[Zawgyi]

မ်က္ခံုးေမႊးထူထူေလးေတြကို မိန္းကေလးတုိင္း ပိုင္ဆိုင္ခ်င္ၾကပါတယ္။ ကံေကာင္းတဲ့မိန္းကေလးေတြက်ေတာ့လည္း ေမြးရာပါမ်က္ခံုးေမႊးေကာင္းၾကတာေပါ့။ အကယ္၍ သင္က မ်က္ခံုးေမႊးပါးတဲ့သူတစ္ေယာက္ဆိုရင္ေတာ့ အားမငယ္ပါနဲ႔ေတာ့၊ မ်က္ခံုးေမႊးေလးေတြကို သဘာဝအတိုင္းထူထဲလာေစမယ့္ နည္းလမ္းေလးေတြရွိပါတယ္။

ဗက္ဆလင္းနဲ႔ေပါင္းတင္မယ္

မိတ္ကပ္ဖ်က္ၿပီးေနာက္မ်ာ ဗက္ဆလင္းကို မ်က္ခံုးေမႊးေပၚ သုတ္လိမ္းလိုက္ပါ။ ဗက္ဆလင္းကို ၾကက္ဆူဆီ (သို႔) သံလြင္ဆီ (သုိ႔) ရွားေစာင္းလက္ပတ္ဂ်ယ္ (သို႔) ႏြားႏို႔ စတာေတြနဲ႔လည္း ေရာလိမ္းေပးရင္လည္း အာနိသင္ပိုမိုေကာင္းမြန္မွာျဖစ္ပါတယ္။

ႏြားႏို႔နဲ႔ေပါင္းတင္မယ္

ႏြားႏို႔မွာ ပ႐ိုတိန္းဓာတ္၊ ဗီတာမင္ဘီ၊ လက္တစ္အက္ဆစ္န႔ဲ ကယ္လစီယမ္ဓာတ္တို႔ ပါဝင္တာေၾကာင့္ မ်က္ခံုးေမႊးထူထဲလာေအာင္ ပံ့ပိုးေပးပါတယ္။ ဝါဂြမ္းစေလးကို ႏြားႏို႔ထဲ ႏွစ္လိုက္ၿပီး မ်က္ခံုးေမႊးေပၚသုတ္လိမ္းလိုက္ပါ။ မ်က္ခံုးေမႊးေပၚက ႏြားႏို႔ေျခာက္သြားေတာ့မွ ပံုမွန္သံုးေနက် မ်က္ႏွာသစ္ေဆးနဲ႔ ေဆးခ်လိုက္ပါ။

သဘာဝဆီမ်ားနဲ႔ ေပါင္းတင္မယ္

ဘူးအေသးေလးတစ္ခုထဲမွာ အုန္းဆီနဲ႔ ၾကက္ဆူဆီကုိ ဆတူေရာၿပီး ေထာပတ္သီးအဆီ လက္ဖက္ရည္ဇြန္းတစ္ဇြန္းခန္႔ ေပါင္းထည့္လိုက္ပါ။ အဆီေတြ ေသခ်ာပ်ံ႕ႏွံ႕သြားေအာင္ ဘူးကို လႈပ္ခါလိုက္ပါ။ ၿပီးရင္ လက္ေခ်ာင္းေလးမ်ားနဲ႔ပဲျဖစ္ျဖစ္ မ်က္ေတာင္ေကာ့ဘရက္ရွ္အသံုးျပဳၿပီးပဲျဖစ္ျဖစ္ မ်က္ခံုးေပၚသုတ္လိမ္းလိုက္ပါ။

ဂ်ယ္နဲ႔ေပါင္းတင္မယ္

ရွားေစာင္းလက္ပတ္ဂ်ယ္ လက္ဖက္ရည္ဇြန္း တစ္ဇြန္း၊ ၾကက္ဆူဆီလက္ဖက္ရည္ဇြန္း ၂ ဇြန္း၊ ဗီတာမင္အီး ၂ ေတာင့္ တို႔ကို ေရာလိုက္ပါ။ မ်က္ခံုးေမႊးေပၚကို အိပ္ရာမဝင္ခင္သုတ္လိမ္းလိုက္ပါ။ မနက္ မ်က္ႏွာသစ္ရင္ ေဆးခ်လိုက္လို႔ရပါၿပီ။

