MyStyle Myanmar ရဲ့ စာဖတ်သူတွေထဲမှာ ခွေးလေးတွေကို ချစ်ကြတဲ့သူတွေရှိမယ်ထင်ပါတယ်နော်။ ခွေးနဲ့ လူကြား ဆက်ဆံရေးကတော့ နွေးထွေးရင်းနှီးလွန်းလှတဲ့ ဆက်ဆံရေးပါ။ ကျွန်မတို့တွေရဲ့ နှလုံးသားချင်း နီးစပ်လွန်းကြတာကြောင့်လည်း ခွေးဆိုတာ ကျွန်မတို့နဲ့ အနီးဆုံး သတ္တဝါဖြစ်နေတာပေါ့ရှင့်။ သင့်အချစ်ဆုံးခွေးလေးတွေကို မလုပ်သင့်တဲ့အချက် (၆) ချက်ကိုမျှဝေပေးချင်ပါတယ်။

၁။ ကားထဲမှာ မထားခဲ့ပါနဲ့

သင်မပါဘဲ သူ့ကို ကားထဲမှာ တစ်ကောင်တည်းမထားခဲ့ပါနဲ့။ အဲဒီလိုထားခဲ့တာဟာ သူတိုပအတွက် အန္တရာယ်များပါတယ်။ ခဏပဲဆိုရင်တော့ကိစ္စမရှိပေမယ့် အချိန်ကြာလာရင် အပူချိန်မမှန်တာမျိုးဖြစ်နိုင်လို့ သင့်ခွေးလေးက ရုန်းထွက်ဖို့ ကြိုးစားမိမှာဖြစ်ပါတယ်။

၂။ သင့်ခွေးတွေကို အစားအလွန်အကျွံမကျွေးပါနဲပ

သင့်ခွေးလေးတွေကို အစားအလွန်အကျွံမကျွေးပါနဲ့။ အဲဒီလိုကျွေးတာဟာ သင့်ခွေးရဲ့ ကျန်းမာရေးအတွက်လည်းမကောင်းသလို ကိုယ်အလေးချိန်လည်းတက်စေပါတယ်။

၃။ သူတို့ရဲ့ သွားလေးတွေကို ဂရုစိုက်ပါ

သူတို့ရဲ့ သွားလေးတွေကို ဂရုစိုက်ပေးပါ။ ပိုင်ရှင်အများအားဖြင့် ခွေးလေးတွေရဲ့ သွားတွေကို သိပ်ဂရုမစိုက်မိကြပါဘူး။ ဒ့ါကြောင့် သွားလေးတွေကို သန့်ရှင်းရေးလုပ်ပေးဖို့ ရေတိုက်ဖို့မမေ့ပါနဲပ။

၎။ သင့်ခွေးလေးအတွက် အန္တရာယ်ရှိတဲ့ အစားအစာကို မကျွေးပါနဲ့

သင့်ခွေးနဲ့ မတည့်တဲ့အစားအစာ၊ ဘီယာတို့၊ အရက်တို့ မတိုက်ပါနဲ့။ ခွေးနဲ့မတည့်တဲ့ အစားအစာတွေ အများကြီးရှိပါတယ်နော်။ ဒါ့ကြောင့် သင့်ခွေးနဲ့ မတည့်တဲ့ အစားအစာတွေကို မကျွေးမိပါစေနဲ့။

၆။ လမ်းအတူတူ လျှောက်ကြတဲ့အခါ သင့်ဦးဆောင်မှုနောက်ကလိုက်ခိုင်းပါ

ခွေးလေးနဲ့အတူတူ လမ်းလျှောက်ထွက်ကြတဲ့အခါ သင့်ဦးဆောင်မှုနောက်က (သို့) သင့်ဘေးက လိုက်ခိုင်းပါ။ သူကရှေ့ကနေသွားပြီး ပြေးတာမျိုးမလုပ်ခိုင်းပါနဲ့။ သင့်ခွေးလေးက နည်းနည်းဆိုးတယ်ဆိုရင် ကြိုးလေးခြည်ထားပေးပါနော်။