မိတ်ကပ် – Make Up | မျက်လုံး – Eyes | လက်သည်း – Nails | အလှအပ – Beauty

အလုပ်များတဲ့ ပျိုမေလေးတွေအတွက် အချိန်တိုအတွင်း အလှပြင်နိုင်မယ့် နည်းလမ်းလေးတွေ

December 5, 2018

အလုပ်များတဲ့ ပျိုမေလေးတွေအတွက် အချိန်တိုအတွင်း အလှပြင်နိုင်မယ့် နည်းလမ်းလေးတွေ

Share this on:

အားလုံးပဲ မင်္ဂလာပါ။ မိန်းကလေးအများစုက အလှပြင်ခြင်းကို ကြိုက်နှစ်သက်ကြပါတယ်။ အလှပြင်လိုက်တဲ့အခါ ကိုယ့်ရဲ့ရှိရင်းစွဲအလှထက် ပိုလှပြီး ပိုကြည့်ကောင်းသွားတဲ့အခါ ကိုယ့်ကိုယ်ကိုယုံကြည်မှု ပိုတိုးလာလို့ပါပဲ။

တစ်ခါတလေအလုပ်များတဲ့ရက်တွေ၊ အိပ်ရာထနောက်ကျတဲ့ရက်တွေမှာ မျက်နှာပြောင်နဲ့ ကျောင်းသွား၊ ရုံးသွားရတဲ့နေ့တွေလည်း ရှိမှာပဲနော်။ မြန်မြန်ဆန်ဆန်အလှပြင်လို့ရမယ့် ဖြတ်လမ်းနည်းတွေကိုသာ သိထားမယ်ဆိုရင် ပျိုမေလေးတို့ မျက်နှာပြောင်ကြီးနဲ့ အပြင်သွားစရာမလိုတော့ဘူးနော်။

မျက်လုံးမိတ်ကပ် မြန်မြန်ဆန်ဆန်ပြင်ဆင်ခြယ်သနည်း

မျက်တောင်ကော့စက်ရဲ့ အပေါ်အတွင်းပိုင်းကို မျက်လုံးခြယ်တဲ့ခဲတံလေးနဲ့ အခုလိုပဲ ခြယ်လိုက်မယ်၊ ပြီးရင် မျက်တောင်ကော့တဲ့အချိန်မှာ အပေါ်မျက်ခွံလေးနဲ့ တစ်ခါတည်း ဖိကပ်ထားလိုက်မယ်ဆိုရင် မျက်တောင်ကော့ပြီးသားလည်းဖြစ်၊ Eyeliner ခြယ်ပြီးသားလည်းဖြစ်သွားတာပေါ့။

အင်္ကျီမှာ မိတ်ကပ်တွေ မပေကျံအောင်လို့ အင်္ကျီဘယ်လိုဝတ်ရမလဲ

မိတ်ကပ်တွေ အကုန်ပြင်ဆင်ခြယ်သပြီးကာမှ အင်္ကျီထပ်ဝတ်လိုက်လို့ မိတ်ကပ်ပျက်သွားမယ်ဆိုရင် စိတ်ညစ်ရမှာပေါ့။ အဝတ်အစားအဖြူရောင်လေးတွေဆိုလည်း နှုတ်ခမ်းနီပေသွားရင် ဘယ်ကြည့်ကောင်းတော့မလဲနော်။ အဲ့ဒါဆိုရင် စက္ကူအိတ်အကြီးတစ်လုံးကို ခေါင်းပေါ်မှာစွပ်ပေးလိုက်ပြီး အခုလိုပဲ အင်္ကျီဝတ်ပေးလိုက်ပါ။

Smokey မျက်လုံးခြယ်တဲ့အခါ

အပေါ်မျက်ခွံနဲ့ အောက်မျက်ခမ်းစပ်တွေကို မျက်လုံးခြယ်တဲ့ခဲတံလေးနဲ့ ခြယ်ပေးပြီး ဘရက်ရှ်သေးသေးလေးနဲ့ ပွတ်ပေးလိုက်ပါ။ ပြီးရင် အပေါ်မျက်တောင်မွှေးနဲ့ အောက်မျက်တောင်မွှေးတွေကို မျက်တောင်ကော့ဆေးလိုက်ထည့်ပေးလိုက်ပါ။ ဒါဆိုရင်တော့ ဆယ်စက္ကန့်အတွင်းမှာ ညှို့အားပြင်းတဲ့ Smokey မျက်လုံးလေးပိုင်ဆိုင်နိုင်ပြီပေါ့။

နှာခေါင်းချွန်ပြီး သေးသွယ်သယောင်ဖန်တီးမယ်

မျက်ခုံးမွှေးဆွဲတဲ့ ခဲတံလေးနဲ့ နှာခေါင်းပေါ်မှာ အရာပေးလိုက်ပါ။ ပြီးရင် ကွန်ဆီလာနဲ့ ဖောင်ဒေးရှင်းအသုံးပြုပြီး နှာခေါင်းချွန်တဲ့ပုံပေါ်အောင် ပြင်ဆင်ခြယ်သနိုင်ပါတယ်။

အလက်လက်တွေပါတဲ့ လက်သည်းနီကို အမြန်ဖျက်နည်း

အလက်လက်လက်သည်းနီလေးတွေက ဆိုးထားရင် အင်မတန်လှသလောက် ဖျက်ရတဲ့အခါ အချိန်ကြာပြီး ဖျက်ရခက်ပါတယ်။ ဂွမ်းစလေးတွေကို လက်သည်းဖျက်ဆေးထဲ နှစ်လိုက်ပြီး လက်သည်းနီပေါ်တင်ထားလိုက်ပါ။ ပြီးရင် ခဲဖတ်လေးတွေနဲ့ လက်ချောင်းလေးကို အခုလိုပဲ ပိတ်ထားပြီး မိနစ်အနည်းငယ်ကြာရင် ဖွင့်လိုက်ပါ။ အားစိုက်ထုတ်စရာမလိုဘဲ အလက်လက်လေးတွေ ပျက်သွားပါလိမ့်မယ်။

အနာကပ် ပလာစတာအကူအညီနဲ့ လက်သည်းနီဆိုးမယ်

အရင်ဆုံး လက်သည်းအပေါ်ပိုင်းနည်းနည်းချိန်ထားပြီး ပလာစတာရဲ့ကွေးနေတဲ့ အနေအထားအတိုင်း ဒေါင်လိုက်ကပ်လိုက်ပါ။ ကိုယ်ဆိုးချင်တာ အဖြူရောင်ဆို အဖြူရောင်၊ ဒါမှမဟုတ်အဝါရောင် မိမိကြိုက်နှစ်သက်ရာဆိုးပေးပြီးရင် ပလာစတာခွာလိုက်ပါ။ ဆိုးထားတဲ့ လက်သည်းနီခြောက်သွားပြီဆိုမှ လက်သည်းအကြည်ရောင်ထပ်ဆိုးပေးလိုက်ပါ။

Source: Brightside.me

Review

User Rating

2.5 (4 Votes)
error: Alert: Copyright © 2018. MyStyle Myanmar