့ဖိနပ်

ဆိုင်မှာစမ်းစီးကြည့်လို့ စီးရတာ ကြပ်နေရင်၊ လမ်းလျှောက်ရတာ အဆင်မပြေဖြစ်နေရင် ဘယ်လောက်ပဲကြိုက်ကြိုက် မဝယ်ပါနဲ့။ မိမိကို သက်သောင့်သက်သာဖြစ်စေမဲ့ ဖိနပ်ကိုသာ ရွေးချယ်ဝတ်ဆင်ပါ။

၇။ ဖိနပ်ဟောင်းများ

ကိုယ်သိပ်ကြိုက်တဲ့ဖိနပ်လေးက စီးတာများလာလို့ ဟောင်းသွားပြီဆိုရင် အရောင်တင်ပြီး ပြန်လည်ပြုပြင်ပေးပါ။ ဟောင်းနေတဲ့ဖိနပ်ကို စီးခြင်းက သင့်ကို ကြည့်ရဆိုးစေပါတယ်။

Source: Brightside.me