ဖက်ရှင် – Fashion | ဖက်ရှင်ဆိုင်ရာ – Fashion Trends

အနီရောင်က ဘာလို့မိန်းကလေးတိုင်းရဲ့ အနှစ်သက်ဆုံးအရောင်ဖြစ်နေရတာလဲ

April 15, 2018

အနီရောင်က ဘာလို့မိန်းကလေးတိုင်းရဲ့ အနှစ်သက်ဆုံးအရောင်ဖြစ်နေရတာလဲ

Share this on:

လူတိုင်းလူတိုင်းမှာ ကိုယ်ကြိုက်နှစ်သက်တဲ့ အရောင်ဆိုတာရှိတတ်ကြပေမယ့်လည်း တချို့အရောင်တွေကတော့ ၀တ်ဆင်လိုက်သူရဲ့ အသွင်ကို ပြီးပြည့်စုံစေပါတယ်။ ဘယ်အရောင်က ဘာအတွက်ရယ်၊ ဘယ်လိုအချိန်တွေမှာ ဘယ်လိုအရောင်တွေကို ၀တ်ရမလဲဆိုတာကို သိသလိုပဲ ထိုအထဲမှာမှ အနီရောင်ကတော့ သိသိသာသာနဲ့ ထင်ရှားနေပါတယ်။

အနီရောင်ဟာ အမျိုးသမီးစုအများအပြားရဲ့ အကြိုက်ဆုံးအရောင်တွေထဲမှာ တစ်ခုအပါအ၀င်ဖြစ်ပြီး နေရာအများအပြားမှာလည်း တွင်တွင်ကျယ်ကျယ်အသုံးပြုလာတာကို တွေ့မြင်မိမှာပါ။

၁။ ဆွဲဆောင်မှုရှိတဲ့ အသွင်ကိုပေးစွမ်းနိုင်ခြင်း

Source: hawtcelebs.com

အနီရောင်နှုတ်ခမ်းနီက လူအများရဲ့အမြင်မှာ အထင်းသားရှိစေပြီး ဆိုးလိုက်တဲ့အချိန်မှာ သင့်ကို ဆွဲဆောင်မှုရှိတဲ့အသွင်ပေးစွမ်းပြီး မျက်နှာကိုလည်း ထင်ပေါ်မှုရှိစေမှာပါ။

၂။ မည်သည့်ပွဲလမ်းသဘင်တွင်မဆို အလှဆုံးနဲ့ အပေါ်လွင်ဆုံးဖြစ်စေခြင်း

Source: The Loop

ယနေ့အချိန်မှာ အနီရောင်က အထင်ရှားဆုံး အရောင်တစ်ခုဖြစ်နေတာကြောင့် ပွဲလမ်းသဘင်တစ်ခုမှာဆိုရင် ဖိနပ်ဖြစ်စေ၊ ၀တ်စုံဖြစ်စေ အနီရောင်ကတော့ မပါမဖြစ်ပါ။

၃။ ကိုယ့်ကိုကိုယ်ယုံကြည်မှုအပြည့်ရှိသည့် အသွင်ကိုပေါ်လွင်စေခြင်း

Source: Glamour UK

အနီရောင်က ကိုယ့်ရဲ့အသွင်အပြင်အပေါ် ညို့ဓာတ်ကိုပါ ပေါင်းထည့်ပေးနိုင်ပြီး မည်သည့်ပွဲတွင်မဆို ဆွဲဆောင်မှုအပြည့်ရှိနေစေမှာပါ။ ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်ရှိသူများအတွက် အနီရောင်ကအလိုက်ဖက်ဆုံးပါပဲ။

၎။ ဆွဲဆောင်မှုအပြည့်ရှိစေခြင်း

Source: POPSUGAR Australia

အရေးကြီးတဲ့ ပွဲတစ်ခုခုတက်တဲ့အခါမှာ အခြားအရောင်အသွေးအစုံအလင်ကို မြင်တွေ့နေကြဖြစ်ပေမယ့်လည်း အနီရောင်ဝတ်စုံပြည့်ဝတ်ဆင်မယ်ဆိုရင်တော့ မိန်းကလေးတွေထဲမှာ စတိုင်အပြည့်ဆုံးနဲ့ ဆွဲဆောင်မှုအရှိဆုံးဖြစ်နေမှာပါ။

၅။ မည်သည့်အရောင်နဲ့မဆို တွဲဖက်ဝတ်ဆင်နိုင်ခြင်း

အပြာနဲ့အနီ၊ အ၀ါနဲ့အနီ၊ အစိမ်းနဲ့အနီ စသဖြင့် အရောင်အမျိုးမျိုးနဲ့ လိုက်ဖက်ညီစွာ ပေါင်းစပ်ဝတ်ဆင်နိုင်ပေမယ့် အနီနဲ့အနက်၊ အနီနဲ့အဖြူတို့ကတော့ အကောင်းဆုံးတွဲစပ်မှုတစ်ခုပါပဲ။

၆။ မင်္ဂလာဆောင်ဝတ်စုံ

Source: jenneferwilson.pass.us

မင်္ဂလာဆောင်များတွင်လည်း အနီရောင်က အလွန်အသုံးများပါတယ်။ သတို့သမီးတစ်ဦးဝတ်ဆင်တဲ့ အရောင်တွေထဲမှာ အဖြူပြီးရင် အနီကရှေ့ပြေးနေတာပါ။ တစ်သက်မှာတစ်ခါတည်းလုပ်ရတဲ့ပွဲမှာ သတို့သမီးတွေအလှဆုံးနဲ့ အပေါ်လွင်ဆုံးဖြစ်နေဖို့အတွက် အကောင်းဆုံးပါပဲ။

Source: www.confusedsandals.com

Review

User Rating

0 (0 Votes)