ၾကက္ဥအႏွစ္နဲ႔ေပါင္းတင္မယ္

ၾကက္ဥအႏွစ္မွာ မ်က္ခံုးေမႊးမ်ားကို ရွည္းလ်ားထူထဲေစတဲ့ ဗီတာမင္နဲ႔ သတၲဳဓာတ္တို႔ ႂကြယ္ဝစြာပါဝင္ပါတယ္။ ၾကက္ဥတစ္လံုးရဲ႕အႏွစ္ကို မ်က္ခံုးေမႊးေပၚမွာ သုတ္လိမ္းလုိက္ပါ။ ၁၅ မိနစ္၊ မိနစ္ ၂၀ ၾကာတဲ့အခါ ေရေဆးခ်လိုက္ပါ။

အေပၚကနည္းလမ္းေတြထဲက မိမိႀကိဳက္ႏွစ္သက္ရာနည္းလမ္းကို မွန္မွန္အသံုးျပဳေပးမယ္ဆိုရင္ သင့္မ်က္ခံုးေမႊးေလး ျမန္ျမန္သန္စြမ္းၿပီး ထူထဲလာတာကို ေတြ႔ရမွာပါ။ ေနာက္ဆံုးအေနနဲ႔ မျဖစ္မေနျပဳလုပ္ေပးသင့္တဲ့ အခ်က္ကေတာ့ အာဟာရမွ်တစြာစားျခင္းပဲျဖစ္ပါတယ္။ ေဆာ္လမြန္ငါး၊ သစ္သီး၊ ဥအမ်ိဳးမ်ိဳး၊ ၾကက္သြန္နီ၊ အသားအမ်ိဳးမ်ိဳး၊ ေျမပဲ စတဲ့ ပ႐ိုတိန္းဓာတ္၊ ဗီတာမင္ဓာတ္နဲ႔ အမိုင္ႏိုအက္စစ္တို႔ႂကြယ္ဝစြာပါဝင္တဲ့ အစားအစာမ်ားကို စားသံုးျခင္းေပးမယ္ဆိုရင္ေတာ့ မ်က္ခံုးေမႊးလွလွေလးေတြကို ပိုင္ဆိုင္ႏိုင္ၿပီေပါ့။

Source: Brightside.me

[Unicode]

မျက်ခုံးမွှေးထူထူလေးတွေကို မိန်းကလေးတိုင်း ပိုင်ဆိုင်ချင်ကြပါတယ်။ ကံကောင်းတဲ့မိန်းကလေးတွေကျတော့လည်း မွေးရာပါမျက်ခုံးမွှေးကောင်းကြတာပေါ့။ အကယ်၍ သင်က မျက်ခုံးမွှေးပါးတဲ့သူတစ်ယောက်ဆိုရင်တော့ အားမငယ်ပါနဲ့တော့၊ မျက်ခုံးမွှေးလေးတွေကို သဘာဝအတိုင်းထူထဲလာစေမယ့် နည်းလမ်းလေးတွေရှိပါတယ်။

ဗက်ဆလင်းနဲ့ပေါင်းတင်မယ်

မိတ်ကပ်ဖျက်ပြီးနောက်မျာ ဗက်ဆလင်းကို မျက်ခုံးမွှေးပေါ် သုတ်လိမ်းလိုက်ပါ။ ဗက်ဆလင်းကို ကြက်ဆူဆီ (သို့) သံလွင်ဆီ (သို့) ရှားစောင်းလက်ပတ်ဂျယ် (သို့) နွားနို့ စတာတွေနဲ့လည်း ရောလိမ်းပေးရင်လည်း အာနိသင်ပိုမိုကောင်းမွန်မှာဖြစ်ပါတယ်။

