၂၀၁၇ ခုနှစ်ရဲ့စစ်တမ်းအရ ၁၇ သန်းသောအမျိုးသမီးတွေက မျက်နှာနဲ့လည်ပင်းက အသားအရေမတွဲကျအောင်လို့ Botox ထိုးလေ့ရှိကြပါတယ်။ သဘာဝနည်းလမ်းများနဲ့လည်း အသားအရေတင်းရင်းအောင် ထိန်းသိမ်းထားနိုင်ပါသေးတယ်။ ဒါပေမဲ့ သဘာဝနည်းလမ်းနဲ့ဆိုရင် အချိန်အများကြီး ကြာမှာဖြစ်သလို စိတ်ရှည်ဖို့လည်း လိုအပ်ပါတယ်။

အခုဖော်ပြပေးမယ့် သဘာဝနည်းလမ်းလေးတွေက သင့်အသားအရေကို လျော့တိလျော့ရဲနဲ့တွဲကျခြင်းမှ ကာကွယ်ပေးနိုင်တဲ့အပြင် ကျန်းမာရေးအတွက် လည်း အထောက်အကူဖြစ်စေမှာပါ။

သကြားပမာဏကို ကန့်သတ်ပါ

သကြားအမြောက်အမြားစားသုံးခြင်းက အသားအရေတွဲကျခြင်းနဲ့ အရေးအကြောင်းများဖြစ်ပေါ်စေပါတယ်။ တစ်နေ့တာအတွက် လူတစ်ယောက် လိုအပ်တဲ့ သကြားပမာဏကတော့ ၆ ဇွန်းပဲဖြစ်ပါတယ်။ ဒါပေမဲ့ အခြားအစားအသောက်ထဲမှာလည်း သကြားပါဝင်တဲ့အတွက်ကြောင့် သင့်ရဲ့ မနက်ခင်းကော်ဖီထဲမှာ သကြားထည့်ခြင်းကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။

အုန်းဆီလိမ်းပါ

အုန်းဆီပမာဏနည်းနည်းကို မနက်မိုးလင်းတာနဲ့ မျက်နှာပေါ် လိမ်းပေးပါ။ ညဘက်အိပ်ရာဝင်ခါနီးမှာတော့ ပမာဏနှစ်ဆခန့်လိမ်းပေးပါ။ မျက်နှာကို လိမ်းပြီးတဲ့နောက်မှာလည်း လည်ပင်းကိုပါ တစ်ခါတည်းလိမ်းပေးဖို့မမေ့ပါနဲ့။ အုန်းဆီလိမ်းပေးခြင်းဖြင့် အသားအရေကို ရေဓာတ်ပြည့်ဝစေပြီး ချွေးပေါက်များကျဉ်းစေကာ အရေးအကြောင်းများကိုလည်း တားဆီးပေးပါတယ်။

Antioxidants ကြွယ်ဝသော သစ်သီးများစားသုံးပါ

အရေပြားက ခန္ဓာကိုယ်မှာအကြီးမားဆုံးအင်္ဂါအစိတ်အပိုင်းတစ်ခုပါ။ ဘလူးဘယ်ရီသီး၊ စတော်ဘယ်ရီသီး၊ ဟင်းနုနွယ်ရွက်၊ ကိုက်လန်ရွက်၊ ပဲနီလေးစတဲ့ Antioxidants ကြွယ်ဝတဲ့အစားအစာများစားသုံးခြင်းက အလှကုန်ပစ္စည်းများ လိမ်းခြယ်ရခြင်းကြောင့် ပျက်စီးရတဲ့အသားအရေကို ပြန်လည် ပြုပြင်ပေးပါတယ်။

မျက်နှာသစ်ပါ

မနက်နိုးလာတာနဲ့ မျက်နှာသစ်မယ်၊ ညဘက်အိပ်ရာမဝင်ခင်မှာလည်း မိတ်ကပ်ဖျက်ပြီး မျက်နှာသစ်ပြီးမှ အိပ်ရာဝင်ရပါမယ်။ မျက်နှာသစ်ဆေးကိုလည်း ရေဓာတ်ကိုအခြေခံထုတ်လုပ်ထားတဲ့ မျက်နှာသစ်ဆေးကိုအသုံးပြုပါ။ ဒါ့အပြင် မျက်နှာကြေးချွတ်ခြင်းကို မနက်ပိုင်းမှာ မပြုလုပ်ပါနဲ့။ ကြေးချွတ်တာကို တစ်ပတ် တစ်ကြိမ်၊ နှစ်ကြိမ်ခန့်ပြုလုပ်ပေးရင်လုံလောက်ပါပြီ။ မလိုအပ်ဘဲနဲ့ မျက်နှာကြေးချွတ်တဲ့အခါ အသားအရေယားယံခြင်းကို ဖြစ်စေနိုင်လို့ပါ။

ဇွန်းနဲ့ လေ့ကျင့်ခန်းလုပ်မယ်

မနက်အိပ်ရာထတဲ့အချိန်နဲ့ ညအိပ်ရာမဝင်ခင်အချိန်မှာ အခုဖော်ပြပေးမယ့်လေ့ကျင့်ခန်းကို လုပ်ပေးမယ်ဆိုရင် မျက်နှာနဲ့ လည်ပင်းအသားအရေကို တင်းရင်းလှပစေတဲ့အပြင် သွေးလှည့်ပတ်မှုကိုလည်း ကောင်းမွန်စေပါတယ်။ သန့်ရှင်းတဲ့ဇွန်းအရှည်တစ်ချောင်းကိုယူပါ။ နှုတ်ခမ်းအလယ်တည့်တည့်မှာထားပြီး နှုတ်ခမ်းနဲ့ကိုက်ထားပါ။ မေးရိုးအသုံးပြုပြီး ဇွန်းကို မလိုက်ပါ။ ၅ စက္ကန့်၊ ၁၀ စက္ကန့်ခန့် ဇွန်းမလျက် အသားလေးပြုံးထားပါ။ ပြီးရင် ၁၀ စက္ကန့်ခန့် သက်သောင့်သက်သာ နားလိုက်ပါ။ အဲ့ဒီနောက်မှာ ၁၀ ကြိမ်ခန့် ထပ်မံပြုလုပ်ပေးလိုက်ပါ။

ကြက်ဥအကာနဲ့ ပျားရည်ရောပြီး ပေါင်းတင်မယ်

ကြက်ဥတစ်လုံးရဲ့အကာနဲ့ ပျားရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းကို သမအောင်ရောမွှေပြီးနောက် မျက်နှာနဲ့ လည်ပင်းပေါ် အသာအယာသုတ်လိမ်းလိုက်ပါ (နူးညံ့တဲ့ မျက်လုံးကိုတော့ မလိမ်းမိပါစေနဲ့) မိနစ် ၂၀ ကြာတဲ့နောက်မှာ ရေအေးနဲ့ မျက်နှာသစ်လိုက်ပါ။ တစ်ပတ် တစ်ကြိမ်ပေါင်းတင်ပေးပါ။ ပျားရည်မှာ Antioxidants တွေ ကြွယ်ဝစွာပါဝင်ပြီး မျက်နှာပေါ်က အညစ်အကြေးကိုဖယ်ရှားပေးကာ အသားအရည်ထဲထိစိမ့်ဝင်နိုင်တဲ့ အစွမ်းသတ္တိ ရှိပါတယ်။ ကြက်ဥအကာကတော့ အရေးအကြောင်းနဲ့ အသားအရေလျော့တိလျော့ရဲဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်။

Source: Brightside.me