စာဖတ်သူတို့အနေနဲ့ တခါတလေ ကိုယ်လိမ်းလိုက်တဲ့မိတ်ကပ်က ဘာလို့ ဆွဲဆောင်မှုမရှိတာလဲလို့ ထင်မိချင်ထင်မိပါလိမ့်မယ်။ သင့်ကိုပိုပြီး ဆွဲဆောင်မှုရှိစေဖို့ မိတ်ကပ်လိမ်းနည်းတွေကို ပုံနဲ့အတူ မျှဝေပေးသွားပါမယ်။

၁။ Eyeliner ကို ခပ်မြင့်မြင့်လေးဆွဲပါ။

သင့်ကိုပိုဆွဲဆောင်မှုရှိစေဖို့ မိတ်ကပ်လိမ်းနည်း အမှားနဲ့ အမှန်

မျက်လုံးကို ကျယ်ကျယ်ဝံ့ဝံ့လေးဖြစ်စေဖို့အတွက် Eyeliner ဆိုးတဲ့အခါ အခုပုံမှာပြထားတဲ့အတိုင်း ၀င့်ဝင့်ကြွားကြွားလေးဖြစ်အောင် ဆွဲပါ။ Eyeliner ကို အပေါ်အောက်ဆွဲပေး ပြီးရင် Shadow ဆိုးပေးပါ။

၂။ ဖောင်ဒေးရှင်းကို မုန်မုန်လေးဖြစ်အောင် လိမ်းပါ။

ဖောင်ဒေးရှင်းလိမ်းတဲ့အခါမှာ တို့ဖတ်ကို မပွတ်ဘဲ ပုတ်ပုတ်ပြီး လိမ်းပေးပါ။

၃။ မျက်ကွင်းညိုတာကို ဖုံးပါ။

မျက်ကွင်းညိုတဲ့နေရာမှာ Concealer ပါးပါးလေးထည့်ပေးပါ။ Brush သုံးပြီးလိမ်းပေးပါ။

၎။ နှုတ်ခမ်းကို ပြည့်ပြည့်ဖူးဖူးလေးဖြစ်အောင်ဆိုးပါ။

နှုတ်ခမ်းကို ပြည့်ပြည့်ဖူးဖူးလေးဖြစ်စေဖို့အတွက် နုတ်ခမ်းနီကို ပြည့်ပြည့်ဖူးဖူးလေးဖြစ်အောင် ဆိုးပေးပါ။

၅။ မျက်လုံးကို ပိုပြီးကြီးသရောင်ဖြစ်အောင် ချယ်ပေးပါ။

မျက်လုံးအပေါ်နဲ့ အောက်ကို Liner ပြည့်ပြည့်ဖြစ်အေင်ဆိုးလိုက်ပါ။ မျက်လုံးထောင့်နဲ့ မျက်လုံးအောက်နားမှာ Shadow အရောင်ဖျော့ဖျော့လေးဆိုးပါ။

၆။ Mascara ကို ဒီလိုဆိုးမယ်။

Mascara ဆိုးတဲ့အခါမှာ အရမ်းထူထူကြီးမဆိုးပါနဲ့။ မျက်တောင်အောက်ခြေနားနဲ့ ဘေးနားတွေကို Mascara ဆိုးပေးပါ။

၇။ Liner ဆိုးတဲ့အခါ ဘေးထွက်ပီး ချွန်ချွန်လေး ဆွဲပေးပါ။

Eyeliner ကို ဆိုးတဲ့အခါမှာ မျက်ခမ်းထောင့်နားကနေ အပေါ်ကို ကော့ပြီး ရှည်ရှည်လေးဆွဲပေးပါ။