မင်္ဂလာပါရှင့်။ ဆွဲဆောင်မှုရှိဖို့ဆိုတာ လှတာထက် အပြုအမူနဲ့ ပိုပြီးသက်ဆိုင်ပါတယ်။ သင့်ရဲ့ Body Language နဲ့ သင်ရဲ့ ကျင့်ဝတ်တွေက သင်ဘယ်လိုလူမျိုးဖြစ်တယ်ဆိုတာကို သတ်မှတ်ပေးတဲ့နေရာမှာ အရေးပါပါတယ်။ သင့်ကို ဆွဲဆောင်မှုလျော့စေတဲ့အပြုအမူ ၇ ခုကို မျှဝေပေးချင်ပါတယ်။

စိတ်ဖိစီးမှု

Source: medstarharbor.org

စိတ်ဖိစီးမှု ရှိသူတို့ဟာ အဓိကအားဖြင့် ဆွဲဆောင်မှုသိပ်မရှိကြပါဘူး။ စိတ်ဖိစီးမှုဟော်မုန်းများတာဟာ ခါးနာတာ ပင်ပန်းနွမ်းနယ်တာ ကိုယ်အလေးချိန်တက်တာတွေကို ဖြစ်စေပြီး ဝက်ခြံနဲ့ အိပ်မပျော်တဲ့ဝေဒနာဖြစ်စေသလို ဆွဲဆောင်မှုလည်း လျော့စေပါတယ်။

Body Language

Source: VideoHive

Body Language ဆိုတာကတော့ ခန္တာကိုယ်ကနေ စကားပြောသလို ပြောတဲ့ ပုံကိုဆိုလိုပါတယ်။ လက်နှစ်ဖက်ကို ကြက်ခြေခတ်ပြတာ ပုခုံးနှစ်ဖက်ကို ကျုံ့ပြတာ စတာတဲ့ တချို့ Body Language တွေက သင့်ကို ဆွဲဆောင်မှုလျော့စေပါတယ်။

မရိုးသားခြင်း

Source: additudemag.com

လူတစ်ယောက်ကိုလိမ်တာ မရိုးသားတာဟာ ဆွဲဆောင်မှုမရှိဆုံး လက္ခဏာရပ်တစ်ခုဖြစ်ပါတယ်။ သုတေသနပြုချက်အရ မကြာခဏဆိုသလို မရိုးသားစိတ်နဲ့ လိမ်လည်သူတွေဟာ တခြားသူတွေနဲ့ မိတ်ဆွေဖြစ်တာလွယ်ပေမယ့် မိတ်ဆွေစစ်ဖြစ်တာရှားပါတယ်။

ပျင်းရိခြင်း

Source: dailyactive.info

လုပ်ငန်းရှင်တွေအတွက်တော့ အလုပ်လုပ်တဲ့ကျင့်ဝတ်နဲ့ ကြည့်မယ်ဆိုရင် ပျင်းရိတဲ့သူတွေဟာ ဆွဲဆောင်မှုမရှိကြပါဘူး။ အထူးသဖြင့် ကိုယ့်အလုပ်ကိုယ် ပြီးအောင်မလုပ်ဘဲ ပျင်းနေတဲ့သူတွေဟာ အလုပ်လည်းမမြဲသလို မိတ်ဆွေလည်းရှားပါတယ်။

အိပ်ရေးမဝခြင်း

Source: VideoBlocks

အိပ်ရေး၀၀မအိပ်ရတာဟာ တနေကုန် ပင်ပန်းနေပြီး စိတ်ခံစားမှုလည်း မကောင်းမွန်နိုင်ပါဘူး။ သူတို့တွေဟာ ဆွဲဆောင်မှုမရှိသူတွေထဲမှာပါဝင်ပါတယ်။

ဟာသဉာဏ်မရှိခြင်း (သို့)မပျော်တတ်ခြင်း

Source: American Women’s Club of Amsterdam

လူတွေနဲ့ ပျော်ပျော်မနေတတ်ဘူး ဟာသဉာဏ်မရှိဘူးဆိုရင် သင့်ကို လူတွေက သိပ်ပြီးခင်မင်စေမှာမဟုတ်ပါဘူး။ အဲလိုအမူအကျင့်တွေဟာ ဆွဲဆောင်မှုမရှိတဲ့ အမူအကျင့်တစ်ခုဖြစ်ပါတယ်။

ကိုယ်သင်းနံ့

Source: Style Samba

ကိုယ်သင်းနံ့မွှေးရမယ်လို့တော့ မဆိုလိုပေမယ့် သင်ဟာ တကိုယ်ရည်သန့်ရှင်းမှုမရှိဘဲ ကိုယ်သင်းနံ့ နံနေမယ်ဆိုရင်တော့ လူတွေက သင့်အနားမှာ နေချင်ကြမှာမဟုတ်ပါဘူး။ ကိုယ်သင်းနံ့ကလည်း ဆွဲဆောင်မှုတစ်ခုပါပဲ။