နွားနို့နဲ့ပေါင်းတင်မယ်

နွားနို့မှာ ပရိုတိန်းဓာတ်၊ ဗီတာမင်ဘီ၊ လက်တစ်အက်ဆစ်နဲ့ ကယ်လစီယမ်ဓာတ်တို့ ပါဝင်တာကြောင့် မျက်ခုံးမွှေးထူထဲလာအောင် ပံ့ပိုးပေးပါတယ်။ ဝါဂွမ်းစလေးကို နွားနို့ထဲ နှစ်လိုက်ပြီး မျက်ခုံးမွှေးပေါ်သုတ်လိမ်းလိုက်ပါ။ မျက်ခုံးမွှေးပေါ်က နွားနို့ခြောက်သွားတော့မှ ပုံမှန်သုံးနေကျ မျက်နှာသစ်ဆေးနဲ့ ဆေးချလိုက်ပါ။

သဘာဝဆီများနဲ့ ပေါင်းတင်မယ်

ဘူးအသေးလေးတစ်ခုထဲမှာ အုန်းဆီနဲ့ ကြက်ဆူဆီကို ဆတူရောပြီး ထောပတ်သီးအဆီ လက်ဖက်ရည်ဇွန်းတစ်ဇွန်းခန့် ပေါင်းထည့်လိုက်ပါ။ အဆီတွေ သေချာပျံ့နှံ့သွားအောင် ဘူးကို လှုပ်ခါလိုက်ပါ။ ပြီးရင် လက်ချောင်းလေးများနဲ့ပဲဖြစ်ဖြစ် မျက်တောင်ကော့ဘရက်ရှ်အသုံးပြုပြီးပဲဖြစ်ဖြစ် မျက်ခုံးပေါ်သုတ်လိမ်းလိုက်ပါ။

ဂျယ်နဲ့ပေါင်းတင်မယ်

ရှားစောင်းလက်ပတ်ဂျယ် လက်ဖက်ရည်ဇွန်း တစ်ဇွန်း၊ ကြက်ဆူဆီလက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ ဗီတာမင်အီး ၂ တောင့် တို့ကို ရောလိုက်ပါ။ မျက်ခုံးမွှေးပေါ်ကို အိပ်ရာမဝင်ခင်သုတ်လိမ်းလိုက်ပါ။ မနက် မျက်နှာသစ်ရင် ဆေးချလိုက်လို့ရပါပြီ။

ကြက်ဥအနှစ်နဲ့ပေါင်းတင်မယ်

ကြက်ဥအနှစ်မှာ မျက်ခုံးမွှေးများကို ရှည်းလျားထူထဲစေတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တို့ ကြွယ်ဝစွာပါဝင်ပါတယ်။ ကြက်ဥတစ်လုံးရဲ့အနှစ်ကို မျက်ခုံးမွှေးပေါ်မှာ သုတ်လိမ်းလိုက်ပါ။ ၁၅ မိနစ်၊ မိနစ် ၂၀ ကြာတဲ့အခါ ရေဆေးချလိုက်ပါ။

အပေါ်ကနည်းလမ်းတွေထဲက မိမိကြိုက်နှစ်သက်ရာနည်းလမ်းကို မှန်မှန်အသုံးပြုပေးမယ်ဆိုရင် သင့်မျက်ခုံးမွှေးလေး မြန်မြန်သန်စွမ်းပြီး ထူထဲလာတာကို တွေ့ရမှာပါ။ နောက်ဆုံးအနေနဲ့ မဖြစ်မနေပြုလုပ်ပေးသင့်တဲ့ အချက်ကတော့ အာဟာရမျှတစွာစားခြင်းပဲဖြစ်ပါတယ်။ ဆော်လမွန်ငါး၊ သစ်သီး၊ ဥအမျိုးမျိုး၊ ကြက်သွန်နီ၊ အသားအမျိုးမျိုး၊ မြေပဲ စတဲ့ ပရိုတိန်းဓာတ်၊ ဗီတာမင်ဓာတ်နဲ့ အမိုင်နိုအက်စစ်တို့ကြွယ်ဝစွာပါဝင်တဲ့ အစားအစာများကို စားသုံးခြင်းပေးမယ်ဆိုရင်တော့ မျက်ခုံးမွှေးလှလှလေးတွေကို ပိုင်ဆိုင်နိုင်ပြီပေါ့။

Source: Brightside.me