အသားအရေလေးနူးညံ့ပျော့ပျောင်းပြီး ချောမွေ့နေဖို့အတွက် ပိုက်ဆံအများကြီး အကုန်ခံပြီး အလှပြင်ဆိုင်သွားမှ Skincare တွေ အများကြီး ဝယ်ပြီး ဂရုစိုက်ရုံနဲ့ မလုံလောက်ပါဘူး။ သင်နေ့စဉ် ပြုလုပ်နေကြဖြစ်တဲ့ အလေ့အကျင့်လေးတွေကိုလည်း ဂရုစိုက်ပေးရမှာပါ။

၁။ မျက်နှာသစ်ပြီးနောက် မျက်နှာသုတ်ခြင်း

မျက်နှာသုတ်ပုဝါနဲ့ ကြမ်းကြမ်းတမ်းတမ်း မျက်နှာသစ်ခြင်းက မျက်နှာ အသားအရည်ကို ထိခိုက်ပျက်စီးစေပါတယ်။ မျက်နှာသစ်ပုဝါနဲ့ မပွတ်လိုက်ဘဲ ထိတယ်ဆိုရုံလေးပဲ ထိလိုက်ပါ၊ ပြီးမှ လေနဲ့ သူ့ဘာသာသူ ခြောက်သွားပါစေ။

၂။ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံ သိပ်မစားခြင်း

ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံ တစ်မျိုးချင်းစီက အသားအရည်ကျန်းမာနေဖို့အတွက် ပြုလုပ်ပေးပါတယ်။

၃။ အသားအရည်ရဲ့ အပြစ်အနာအဆာများကို ဖုံးကွယ်ထားခြင်း

မျက်တွင်းဟောက်ပက်ဖြစ်ပြီး မျက်ကွင်းညိုခြင်း၊ အမဲစက်နဲ့ ဝက်ခြံများပေါက်ခြင်းတွေက အိပ်ရေးမဝခြင်း၊ ကျန်းမာရေးဂရုမစိုက်ခြင်းနဲ့ နေထိုင်မှုပုံစံမှားယွင်းနေခြင်းတို့ကြောင့် ဖြစ်ပေါ်တာပါ။ အမဲစက်နဲ့ ဝက်ခြံများကို သေချာမကုသဘဲနဲ့ မိတ်ကပ်တွေ Concealer တွေနဲ့ ဖုံးအုပ်ထားခြင်းက ရည်ရှည်အတွက် မကောင်းပါဘူး။

၄။ အိပ်ရာခင်းနဲ့ ခေါင်းအုံးစွပ်များကိုလည်း တစ်ပတ်တစ်ခါ လဲပေးပါ

ခေါင်းအုံးစွပ်နဲ့ အိပ်ရာခင်းမှာ ကပ်ညှိနေတဲ့ အညစ်အကြေးနဲ့ ဖုန်မှုန့်များက အရေပြားဆဲလ်လေးတွေကို အဆိပ်အတောက်ဖြစ်စေပါတယ်။

၅။ အိပ်တဲ့အခါ ဆံပင်နဲ့ မျက်နှာ ထိခြင်းမှ ရှောင်ကြဉ်ပါ

ဆံပင်မှာ မျက်နှာအသားအရည်ကို ထိခိုက်ပျက်စီးစေတဲ့ အညစ်အကြေးနဲ့ ချေးညှော်များ ရှိတာကြောင့်မို့လို့ ဆံပင်ရှည်တဲ့ သူများအနေနဲ့ အိပ်တဲ့အခါမှာ မျက်နှာနဲ့ ဆံပင်မထိကပ်အောင် သတိထားသင့်ပါတယ်။

၆။ မျက်နှာကို မကြာခဏ Scrub လုပ်ပြီး ကြေးချွတ်ခြင်း

မျက်နှာအရေပြားရဲ့ အပေါ်ယံလွှာကို ထိခိုက်ပျက်စီးစေမဲ့ Scrub တွေ အသုံးပြုမဲ့အစား ချွေးပေါက်တွေမှာ ကပ်ငြိနေတဲ့ အညစ်အကြေးများကို ဖယ်ရှားပေးမဲ့ အက်စက်ဓာတ်ပါဝင်တဲ့ အလှကုန်အမျိုးအစားများကိုသာ ရွေးချယ်သင့်ပါတယ်။

၇။ အရေးအကြောင်းမဖြစ်အောင် ကူညီပေးတဲ့ ခရင်မ်များကိုသာ အသုံးပြုခြင်း

အရေးအကြောင်း ပျောက်တဲ့ ခရင်မ်တွေကို လိမ်းပေးတာနဲ့ လုံလောက်ပြီလို့ ထင်တတ်ကြပါတယ်။ တကယ်တော့ နေ့စဉ်ပုံမှန်ဆိုသလို အသားအရည်ကို အစိုဓာတ်ထိန်းသိမ်းထားဖို့ လိုအပ်ပါတယ်။ အသားအရည်အစိုဓာတ်ရရှိလေ အရေးအကြောင်းဖြစ်ပေါ်မှု နှောင့်နှေးလေပါပဲ။

Source: Brightside.me