အားလုံးပဲ မင်္ဂလာပါ။ ဖက်ရှင် မဂ္ဂဇင်းတွေမှာဆိုရင် ပိန်ပိန်ပါးပါး မော်ဒယ်လေးတွေကပဲ အဝတ်အစားအသစ်တွေကို စတိုင်လ်ကျကျဝတ်ပြီး ယုံကြည်ချက်အပြည့်နဲ့ လှပနေကြတာပဲ မြင်ဖူးကြမှာပါ။ အဲ့လို မြင်ရပါများလာတော့ မော်ဒယ်မလေးတွေလို ပိန်ပါးမှ ခန္ဓာကိုယ်ကျစ်လျစ်သေးသွယ်မှ ဖက်ရှင်ကျမယ်လို့ ထင်တတ်ကြပါတယ်။

တကယ်တော့ ဖက်ရှင်ကျတယ်ဆိုတာ ခန္ဓာကိုယ် ပိန်ခြင်း၊ ဝခြင်းနဲ့ မသက်ဆိုင်ဘဲ ဖက်ရှင်အမြင်ရှိဖို့နဲ့ စတိုင်လ်ကျကျဝတ်ဖို့ပဲ လိုအပ်တာပါ။ ဒါ့ကြောင့် ခန္ဓာကိုယ်ပြည့်တဲ့ ကောင်မလေးတွေလည်း ကိုယ်ကြပ်ဂျင်းဘောင်းဘီလေးနဲ့ ဘယ်လိုဖက်ရှင်ကျနိုင်မလဲဆိုတဲ့ နည်းလမ်းလေးတွေကို ဝေမျှပေးလိုက်ချင်ပါတယ်။

မှန်ကန်တဲ့ ဆိုဒ်ရွေးချယ်ပါ

ကိုယ်နဲ့ မတော်ဘဲ သေးနေတဲ့ ဆိုဒ်ရွေးချယ်ခြင်း ရှောင်ကြဉ်ပါ။ ကိုယ့်ဘောင်းဘီဆိုဒ်က ဘယ်လောက်ကြီးနေပါစေ ဘယ်သူမှ ဆိုဒ်နံပါတ်ကို မြင်တာမဟုတ်လို့ ကိုယ့်ဘောင်းဘီနဲ့ ယုံကြည်ချက်ရှိရှိဖက်ရှင်ကျနိုင်ပါတယ်။

ချက်အောက်ကို လျှောဝတ်ရတဲ့ ဘောင်းဘီမျိုးမဟုတ်ဘဲ ခါးအပေါ်တက်ဝတ်ရတဲ့ ဂျင်းဘောင်းဘီများကို ရွေးချယ်ပါ

ဒါဆိုရင်တော့ ဗိုက်ကအဆီတွေကို သူများတွေ မြင်မှာမဟုတ်တော့ပါဘူး။

ဂျင်းဘောင်းဘီအရောင်ကို သေချာရွေးပါ

အရောင်ဖျော့တဲ့ ဂျင်းဘောင်းဘီတွေမဟုတ်ဘဲ အပြာရင့်ရင့် ဂျင်းတွေက သင့်ခန္ဓာကိုယ်ကို ပိုပြီး သေးသွယ်သယောင်ဖန်တီးပေးပါတယ်။

အင်္ကျီအထပ်အထပ်လေးတွေကို ခန္ဓာကိုယ်နဲ့ လိုက်ဖက်အောင် တီထွင်ပြီး ဝတ်တတ်ပါစေ

ဥပမာ ကြိုးတစ်ချောင်းအင်္ကျီကို အပေါ်က အင်္ကျီအပါးထပ်ဝတ်တာတို့ အောက်က အင်္ကျီအပါးလေးကိုမှ အပေါ်က ဆွယ်တာတို့ ဂျက်ကတ်ထပ်ဝတ်ပေးတာမျိုးတို့ ပြုလုပ်ပါ။

ခါးအလှ ပေါ်လွင်အောင် ဝတ်ဆင်ပါ

ခါးမှာ အရှုံ့လေးတွေပါတဲ့ အင်္ကျီဝတ်ဆင်ခြင်း၊ ခါးပတ် ပတ်ခြင်း၊ အပေါ်ဝတ်အင်္ကျီကို ခါးမှာ ချီခြင်းတို့ကို ပြုလုပ်ပြီး သဲနာရီခန္ဓာကိုယ်လေးဖြစ်အောင် ဖန်တီးလိုက်ပါ။

နောက်ဆုံးအချက်အနေနဲ့ မိမိနဲ့ လိုက်ဖက်တဲ့ ဖိနပ်အမျိုးအစား ရွေးချယ်ဝတ်ဆင်ခြင်းတို့ပဲ ဖြစ်ပါတယ်။

Source: Brightside.me